ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၁၁ စာ. ၃
  • ‘ဘုရားသခင့်အလိုတော် ပြည့်စုံပါစေ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ဘုရားသခင့်အလိုတော် ပြည့်စုံပါစေ’
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ရဲ့ ဩတ္တပ္ပစိတ်ကို ကာကွယ်စောင့်ရှောက်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • “အချိန်တန်အစာ”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • သိရှိရာတွေကို မမေ့ဘဲ ကျင့်သုံးပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • နားထောင်ပြီး သင်ယူပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နဓ ၁၂/၁၁ စာ. ၃

‘ဘုရားသခင့်အလိုတော် ပြည့်စုံပါစေ’

၁။ ၂၀၁၂ လုပ်ငန်းတော်နှစ်၊ အထူးစည်းဝေးပွဲနေ့အစီအစဉ်ရဲ့ အဓိကအကြောင်းအရာက ဘာလဲ။ အဲဒီအကြောင်းကို သုံးသပ်ဖို့ ဘာကြောင့် သင့်လျော်သလဲ။

၁ ယေဟောဝါရဲ့အလိုတော်ကြောင့် ကျွန်ုပ်တို့ ဖန်ဆင်းခံရတာပါ။ (ဗျာ. ၄:၁၁) ဒါကြောင့် ဘုရားသခင်အကြောင်း မသင်ယူဘဲ၊ ကိုယ်တော့်အလိုတော် မဆောင်ဘဲ ကျွန်ုပ်တို့အသက်ရှင်ရတဲ့ ရည်ရွယ်ချက်ကို အထမြောက်စေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီလိုလုပ်ဖို့ဆိုတာလည်း ထင်သလောက် မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ “ကိုယ်ကာယနှင့် စိတ်အလိုဆန္ဒ” အတိုင်း ဒါမှမဟုတ် “လောကသားတို့၏ အလိုအတိုင်း” လိုက်ချင်တဲ့စိတ်ကို တွန်းလှန်နေရလို့ပါပဲ။ (ဧ. ၂:၃; ၁ ပေ. ၄:၃; ၂ ပေ. ၂:၁၀) ကျွန်ုပ်တို့ဟာ ဘုရားသခင့် အကူအညီမရဘူးဆိုရင် “မာရ်နတ်၏အလိုကို လိုက်စေရန် ဖမ်းချုပ်ခံရ” မယ့် ကျော့ကွင်းထဲကိုတောင် ကျရောက်သွားနိုင်ပါတယ်။ (၂ တိ. ၂:၂၆) ယေရှု သင်ပေးခဲ့တဲ့ ဆုတောင်းချက်ထဲမှာ အဓိကအချက် သုံးချက်ပါတယ်။ “ဘုရားသခင့်အလိုတော် ပြည့်စုံပါစေ” ဆိုတဲ့အချက်က ၂၀၁၂ လုပ်ငန်းတော်နှစ်၊ အထူးစည်းဝေးပွဲနေ့ရဲ့ အဓိကအကြောင်းအရာဖြစ်ပြီး အဲဒီအချက်နဲ့အညီ လုပ်ဆောင်နိုင်ဖို့ ဒီစည်းဝေးပွဲက ကူညီပေးပါလိမ့်မယ်။—မ. ၆:၉၊ ၁၀။

၂။ အစီအစဉ်အတွင်းမှာ ဘယ်မေးခွန်းတွေကို ဖြေဆိုပေးမလဲ။

၂ ဖြေဆိုပေးမယ့် မေးခွန်းများ–  အစီအစဉ်ကို နားထောင်နေရင်း ဒီမေးခွန်းတွေရဲ့ အဖြေတွေကို သိအောင်လုပ်ပါ– ဘုရားသခင့်စကားတော်ကို ကြားနာခြင်းနဲ့ ထပ်တူထပ်မျှ အရေးကြီးတာက ဘာလဲ။ ကျွန်ုပ်တို့အတွက် ဘုရားသခင့်အလိုတော်ကို ဘယ်လိုနည်းနဲ့ ဆက်သိမြင်နေနိုင်မလဲ။ လူအမျိုးမျိုးတို့ကို ကူညီဖို့ ဘာကြောင့် တလိုတလားရှိသင့်သလဲ။ အဓိပ္ပာယ်ပြည့်ဝပြီး ကျေနပ်စရာကောင်းတဲ့ဘဝကို ဘယ်လိုရရှိနိုင်သလဲ။ လူငယ်တို့၊ ယေဟောဝါရှေ့မှာ ဘာကို သက်သေပြဖို့ လိုအပ်သလဲ။ ဘုရားသခင့်အလိုတော်ဆောင်ခြင်းက ဘာဆုကျေးဇူးတွေ ရရှိစေသလဲ။ တခြားသူတွေကို တည်ဆောက်ပေးဖို့နဲ့ အားပေးဖို့ ဘာကြောင့် အရေးတကြီး လိုအပ်နေသလဲ။

၃။ အထူးစည်းဝေးပွဲအစီအစဉ်ကနေ ဘယ်လို အကျိုးအပြည့်အဝ ရယူနိုင်သလဲ။

၃ အစီအစဉ်ကို တက်ရောက်ပြီး အာရုံစိုက်နားထောင်ပါ။ ဗေသလကိုယ်စားလှယ်တစ်ဦး ဒါမှမဟုတ် နယ်လှည့်ကြီးကြပ်မှူးက ဧည့်ဟောပြောသူအဖြစ် ရှိနေနိုင်ပါတယ်။ အစီအစဉ်မတိုင်ခင်နဲ့ ပြီးတဲ့နောက် ဧည့်ဟောပြောသူက အိမ်ထောင်သည်ဖြစ်မယ်ဆိုရင် သူနဲ့ သူ့ဇနီးဆီသွားပြီး လွတ်လွတ်လပ်လပ် စကားပြောဆိုပါ။ အိမ်ပြန်ရောက်တဲ့အခါ “ကြားနာ၍ မေ့လျော့သောသူ” မဖြစ်အောင် ဘုရားသခင့်အလိုတော်နဲ့အညီ ဒီထက်မက ဘယ်လိုလုပ်ဆောင်နိုင်သလဲဆိုတာ မိသားစုလိုက် ပြန်လည်သုံးသပ်ပြီး ဆွေးနွေးပါ။—ယာ. ၁:၂၅။

၄။ ဘုရားသခင့်အလိုတော်ကို အဓိကထားလုပ်ဆောင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၄ ကိုယ့်အလိုဆန္ဒနောက် လိုက်သူတွေနဲ့ ယေဟောဝါရဲ့အလိုတော်အတိုင်း လုပ်ဆောင်ဖို့ ငြင်းပယ်တဲ့သူတွေဟာ မကြာခင်မှာ ဖျက်ဆီးခံရပါတော့မယ်။ (၁ ယော. ၂:၁၇) ဒါကြောင့် ဘုရားသခင့်အလိုတော်ကို အဓိကထားလုပ်ဆောင်ဖို့ ထောက်ကူပေးမယ့် အချက်အလက်တွေကို အချိန်မီ ပြင်ဆင်ပေးတဲ့အတွက် ယေဟောဝါကို ကျွန်ုပ်တို့ ကျေးဇူးတင်ကြပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ