သင့်ရဲ့ ဩတ္တပ္ပစိတ်ကို ကာကွယ်စောင့်ရှောက်ပါ
၁။ ၂၀၁၃ လုပ်ငန်းတော်နှစ်အတွက် အထူးစည်းဝေးပွဲနေ့အစီအစဉ်ရဲ့ အဓိက အကြောင်းအရာနဲ့ ရည်ရွယ်ချက်က ဘာလဲ။
၁ ကျွန်ုပ်တို့ရဲ့ ဩတ္တပ္ပစိတ်ကို အနှောင့်အယှက်ဖြစ်စေမယ့် အခြေအနေတွေနဲ့ နေ့တိုင်း ကြုံတွေ့နေရတယ်။ ဒါကြောင့် ၂၀၁၂၊ စက်တင်ဘာ ၁ ကနေအစပြုတဲ့ ၂၀၁၃ လုပ်ငန်းတော်နှစ်မှာ ကျင်းပမယ့် အထူးစည်းဝေးပွဲနေ့ အစီအစဉ်ရဲ့ အဓိက အကြောင်းအရာက “သင့်ရဲ့ ဩတ္တပ္ပစိတ်ကို ကာကွယ်စောင့်ရှောက်ပါ” ဖြစ်တယ်။ (၁ တိ. ၁:၁၉) အဲဒီစည်းဝေးပွဲအစီအစဉ်ရဲ့ ရည်ရွယ်ချက်က ဖန်ဆင်းရှင်ထံကနေ ကျွန်ုပ်တို့ရရှိထားတဲ့ အဲဒီအံ့ဖွယ်ဆုကျေးဇူးကို ကျွန်ုပ်တို့ ဘယ်လိုအသုံးပြုနေသလဲဆိုတာ အလေးအနက် အာရုံစိုက်နိုင်အောင် ကူညီပေးဖို့ဖြစ်တယ်။
၂။ ဘယ်အရေးကြီးမေးခွန်းတွေရဲ့ အဖြေကို စည်းဝေးပွဲအစီအစဉ်မှာ ဖြေကြားပေးမလဲ။
၂ ဒီအချက်တွေကို ရှာဖွေကြည့်ပါ– စည်းဝေးပွဲအစီအစဉ်မှာ ဩတ္တပ္ပစိတ်နဲ့ပတ်သတ်တဲ့ အဓိက မေးခွန်းခုနစ်ခုရဲ့ အဖြေကို ရရှိပါလိမ့်မယ်–
• ဩတ္တပ္ပစိတ်ကို အန္တရာယ်ဖြစ်စေတဲ့အရာက ဘာလဲ။
• ကျွန်ုပ်တို့ရဲ့ ဩတ္တပ္ပစိတ်ကို ဘယ်လို လေ့ကျင့်ပေးနိုင်သလဲ။
• လူအားလုံးရဲ့ သွေးပြစ်ကနေ ကျွန်ုပ်တို့ ဘယ်လိုနည်းနဲ့ ကင်းလွတ်နိုင်မလဲ။
• ကျမ်းစာမူတွေအပေါ် ကျွန်ုပ်တို့ရဲ့ ရှုမြင်ပုံနဲ့ ကျမ်းစာမူတွေအတိုင်း ကျင့်ကြံလိုက်လျှောက်ပုံက ကျွန်ုပ်တို့အကြောင်း ဘာဖော်ပြသလဲ။
• ဩတ္တပ္ပစိတ်နဲ့ဆိုင်တဲ့ကိစ္စရပ်တွေမှာ တခြားသူတွေကို မထိခိုက်အောင် ကျွန်ုပ်တို့ ဘယ်လို လုပ်နိုင်သလဲ။
• လူငယ်တို့၊ အလျော့ပေးလိုက်လျောဖို့ ဖိအားပေးခံရတဲ့အခါ ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။
• စွမ်းအားတော်နဲ့လေ့ကျင့်ထားတဲ့ ဩတ္တပ္ပစိတ်ရဲ့ လမ်းညွှန်မှုအတိုင်း လိုက်လျှောက်မယ်ဆိုရင် ဘာကောင်းချီးတွေ ခံစားရမလဲ။
၃။ စည်းဝေးပွဲအစီအစဉ်ကနေ ကျွန်ုပ်တို့ကို ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ။
၃ ကျွန်ုပ်တို့ရဲ့ ဩတ္တပ္ပစိတ် ထိခိုက်ပျက်စီးသွားအောင် စာတန်ကြိုးစားနေတာကို ယေဟောဝါရဲ့ အကူအညီနဲ့ ကျွန်ုပ်တို့ ခုခံတွန်းလှန်နိုင်ပါတယ်။ မေတ္တာပြည့်ဝလှတဲ့ ကျွန်ုပ်တို့ရဲ့ ကောင်းကင်ခမည်းတော်က ဘုရားသခင့်တရားစကားတော်နဲ့ အဖွဲ့အစည်းအားဖြင့် “ဒီလမ်းပဲ၊ ဒီလမ်းပေါ်မှာ သင်တို့လျှောက်ပါ” လို့ ကျွန်ုပ်တို့ကို ပြောနေတယ်။ (ဟေရှာ. ၃၀:၂၁၊ ကဘ) ဒီစည်းဝေးပွဲအစီအစဉ်ဟာ ကျွန်ုပ်တို့အတွက် ယေဟောဝါပြင်ဆင်ပေးထားတဲ့ လမ်းညွှန်မှုတွေထဲက တစ်ခုဖြစ်တယ်။ ဒါကြောင့် အစီအစဉ်အားလုံးကို တက်ရောက်နိုင်ဖို့ စီစဉ်ပါ။ အသေအချာအာရုံစိုက်ပါ၊ ကြားခဲ့ရာတွေကို ဘယ်လို လက်တွေ့ကျင့်သုံးရမလဲဆိုတာ သုံးသပ်ပါ။ စည်းဝေးပွဲအစီအစဉ်တွေအကြောင်း မိသားစုနဲ့ ဆွေးနွေးပါ။ ကျွန်ုပ်တို့ရရှိတဲ့ ညွှန်ကြားချက်တွေကို လက်တွေ့ကျင့်သုံးခြင်းက “ကြည်လင်သောသြတ္တပ္ပစိတ်ကို” ဆက်ထိန်းသိမ်းဖို့ ခွန်အားရရှိစေပြီး တဒင်္ဂမျှသာဖြစ်တဲ့ စာတန့်လောကရဲ့ အပျော်အပါးတွေကြောင့် လမ်းကြောင်း မပြောင်းသွားဖို့ ထောက်ကူပေးမှာဖြစ်တယ်။—၁ ပေ. ၃:၆။