မတ် ၃ အပတ်အတွက်ဇယား
မတ် ၃ မှာစမယ့်အပတ်
သီချင်း ၁၁၂ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၃၊ အပိုဒ် ၁၉-၂၁၊ စာမျက်နှာ ၃၄ က လေးထောင့်ကွက် (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ကမ္ဘာဦး ၃၆-၃၉ (၁၀ မိ.)
နံပါတ် ၁– ကမ္ဘာဦး ၃၇:၁-၁၇ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ထမြောက်လာသူတွေဟာ အတိတ်ကလုပ်ရပ်တွေအတွက် တရားစီရင်ခံရမှာမဟုတ်—rs စ. ၂၇၅ အပိုဒ် ၄ (၅ မိ.)
နံပါတ် ၃– လက်ဝါးကပ်တိုင်—ယေရှုသည် ကွပ်မျက်ရာသစ်တိုင်တွင် အရှက်တကွဲနှင့် ချိတ်ဆွဲခံရ—td ၃၁က (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– မတ်လတွင် မဂ္ဂဇင်းတွေဝေငှပါ။ ဆွေးနွေးပါ။ (တကယ်လို့ အသင်းတော်မှာ မတ်လထုတ်မဂ္ဂဇင်းတွေ မရှိသေးဘူးဆိုရင် ဖေဖော်ဝါရီလထုတ်မဂ္ဂဇင်းတွေကို အသုံးပြုပြီးတင်ဆက်ပါ။ နမူနာတင်ဆက်နည်းအတွက် ဇန်နဝါရီလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှာ ကြည့်ပါ။) နမူနာတင်ဆက်နည်းတွေကိုသုံးပြီး မဂ္ဂဇင်းတွေကို ဘယ်လိုဝေငှနိုင်မလဲဆိုတာဖော်ပြတဲ့သရုပ်ပြနဲ့ စတင်ပါ။ နမူနာတင်ဆက်နည်းတွေကို အစမှအဆုံးဆွေးနွေးပါ။ လရဲ့ကျန်တဲ့နှစ်ပတ်မှာ အောက်မေ့ရာပွဲဖိတ်စာနဲ့ မဂ္ဂဇင်းတွေကိုတွဲပြီး ဘယ်လိုဝေငှနိုင်မလဲဆိုတာကို မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပြီး နိဂုံးချုပ်ပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၀ မိ– ကျွန်ုပ်တို့ ဘာတွေလုပ်ဆောင်ခဲ့ပြီးပြီလဲ။ ဆွေးနွေးပါ။ “အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—စိတ်ဝင်စားသူတွေကို ရေးမှတ်ထားပါ” ဆိုတဲ့အပိုင်းကို လက်တွေ့လုပ်ဆောင်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိခဲ့သလဲဆိုတာ ပြောပြဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။ တွေ့ကြုံမှုကောင်းတွေကို ပြန်ဝေမျှစေပါ။
သီချင်း ၉၅ နဲ့ ဆုတောင်းချက်