ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၁၁ စာ. ၁
  • မျိုးစေ့ အပင်ပေါက်ကြီးထွားလာဖို့ ရေလောင်းရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မျိုးစေ့ အပင်ပေါက်ကြီးထွားလာဖို့ ရေလောင်းရ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—စိတ်ဝင်စားသူတွေကို ရေးမှတ်ထားပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ပြန်လည်ပတ်နိုင်ဖို့ လမ်းခင်းထားပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • ပြန်လည်ပတ်မှုများပြုလုပ်ရန် ရဲစွမ်းသတ္တိရှိပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • မည်သည့်အချိန်တွင် စိတ်ဝင်စားသူများထံ ပြန်သွားမည်နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နဓ ၁၁/၁၁ စာ. ၁

မျိုးစေ့ အပင်ပေါက်ကြီးထွားလာဖို့ ရေလောင်းရ

၁။ ပုံဆောင်နဲ့ပကတိမျိုးစေ့ အပင်ပေါက်ကြီးထွားလာဖို့ဘာလုပ်ပေးရမလဲ။

၁ ရေလောင်းပေးမှသာ မျိုးစေ့အပင်ပေါက်ကြီးထွားလာမှာဖြစ်တယ်။ ရပ်ကွက်မှာရှိတဲ့လူတွေရဲ့နှလုံးထဲ အမှန်တရားမျိုးစေ့ကြဲပြီးနောက် အပင်ပေါက်ကြီးထွားလာဖို့ဆိုရင်လည်း အလားတူပါပဲ။ (၁ ကော. ၃:၆) အဲဒီပုံဆောင်မျိုးစေ့ကို အမြစ်တွယ်၊ ကြီးထွားပြီး ရှင်သန်နေစေချင်တယ်ဆိုရင် ပြန်လည်ပတ်ပြီး ကျမ်းစာပါအမှန်တရားရေ လောင်းပေးရမှာဖြစ်တယ်။

၂။ နောက်တစ်ကြိမ်လည်ပတ်မှုကို အိမ်ရှင်စိတ်ဝင်စားအောင် ဘာလုပ်နိုင်သလဲ။

၂ မေးခွန်းတစ်ခု မေးခဲ့ပါ– တင်ဆက်မှုပြင်ဆင်တဲ့အခါ စိတ်ဝင်စားစရာမေးခွန်းတစ်ခုကိုလည်း ထည့်ပြီးပြင်ဆင်ပါ၊ အဲဒီမေးခွန်းရဲ့အဖြေကို ပြန်လည်ပတ်တဲ့အခါ ပြောပြနိုင်တယ်။ ဦးဆုံးတွေ့ဆုံပြီး ပြန်ထွက်လာခါနီး အဲဒီမေးခွန်းကို မေးခဲ့ပါ၊ ပြီးနောက် ပြန်သွားဖို့အတွက် အသေအချာစီစဉ်ပါ။ ကြေညာသူများစွာက သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ထဲက အကြောင်းအရာတစ်ခုခုကိုရွေးချယ်တဲ့အခါ အကျိုးဖြစ်ထွန်းတာကို တွေ့ရှိကြတယ်။ အကြောင်းကတော့ ကျမ်းစာသင်အံမှုလုပ်ပုံကို ပြပေးနိုင်တဲ့အတွက် ဖြစ်တယ်။

၃။ ဦးဆုံးအကြိမ်တွေ့ဆုံပြီးနောက် ဘာတွေကို မှတ်သားထားနိုင်သလဲ။

၃ မှတ်တမ်းထားပါ– ဦးဆုံးအကြိမ်တွေ့ပြီး ပြန်ထွက်လာတာနဲ့ချက်ချင်းပဲ ရေးမှတ်ဖို့အချိန်ယူပါ။ အိမ်ရှင်ရဲ့နာမည်နဲ့ လိပ်စာအပြင် သူနဲ့စကားပြောခဲ့တဲ့ နေ့စွဲနဲ့ အချိန်၊ သင်ပြောခဲ့တဲ့အကြောင်းအရာနဲ့ ဝေငှခဲ့တဲ့စာပေတွေကို မှတ်ထားသင့်တယ်။ သူ ဘာ,ဘာသာကို ကိုးကွယ်သလဲ။ သူ့မှာ မိသားစုရှိသလား။ သူ ဘာအကြောင်း စိတ်ဝင်စားသလဲ။ ဒီလိုအချက်အလက်တွေက နောက်ပြန်သွားတဲ့အခါ ထိရောက်မှုရှိတဲ့လည်ပတ်မှုဖြစ်အောင် ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင်၊ သင် ပြန်လာမယ်လို့ပြောထားတဲ့အချိန်နဲ့ သင် ပြန်အဖြေပေးမယ်လို့ပြောခဲ့တဲ့မေးခွန်းကိုလည်း ချရေးထားပါ။

၄။ စိတ်ဝင်စားမှုပြတဲ့သူတွေဆီလည်ပတ်တဲ့အခါ ဘာကြောင့် ဇွဲရှိဖို့လိုအပ်သလဲ။

၄ ဇွဲရှိပါ– စာတန်က လူတွေရဲ့နှလုံးထဲမှာရှိနေတဲ့ “တရားစကားတော်ကို နုတ်ယူ” ဖို့ အဆက်မပြတ်ကြိုးစားနေတယ်။ (မာ. ၄:၁၄၊ ၁၅) ဒါကြောင့် ပြန်သွားတဲ့အခါ စိတ်ဝင်စားသူကို အိမ်မှာတွေ့ဖို့ခက်နေတယ်ဆိုရင် လက်မလျှော့လိုက်ပါနဲ့။ သူ့ဆီ စာရေးနိုင်မလား ဒါမှမဟုတ် တံခါးဝမှာ မှတ်ချက်တိုလေး ထားခဲ့နိုင်မလား။ ရှေ့ဆောင်ညီအစ်မတစ်ဦးက အမျိုးသမီးတစ်ဦးနဲ့ တံခါးဝမှာပဲ သင်အံမှုတစ်ခုပြုလုပ်ခဲ့တယ်၊ ဒါပေမဲ့ နောက်တစ်ကြိမ်ပြန်သွားတဲ့အခါ သူနဲ့မတွေ့နိုင်ခဲ့ဘူး။ ဒါကြောင့် စာတစ်စောင် သူ့ဆီရေးခဲ့တယ်။ နောက်ဆုံးမှာတော့ ရှေ့ဆောင်ညီအစ်မဟာ အဲဒီအမျိုးသမီးကို သူ့အိမ်မှာပြန်တွေ့သွားတဲ့အခါ အိမ်ရှင်အမျိုးသမီးက ရှေ့ဆောင်ညီအစ်မရဲ့ စိတ်ရင်းမှန်နဲ့စိတ်ဝင်စားမှုကြောင့် သူအရမ်းစိတ်ထိမိခဲ့ရကြောင်း ပြောပြခဲ့တယ်။ အမှန်တရားမျိုးစေ့ကို ရေလောင်းပေးတဲ့အခါ မျိုးစေ့ကနေ အညှောက်ထွက်လာ၊ ကြီးထွားလာပြီး “အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ အသီးသီး” လာတာကို တွေ့ရနိုင်တယ်၊ ဒါကိုတွေ့ရတဲ့အခါ ရွှင်လန်းမှုခံစားရပါလိမ့်မယ်။—မာ. ၄:၂၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ