သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၁၊ ဒီဇင်ဘာ ၂၆ ရက်မှာစတင်မယ့် အပတ်အတွင်း သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှာ သုံးသပ်မှာဖြစ်တယ်။
၁။ ကျွန်တော်တို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ လူတစ်ယောက်ကို ထပ်ပြီး ဒေါသဆွမိတာမျိုး မဖြစ်မိအောင် သုတ္တံ ၃၀:၃၂ ပါအကြံပေးချက်က ဘယ်လိုကူညီပေးနိုင်မလဲ။ [က၈၇-E ၅/၁၅ စ. ၃၀ ပိုဒ်. ၁၁; က၀၉ ၅/၁၅ စ. ၅ ပိုဒ်. ၃]
၂။ ဘယ်လို “ရွှင်လန်းခြင်း” မျိုးက လူတစ်ယောက်ကို ကျေနပ်မှုမပေးနိုင်တာလဲ။ (ဒေ. ၂:၁) [န ၄/၀၆ စ. ၆ ပိုဒ်. ၁-၂]
၃။ ကံကြမ္မာကိုယုံဖို့ ပြောနေတာလို့ လူတချို့ ယူဆကြတဲ့ ဒေသနာ ၃:၁-၉ ပါ ရှောလမုန်ရဲ့စကားတွေကို ဒေသနာ ၉:၁၁ က ဘယ်လိုရှင်းလင်းစေသလဲ၊ ဘဝဖြစ်ရပ်တိုင်းကို ကံကြမ္မာက မဆုံးဖြတ်ပေးဘူးဆိုတာကိုလည်း ဘယ်လိုဖော်ပြသလဲ။ [က၀၉ ၃/၁ စ. ၄ ပိုဒ်. ၄]
၄။ ‘လွန်ကျူးစွာဖြောင့်မတ်’ ရင် ဘာအန္တရာယ်ရှိသလဲ။ (ဒေ. ၇:၁၆) [က၁၀ ၁၀/၁၅ စ. ၉ ပိုဒ်. ၈-၉]
၅။ အိမ်ထောင်ပြုဖို့ စဉ်းစားနေသူတွေဟာ ဘဝလက်တွဲဖော်ကို အလျင်စလို မရွေးချယ်သင့်ဘူးဆိုတာ ရှောလမုန်သီချင်း ၂:၇ က ဘယ်လိုဖော်ပြသလဲ။ [က၀၆ ၁၁/၁၅ စ. ၁၉ ပိုဒ်. ၁; က၈၀-E ၄/၁၅ စ. ၁၉ ပိုဒ်. ၇]
၆။ ရှုလမိတ်ရဲ့ “နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်” ပြီး “လျှာအောက်မှာ နို့နှင့်ပျားရည်ရှိ” တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ (သီချင်း. ၄:၁၁) [က၀၆ ၁၁/၁၅ စ. ၁၉ ပိုဒ်. ၆]
၇။ “အံ့သြဖွယ်တိုင်ပင်ဘက်၊” “တန်ခိုးကြီးသော ဘုရားသခင်၊” “ထာဝရအဘ” ဆိုတဲ့ ဘွဲ့တွေက ယေရှုရဲ့အရည်အသွေးတွေနဲ့ ကိုယ်တော့်အုပ်ချုပ်မှုအောက် ကမ္ဘာသစ်အကြောင်း ဘာဖော်ပြသလဲ။ (ဟေရှာ. ၉:၆) [က၉၁ ၄/၁၅ စ. ၆ ပိုဒ်. ၁]
၈။ ယနေ့အချိန်မှာ ဘယ်သူတွေကို “အဓမ္မလူမျိုး [အယူဖောက်ပြန်သော၊ ကဘ]” အစ္စရေးတွေနဲ့ နှိုင်းယှဉ်နိုင်သလဲ။ သူတို့ကို ဖျက်ဆီးဖို့ ယေဟောဝါက သူ့ရဲ့ “လှံတံ” အဖြစ် ဘယ်သူတွေကို သုံးမလဲ။ (ဟေရှာ. ၁၀:၅၊ ၆) [ip-1 စ. ၇၁ ပိုဒ်. ၄-၅; စ. ၇၅ ပိုဒ်. ၂၀]
၉။ ဗာဗုလုန်မြို့မှာ “ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှ မနေရ” ဆိုတဲ့ ဟေရှာယရဲ့ ကြိုဟောချက်က ဘာကြောင့် မှတ်သားထိုက်သလဲ၊ အဲဒီအချက် ပြည့်စုံမှုက ယနေ့ ကျွန်တော်တို့အချိန်မှာ ဘာကို စိတ်ချစေသလဲ။ (ဟေရှာ. ၁၃:၁၉၊ ၂၀) [န ၁၁/၀၇ စ. ၉ ပိုဒ်. ၄-၅]
၁၀။ ယေရှုက “ဒါဝိဒ်မင်းမျိုး၏ တံခါးသော့ကို” ဘယ်အချိန်မှာ ရခဲ့တာလဲ၊ အဲဒီသော့ကို သူ ဘယ်လိုသုံးနေသလဲ။ (ဟေရှာ. ၂၂:၂၂) [က၀၉ ၁/၁၅ စ. ၃၁ ပိုဒ်. ၂]