ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၁၂ စာ. ၇
  • “လူအမျိုးမျိုး” ကိုဟောပြောပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လူအမျိုးမျိုး” ကိုဟောပြောပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘရိုရှာများ—ဓမ္မအမှုအတွက် တန်ဖိုးရှိကိရိယာများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ဘရိုရှာများအသုံးပြုရန် သတိရပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • သင့်နိုင်ငံတော်မျှော်လင့်ချက်ကို ဝေမျှရန် ဘရိုရှာများတင်ပြ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • “လူတစ်ဦးရဲ့စိတ်ဝင်စားမှုကိုနှိုးဆွပေးနိုင်တဲ့ ဘယ်မဂ္ဂဇင်းအဟောင်း ဒါမှမဟုတ် ဘယ်ဘရိုရှာကိုမဆို ဝေငှပါ”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နဓ ၁/၁၂ စာ. ၇

“လူအမျိုးမျိုး” ကိုဟောပြောပါ

၁။ ထိရောက်မှုရှိတဲ့ သတင်းကောင်းဟောပြောသူတွေက ကျွမ်းကျင်တဲ့လက်မှုပညာသည်နဲ့ ဘယ်လိုတူသလဲ။

၁ ကျွမ်းကျင်တဲ့လက်မှုပညာသည် တစ်ဦးဆီမှာ ကိရိယာအမျိုးမျိုးရှိပြီး တစ်ခုစီကို ဘယ်အချိန်မှာ ဘယ်လိုအသုံးပြုရမယ်ဆိုတာ သူ ကောင်းကောင်းသိပါတယ်။ အဲဒီလိုပါပဲ သတင်းကောင်းဟောပြောခြင်းတာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နိုင်ဖို့ အထောက်အကူပြု ကိရိယာအမျိုးမျိုး ကျွန်ုပ်တို့မှာရှိပါတယ်။ ဥပမာ၊ “လူအမျိုးမျိုး” ကိုဟောပြောနိုင်အောင် အကြောင်းအရာအမျိုးမျိုးပါရှိတဲ့ ဘရိုရှာတွေကို ပြင်ဆင်ပေးထားပါတယ်။ (၁ ကော. ၉:၂၂) ဒီဓမ္မအမှုစာရွက်ရဲ့ ကြားညှပ်စာရွက်မှာ အဲဒီဘရိုရှာတွေကို စာရင်းပြုစုပေးထားတဲ့အပြင် ဘယ်သူတွေအတွက် ရည်ရွယ်ထားသလဲဆိုတာ ရှင်းပြပြီး ဘယ်လိုဝေငှရမလဲဆိုတာတွေကိုပါ အကြံပြုထားပါတယ်။

၂။ ဘရိုရှာတွေကို ဘယ်လိုအချိန်တွေမှာ ဝေငှနိုင်သလဲ။

၂ ဘရိုရှာကို သုံးရမယ့်အချိန်– လက်မှုပညာသည်ဟာ ကိရိယာတစ်ခုကို အသုံးတည့်မယ်လို့ ထင်တဲ့အချိန်တိုင်း သုံးပါလိမ့်မယ်။ အဲဒီလိုပဲ၊ ဘရိုရှာတစ်စောင်က အခြေအနေတစ်ခုမှာ သင့်တော်တယ်လို့ ကျွန်ုပ်တို့ယူဆတယ်ဆိုရင် အဲဒါကို ဝေငှနိုင်ပါတယ်။ ဘရိုရှာဝေငှရမယ့် လတွေအတွင်းမှာပဲ မဟုတ်ပါဘူး၊ တခြားအချိန်တွေမှာလည်း ဝေငှနိုင်ပါတယ်။ ဥပမာ၊ လအတွက် ဝေငှရမယ့်စာပေက သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ဖြစ်ပေမဲ့ ဟောမယ့်ရပ်ကွက်က ကျမ်းစာအကြောင်း သိပ်စိတ်ဝင်စားမှုမရှိတဲ့ ခရစ်ယာန်မဟုတ်တဲ့သူတွေဖြစ်နေမယ်ဆိုရင် သင့်တော်တဲ့ဘရိုရှာတစ်စောင် ဝေငှတာက ပိုပြီး အကျိုးရှိနိုင်ပါတယ်၊ ဒီနောက် အိမ်ရှင်က စိတ်ဝင်စားမှုတင်ပြတယ်ဆိုရင် သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို မိတ်ဆက်ပေးပါ။

၃။ ပြင်ဆင်ပေးထားတဲ့ ကိရိယာတွေကို ဘာကြောင့် ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့ လိုအပ်ပါသလဲ။

၃ ကိုယ့်အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့သူတွေကို ကျမ်းစာမှာ ချီးမွမ်းထားပါတယ်။ (သု. ၂၂:၂၉) “သတင်းကောင်း” ဟောပြောတာထက် ပိုအရေးကြီးတဲ့အလုပ် မရှိတာအမှန်ပါပဲ။ (ရော. ၁၅:၁၆) “ရှက်ကြောက်စရာအကြောင်းမရှိသော လုပ်သားတစ်ဦး” ဖြစ်ဖို့ ရရှိထားတဲ့ ကိရိယာတွေကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ဖို့ ကြိုးစားရပါလိမ့်မယ်။—၂ တိ. ၂:၁၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ