ကြေညာချက်များ
◼ ဝေငှမယ့်စာပေများ၊ ဖေဖော်ဝါရီ– လူမျိုးအားလုံးအတွက် သတင်းကောင်း၊ ဘုရားသခင့်စကားနားထောင်ပါ၊ ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ၊ ဒါမှမဟုတ် အသင်းတော်မှာရှိတဲ့ ၃၂ မျက်နှာ ဘရိုရှာများ။ မတ်နဲ့ ဧပြီ– ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းများ။ မေ– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ ဒါမှမဟုတ် ဖော်ပြပါ ဝေစာများ– သမ္မာကျမ်းစာကို သင်ဘယ်လိုရှုမြင်ပါသလဲ၊ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်လို့ သင်ထင်သလဲ၊ သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို ဘယ်လိုရရှိနိုင်မလဲ၊ ဒီကမ္ဘာကို အမှန်တကယ် အုပ်ချုပ်နေသူက ဘယ်သူလဲ၊ ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား၊ သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလား။
◼ ၂၀၁၄ အောက်မေ့ရာပွဲကာလမှာဟောမယ့် အထူးဟောပြောချက်ခေါင်းစဉ်က “မေတ္တာရှိတဲ့ ဘုရားသခင်က ဘာကြောင့် ဆိုးသွမ်းမှုတွေကို ခွင့်ပြုထားရတာလဲ” ဖြစ်ပါတယ်။
◼ စားပွဲ ဒါမှမဟုတ် လှည်းသုံးပြီး လူအများရှေ့သက်သေခံခြင်း လုပ်ဆောင်တဲ့အခါ ကျမ်းစာအုပ်တွေကို မပြထားသင့်ပါဘူး။ ဒါပေမဲ့ ကျမ်းစာအုပ်တောင်းခံလာတဲ့သူတွေ ဒါမှမဟုတ် အမှန်တရားကို တကယ်စိတ်ဝင်စားကြောင်း တင်ပြသူတွေကိုပေးဖို့တော့ ဆောင်ထားနိုင်ပါတယ်။
◼ မတ် ၁၅၊ ၂၀၁၄ ကစပြီး မြန်မာဘာသာနဲ့ ဟားခါးဘာသာ ကင်းမျှော်စင် လေ့လာရန်စာစောင်တွေကို ရိုးရှင်းတဲ့အင်္ဂလိပ်ဘာသာ ကင်းမျှော်စင် စာစောင်ပုံစံအတိုင်း ထုတ်ဝေသွားမှာဖြစ်ပါတယ်။