လယ်ကွင်းလုပ်ငန်း ပေါ်လွင်ချက်များ
ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်တဲ့ စစ်ကိုင်းနဲ့ သံဖြူဇရပ် နိုင်ငံတော်ခန်းမတွေကို အဖွဲ့အစည်းရဲ့ ရုံးခွဲတွေအနေနဲ့ တရားဝင် ဖွင့်လှစ်အသုံးပြုသွားဖို့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရပြီးနောက် ဒီတင့်တယ်လှပတဲ့ နိုင်ငံတော်ခန်းမတွေကို စစ်မှန်တဲ့ ဝတ်ပြုရေးအတွက် စတင်အသုံးပြုနေပြီဖြစ်ကြောင်း အသိပေးခွင့်ရလို့ ဝမ်းမြောက်ပါတယ်။ သံဖြူဇရပ် ခန်းမအပ်နှံပွဲကို ၁၃၅ ယောက် တက်ရောက်ခဲ့ကြပါတယ်။