သိမ်းထားပါ
ဒီဘရိုရှာတွေကို သင်အသုံးပြုနေသလား
သမ္မာကျမ်းစာ ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
သမ္မာကျမ်းစာအကြောင်း အနည်းအကျဉ်းသာသိသူ၊ အထူးသဖြင့် ခရစ်ယာန်မဟုတ်သူများအတွက် ရည်ရွယ်ထုတ်ဝေထားခြင်းဖြစ်ပါတယ်
ဝေငှနိုင်ပုံ– “ဒီကျမ်းဂန်မှာဖော်ပြထားတဲ့အချက်အပေါ် မိတ်ဆွေရဲ့အမြင်ကို သိချင်ပါတယ်။ [ဆာလံ ၃၇:၁၁ ကိုဖတ်ပါ။] ဒီကြိုဟောထားချက် ပြည့်စုံလာတဲ့အခါ ကမ္ဘာမြေကြီး ဘယ်လိုဖြစ်လာမယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒါက ယဉ်ကျေးမှုနဲ့ ယုံကြည်ချက်အမျိုးမျိုးရှိသူအားလုံး သမ္မာကျမ်းစာကနေရရှိနိုင်တဲ့ မျှော်လင့်ချက်နဲ့ နှစ်သိမ့်မှုတွေထဲက ဥပမာတစ်ခုဖြစ်ပါတယ်။” စာမျက်နှာ ၃ ပါ နိဒါန်းစာပိုဒ်ကိုဖတ်ပြီး ဘရိုရှာကိုဝေငှပါ။
ဒီအချက်ကို ကြိုးစားကြည့်နိုင်တယ်– ခရစ်ယာန်မဟုတ်သူတစ်ဦးနဲ့ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကိုသုံးပြီး သင်အံမှုပြုလုပ်နေတယ်ဆိုရင် အိမ်ရှင်ဖြစ်သူ ကျမ်းစာတစ်အုပ်လုံးကို ခြုံငုံသိရှိလာစေဖို့ သင်အံမှုအစပိုင်းမှာ ဒါမှမဟုတ် သင်အံမှုပြုလုပ်ပြီးနောက် ဒီဘရိုရှာရဲ့ အပိုင်းတစ်ပိုင်းကို မိနစ်အနည်းငယ်အချိန်ယူသုံးသပ်ပါ။
သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
စာကောင်းကောင်းမဖတ်တတ်သူတွေအတွက် ရည်ရွယ်ထုတ်ဝေထားခြင်းဖြစ်ပါတယ်
ဝေငှနိုင်ပုံ– “ကျွန်တော်တို့ထက် အသက်ကြီးပြီး၊ အသိပညာအရာမှာရော ဂုဏ်ရည်မှာပါ သာလွန်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ မိတ်ဆွေဖြစ်နိုင်မယ်လို့ ထင်ပါသလား။ တချို့တွေကတော့ ရနိုင်တဲ့မိတ်ဆွေတွေထဲ အကောင်းဆုံးမိတ်ဆွေအဖြစ် ဘုရားသခင်ကို ရွေးချယ်ကြတယ်။ အဲဒီလိုရွေးချယ်ရတဲ့ အကြောင်းရင်းကို ဒီကျမ်းဂန်မှာ ဖော်ပြထားတယ်။ [ဆာလံ ၁၀၄:၂၄ ကိုဖတ်ပါ။] မကြာခင် ဘုရားသခင်က ကိုယ်တော်နဲ့မိတ်ဖွဲ့ထားတဲ့သူတွေအတွက် ပြုလုပ်ပေးမယ့် ကောင်းမွန်တဲ့အနာဂတ်အကြောင်း ဒီစာစောင်မှာ ဖော်ပြထားတယ်။” အခန်း ၅ ကိုပြပြီး ဝေငှပါ။
ဒီအချက်ကို ကြိုးစားကြည့်နိုင်တယ်– ဦးဆုံးအကြိမ်မှာပဲဖြစ်ဖြစ်၊ ပြန်လည်ပတ်မှုလုပ်တဲ့အခါမှာပဲဖြစ်ဖြစ် အခန်း ၁ တစ်ခုလုံး ဒါမှမဟုတ် အပိုင်းတချို့ကိုဆွေးနွေးပြီး သင်အံမှုပြုလုပ်နိုင်ပုံကို ပြပေးပါ။
ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှု ရစေသောလမ်း
ဗုဒ္ဓဘာသာတွေအတွက် ရည်ရွယ်ထုတ်ဝေထားခြင်းဖြစ်ပါတယ်
ဝေငှနိုင်ပုံ– “အပြစ်မဲ့တဲ့လူသားများစွာ ဒုက္ခခံနေရတဲ့လောကမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ ဝေဒနာခံစားရတာ၊ စိတ်ဆင်းရဲတာတွေ အဆုံးတိုင်စေဖို့ လူသားတွေအတွက် ဘာလိုမယ်လို့ မိတ်ဆွေထင်ပါသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျွန်တော်တို့အတွက် အလွန်နှစ်သိမ့်မှုဖြစ်စေတဲ့ ရှေးကတိတော်တစ်ခုရှိတယ်။ [ဗျာဒိတ် ၂၁:၄ ကိုဖတ်ပါ။] အမှန်တော့ အဲဒီအချိန် မရောက်သေးပေမဲ့ ရောက်လာတဲ့အခါ ကျွန်တော်တို့ တွေ့မြင်ချင်ကြတယ်မဟုတ်လား။” ပြီးနောက် ဘရိုရှာကိုဝေငှပါ။
ဒီအချက်ကို ကြိုးစားကြည့်နိုင်တယ်– နောက်တစ်ခေါက်ပြန်လည်ပတ်တဲ့အခါ သမ္မာကျမ်းစာကို အိမ်ရှင်စိတ်ဝင်စားအောင် လုပ်ပြီးတဲ့နောက် နောက်ကျောဖုံးမှာပါတဲ့ မေးခွန်းတွေနဲ့ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်တောင်းခံတဲ့ ကူပွန်ကိုပြပါ။ အိမ်ရှင်က စိတ်ဝင်စားတယ်ဆိုရင် စာအုပ်ယူလာတဲ့အကြောင်း ရှင်းပြပါ။ မာတိကာကိုပြပြီး အိမ်ရှင်ရွေးချယ်တဲ့အခန်းက အပိုဒ်တစ်ပိုဒ်၊ နှစ်ပိုဒ်ကို ဆွေးနွေးပါ။
ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
ဂရုစိုက်တတ်တဲ့ ဖန်ဆင်းရှင်အကြောင်းနဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေအကြောင်း သိလိုတဲ့ စိတ်နှိမ့်ချတဲ့သူတွေအတွက် ရည်ရွယ်ထုတ်ဝေထားခြင်းဖြစ်ပါတယ်
ဝေငှနိုင်ပုံ– “ဘုရားသခင်သာ လူတွေကိုဂရုစိုက်တယ်ဆိုရင် ဘာကြောင့်ဆင်းရဲဒုက္ခတွေကို ခံစားစေရတာလဲလို့ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီစာစောင်က အဲဒီမေးခွန်းအတွက် ကျေနပ်ဖွယ်အဖြေကို ဖော်ပြထားပါတယ်။” စာမျက်နှာ ၂၇ မှအပိုဒ် ၂၃ ကိုဖတ်ပါ။ အောက်မှ သရုပ်ဖော်ပုံကိုပြပြီး အပိုဒ် ၂၂ မှ ဆာလံ ၁၄၅:၁၆ ကိုဖတ်ပါ။ ပြီးနောက် ဘရိုရှာကိုဝေငှပါ။
ဒီအချက်ကို ကြိုးစားကြည့်နိုင်တယ်– အိမ်ရှင်က ဘရိုရှာကိုလက်ခံရင် “ဘုရားသခင်က ကိုယ်တော့်ရည်ရွယ်ချက်ဖြစ်တဲ့ ဒီမြေကြီးကို သာယာတဲ့ဥယျာဉ်တစ်ခုဖြစ်စေပြီး လူသားတွေကို သုခနဲ့ပြည့်စုံစေဖို့ ဘယ်လိုလုပ်မလဲဆိုတာကို မိတ်ဆွေသိလိုပါသလား” လို့ မေးပါ။ နောက်တစ်ကြိမ်လည်ပတ်မှုမှာ အဲဒီအကြောင်း ဆွေးနွေးရအောင်လို့ ပြောပါ။
ဘဝရည်ရွယ်ချက်ကားအဘယ်နည်း ယင်းကို သင်မည်သို့ ရှာတွေ့နိုင်သနည်း
မိမိတို့ရဲ့ဘဝအသက်တာကို ပိုကျေနပ်ပျော်ရွှင်စေလိုတဲ့သူတွေအတွက် ရည်ရွယ်ထုတ်ဝေထားခြင်းဖြစ်ပါတယ်
ဝေငှနိုင်ပုံ– “ဘဝရည်ရွယ်ချက်နဲ့ပတ်သက်ပြီး လူအားလုံး စဉ်းစားဖူးကြပါတယ်။ အသက် ၇၀ ဒါမှမဟုတ် ၈၀ လောက် အသက်ရှင်ပြီး သေသွားဖို့ သက်သက်လား။ ဒါမှမဟုတ် ဒီထက်ပိုတဲ့ ရည်ရွယ်ချက်များရှိမလား။ မိတ်ဆွေဘယ်လိုထင်ပါသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူသားတွေနဲ့ ကမ္ဘာမြေကြီးအတွက် ဘုရားသခင်ရဲ့အလွန်ကောင်းတဲ့ ရည်ရွယ်ချက်ကို ကျမ်းဂန်မှာဒီလိုဖော်ပြထားတယ်။” [ဆာလံ ၃၇:၂၉ ကိုဖတ်ပါ။] ပြီးနောက် စာမျက်နှာ ၃၁ မှရုပ်ပုံကိုပြပြီး ဘရိုရှာကိုဝေငှပါ။
ဒီအချက်ကို ကြိုးစားကြည့်နိုင်တယ်– စာအုပ်ကိုလက်ခံရင် “ကမ္ဘာမြေကြီးပေါ် လူသားတွေ ထာဝစဉ်အသက်ရှင်ဖို့ဆိုတာ အခုထိဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ဘယ်လိုလုပ်စိတ်ချနိုင်သလဲ” လို့မေးပြီး ပြန်လာမယ့်အချိန်ကို သတ်မှတ်ပါ။
သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ
ချစ်မြတ်နိုးရသူသေဆုံးသွားခြင်းကြောင့် ဝမ်းနည်းကြေကွဲနေသူတွေ၊ ဝမ်းနည်းမှုကို ဖြေဖျောက်ဖို့အခက်တွေ့နေတဲ့သူတွေအတွက် ရည်ရွယ်ထုတ်ဝေထားခြင်း ဖြစ်ပါတယ်
ဝေငှနိုင်ပုံ– “ချစ်ရသူတွေကို သေခြင်းမှာဆုံးရှုံးခဲ့ရတဲ့ လူသန်းပေါင်းများစွာအတွက် နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်တွေကိုဖြစ်ပေါ်စေတဲ့ ဒီစာစောင်ကို မိတ်ဆွေအတွက် ယူလာပေးပါတယ်။ သေဆုံးသွားတဲ့သူတွေအတွက် ဘာမျှော်လင့်ချက်များရှိမလဲဆိုပြီး စဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျမ်းဂန်ကတော့ လူသေတွေ ပြန်ရှင်လာမယ်ဆိုတဲ့ ဘုရားသခင့်ကတိတော်ကို ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။” [ယောဟန် ၅:၂၈၊၂၉ ကိုဖတ်ပါ။] စာစောင်ကိုဖွင့်ပြီး စာမျက်နှာ ၂၈ ရဲ့နောက်ဆုံးအပိုဒ်ကမှတ်ချက်တွေနဲ့ စာမျက်နှာ ၃၁ ရဲ့ပထမအပိုဒ်ပါ မှတ်ချက်တွေကိုပြောပါ။ သရုပ်ဖော်ပုံတွေကိုပြပြီး ဘရိုရှာကိုဝေငှပါ။
ဒီအချက်ကို ကြိုးစားကြည့်နိုင်တယ်– အိမ်ရှင်က ဘရိုရှာကိုလက်ခံရင် “သေခြင်းကို ပပျောက်စေမယ်ဆိုတာကို ကျွန်တော်တို့ ဘယ်လိုစိတ်ချနိုင်သလဲ” လို့မေးပြီး ပြန်လည်ပတ်ဖို့စီစဉ်ပါ။