မတ် ၁၀ အပတ်အတွက်ဇယား
မတ် ၁၀ မှာစမယ့်အပတ်
သီချင်း ၁ နဲ့ ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၄ အပိုဒ် ၁-၉ (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ကမ္ဘာဦး ၄၀-၄၂ (၁၀ မိ.)
နံပါတ် ၁– ကမ္ဘာဦး ၄၁:၁-၁၆ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ကျန်ကြွင်းတဲ့လူသေတွေက ဘယ်လိုထမြောက်လာကြမှာလဲ—rs စ. ၂၇၆ အပိုဒ် ၁-၄ ( ၅ မိ.)
နံပါတ် ၃– လူသေတို့၏ အခြေအနေ—td ၃၃ခ (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
၁၅ မိ– လန်းဆန်းမှုဖြစ်စေတဲ့ မိသားစုဝတ်ပြုမှု။ မိသားစုတစ်စုကို သူတို့ရဲ့မိသားစုဝတ်ပြုမှုနဲ့ပတ်သက်ပြီး လူတွေ့မေးမြန်းပါ။ သူတို့ရဲ့ဝတ်ပြုမှုအစီအစဉ်မှာ ဘာတွေပါဝင်သလဲ။ ဆွေးနွေးမယ့်အကြောင်းအရာတွေကို ဘယ်လိုရွေးချယ်ကြသလဲ။ jw.org ဝက်ဘ်ဆိုက်ကနေ ရရှိနိုင်တဲ့ ဘယ်အရာတွေကို အသုံးပြုသလဲ။ သူတို့ရဲ့၀တ်ပြုမှုအစီအစဉ်က အမှုဆောင်လုပ်ငန်းမှာ သူတို့ကို ဘယ်လိုအထောက်အကူပြုသလဲ။ မိသားစုဝတ်ပြုမှုအစီအစဉ်ကို မထိခိုက်ဖို့ တခြားအလုပ်တွေကို ဘယ်လိုစီစဉ်ထားသလဲ။ မိသားစုဝတ်ပြုမှုအစီအစဉ်ကနေ သူတို့ ဘယ်လို အကျိုးခံစားရသလဲ။
၁၅ မိ– “အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင်လုပ်ဆောင်ခြင်း—စကားဆက်ပြတ်စေနိုင်သူတွေကို တုံ့ပြန်ခြင်း။” ဆွေးနွေးပါ။ ကြေညာသူတွေ ကြုံတွေ့နိုင်တဲ့ စကားဆက်ပြတ်စေတဲ့အခြေအနေ နှစ်မျိုးသုံးမျိုးကို သုံးသပ်ပါ။ ကျွန်ုပ်တို့ ဘယ်လိုတုံ့ပြန်နိုင်မလဲဆိုတာကို မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါ။ ဧပြီ ၇ ရက်အပတ် လုပ်ငန်းတော်စည်းဝေးမှာ တွေ့ကြုံမှုတွေကို ပြောပြဖို့ အခွင့်အရေးရရှိမယ်ဆိုတာ ကြေညာသူတွေကို အသိပေးပါ။
သီချင်း ၉၇ နဲ့ ဆုတောင်းချက်