ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၁၂ စာ. ၄
  • သင့်ရဲ့ဉာဏ်စွမ်းကို ကာကွယ်စောင့်ရှောက်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ရဲ့ဉာဏ်စွမ်းကို ကာကွယ်စောင့်ရှောက်ပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ထိန်းသိမ်းရန် ကူညီပေးသော တိုက်နယ်စည်းဝေးပွဲ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • သင့်ရဲ့ ဩတ္တပ္ပစိတ်ကို ကာကွယ်စောင့်ရှောက်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • တိုက်နယ်စည်းဝေးပွဲအစီအစဉ်အသစ်
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ခရစ်ယာန်ဓမ္မအမှုဆောင်များအတွက် ပြင်ဆင်ပေးချက်တစ်ခု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နဓ ၁၁/၁၂ စာ. ၄

သင့်ရဲ့ဉာဏ်စွမ်းကို ကာကွယ်စောင့်ရှောက်ပါ

၁။ ၂၀၁၃ လုပ်ငန်းတော်နှစ်အတွက် တိုက်နယ်စည်းဝေးပွဲရဲ့ အဓိကအကြောင်းအရာနဲ့ ရည်ရွယ်ချက်က ဘာလဲ။

၁ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ပါလို့ တပည့်တွေကို ယေရှုမိန့်မှာခဲ့တယ်။ (မ. ၂၂:၃၇၊ ၃၈) လာမယ့်တိုက်နယ်စည်းဝေးပွဲ အစီအစဉ်တွေက ကျွန်ုပ်တို့ရဲ့အတွင်းလူကို ခွန်အားဖြစ်စေဖို့ ထောက်ကူပေးမှာဖြစ်တယ်။ “သင့်စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ” ဆိုတဲ့ခရိုင်စည်းဝေးကြီးရဲ့ အဓိကအကြောင်းအရာကို သင်တို့ မှတ်မိပါလိမ့်မယ်။ ၂၀၁၃ လုပ်ငန်းတော်နှစ်အတွက် အထူးစည်းဝေးပွဲနေ့အစီအစဉ်ရဲ့ အဓိကအကြောင်းအရာက “သင့်ရဲ့သြတ္တပ္ပစိတ်ကို ကာကွယ်စောင့်ရှောက်ပါ” ဖြစ်တယ်။ လာမယ့်တိုက်နယ်စည်းဝေးပွဲရဲ့ အဓိကအကြောင်းအရာက မဿဲ ၂၂:၃၇ ကိုအခြေခံထားပြီး “သင့်ဉာဏ်စွမ်းကို ကာကွယ်စောင့်ရှောက်ပါ” ဆိုတဲ့ အကြောင်းအရာဖြစ်တယ်။ ဒီအစီအစဉ်က ကျွန်ုပ်တို့ရဲ့ ဉာဏ်စွမ်းကို ယေဟောဝါနှစ်သက်တဲ့အတိုင်းဖြစ်စေဖို့ ဆန်းစစ်ရာမှာ ထောက်ကူပေးပါလိမ့်မယ်။

၂။ အစီအစဉ်တစ်လျှောက် ဘယ်မေးခွန်းတွေရဲ့ အဖြေကို ကျွန်ုပ်တို့ ရှာသင့်သလဲ။

၂ တင်ဆက်မယ့် အကြောင်းအရာများ– ကျွန်ုပ်တို့ တိုက်နယ်စည်းဝေးပွဲ တက်တဲ့အခါ အဓိကအချက်တွေဖြစ်တဲ့ ဒီမေးခွန်းတွေရဲ့အဖြေကိုရဖို့ ရှာဖွေသင့်တယ်–

• လောကမှာရှိတဲ့လူတွေလို စဉ်းစားတွေးခေါ်တာမျိုးကို ဘယ်လိုရှောင်ရှားမလဲ။

• မယုံကြည်သူတွေရဲ့ ဉာဏ်မျက်စိကိုကွယ်စေတဲ့ အရာတွေကို ကျွန်ုပ်တို့ ဘယ်လို ကူညီဖယ်ရှားပေးနိုင်သလဲ။

• ကျွန်ုပ်တို့မှာ ဘယ်လို စိတ်သဘောထားမျိုး ရှိချင်သလဲ။

• မှန်ကန်တဲ့တွေးတောဆင်ခြင်မှုကြောင့် ဘာ အကျိုးကျေးဇူးတွေ ရရှိသလဲ။

• ကျွန်ုပ်တို့ရဲ့ စဉ်းစားတွေးခေါ်ပုံကို ပုံသွင်းပေးဖို့ ယေဟောဝါကို ကျွန်ုပ်တို့ ဘယ်လိုခွင့်ပြုနိုင်သလဲ။

• မိသားစုမှာ ခင်ပွန်း၊ ဇနီး၊ မိဘနဲ့ သားသမီးတွေ ဘယ်လိုနည်းနဲ့ ပျော်ရွှင်နိုင်သလဲ။

• ယေဟောဝါရဲ့နေ့အတွက် ကျွန်ုပ်တို့ ဘယ်လို အသင့်ရှိနေနိုင်မလဲ။

• အားသွန်ခွန်စိုက်လုပ်ဆောင်ဖို့ ကျွန်ုပ်တို့ရဲ့စိတ်ကို ပြင်ဆင်ထားပါဆိုတာ ဘာကိုဆိုလိုသလဲ။

• သင်ယူခဲ့ရာတွေကို လက်တွေ့ကျင့်သုံးသူတွေက ဘာ အကျိုးကျေးဇူးတွေရရှိမလဲ။

၃။ စည်းဝေးပွဲကို နှစ်ရက်စလုံးတက်ရောက်ဖို့၊ အာရုံစိုက်နားထောင်ဖို့နဲ့ သင်ယူခဲ့ရာတွေကို လက်တွေ့ကျင့်သုံးဖို့ ဘာကြောင့် အရေးကြီးတာလဲ။

၃ ကျွန်ုပ်တို့ရဲ့ စဉ်းစားတွေးခေါ်ပုံကို ယိုယွင်းပျက်စီးသွားအောင်လုပ်ဖို့ စာတန်ကြိုးစားနေတယ်။ (၂ ကော. ၁၁:၃) ဒါကြောင့် ကျွန်ုပ်တို့ရဲ့ စဉ်းစားတွေးခေါ်ပုံကို ထိန်းချုပ်ပြီး ကာကွယ်စောင့်ရှောက်ရမှာဖြစ်တယ်။ ကျွန်ုပ်တို့ဟာ ခရစ်တော်ရဲ့စိတ်သဘောထားကို ဆက်တင်ပြနေဖို့နဲ့ ဒီတရားမဲ့လောကရဲ့ ဩဇာလွှမ်းမိုးမှုကို တိုက်လှန်နေဖို့လိုတယ်။ (၁ ကော. ၂:၁၆) ဒါကြောင့် တိုက်နယ်စည်းဝေးပွဲမှာ နှစ်ရက်စလုံးတက်နိုင်အောင် စီစဉ်ပါ။ အာရုံစိုက်နားထောင်ပါ။ စည်းဝေးပွဲမှာတင်ဆက်တဲ့ အရေးကြီးအချက်အလက်တွေကို လက်တွေ့ကျင့်သုံးခြင်းက အမှုဆောင်လုပ်ငန်းမှာ ထက်ထသန်သန်ပါဝင်ဖို့ ကျွန်ုပ်တို့ရဲ့စိတ်ကို အသင့်ပြင်ဆင်ရာမှာ ထောက်ကူပေးပါလိမ့်မယ်။—၁ ပေ. ၁:၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ