ဝေစာအသစ်တွေရဲ့ ထူးခြားကောင်းမွန်တဲ့ဒီဇိုင်း
၁။ အမှုဆောင်မှာအသုံးပြုဖို့ ဒီဇိုင်းအသစ်နဲ့ထုတ်ထားတာ ဘာတွေလဲ။
၁ ၂၀၁၄ ‘ဘုရားသခင်၏ တရားစကားတော်သည် အမှန်တရားဖြစ်ပါ၏’ ဆိုတဲ့ အထူးစည်းဝေးကြီးမှာ ဝေစာအသစ်ငါးမျိုး ထုတ်ဝေခဲ့တယ်။ ဒါ့အပြင် “သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလား” နိုင်ငံတော်သတင်း နံပါတ် ၃၈ ကလည်း ဝေစာအသစ်တွေထဲမှာ ပါဝင်ပါတယ်။ ဒီဝေစာအသစ် ခြောက်ခုစလုံးရဲ့ ဒီဇိုင်းက ထူးခြားကောင်းမွန်တယ်။ ဘာကြောင့် ဒီလိုထူးခြားကောင်းမွန်တဲ့ဒီဇိုင်းနဲ့ ထုတ်ဝေရတာလဲ။ အမှုဆောင်လုပ်ငန်းမှာ ဒီဝေစာတွေရဲ့ဒီဇိုင်းကို ဘယ်လိုဖော်ထုတ်နိုင်မလဲ။
၂။ ဒီဇိုင်းအသစ်နဲ့ ထုတ်ဝေရတာက ဘာရည်ရွယ်ချက်လဲ။
၂ ဘာကြောင့် ဒီဇိုင်းအသစ်ဖြစ်ရ– အမှုဆောင်မှာ ထိထိရောက်ရောက် တင်ဆက်ချင်တယ်ဆိုရင် အချက်လေးချက် သုံးဖို့လိုတယ်– (၁) စကားစမြည် စပြောနိုင်ဖို့ အိမ်ရှင်ရဲ့အမြင်ကို မေးပါ။ (၂) ကျမ်းချက်ဖတ်ပြပါ။ (၃) အိမ်ရှင်ဖတ်ဖို့ စာပေ ဝေငှပါ။ (၄) နောက်တစ်ခါပြန်လာတော့မှ ဖြေဆိုပေးမယ့် မေးခွန်းတစ်ခု မေးခဲ့ပါ။ ဝေစာတွေရဲ့ ဒီဇိုင်းအသစ်တွေက ဒီအချက်လေးချက်ကို လွယ်လွယ်လေး အသုံးပြုနိုင်ဖို့ ကူညီပေးတယ်။
၃။ အမှုဆောင်မှာ ဝေစာအသစ်ကို ဘယ်လိုဝေငှနိုင်မလဲ။
၃ အသုံးပြုနိုင်ပုံ– (၁) နှုတ်ဆက်ပြီးနောက် အိမ်ရှင်ကို ဝေစာမျက်နှာဖုံးက စိတ်ဝင်စားစရာ မေးခွန်းတွေကို ပြပြီး ဘယ်လိုထင်သလဲလို့ မေးပါ။ (၂) ဝေစာကိုဖွင့်ပြီး “ကျမ်းစာအဆို” ကို ဆွေးနွေးပါ။ အခြေအနေပေးတယ်ဆိုရင် ကျမ်းချက်ကို ကျမ်းစာထဲကနေ ဖတ်ပြပါ။ အိမ်ရှင်အချိန်ရတယ်ဆိုရင် “အထက်ပါကျမ်းစာအဆိုကနေ သင် ရရှိနိုင်မယ့် အကျိုးကျေးဇူးများ” အကြောင်းကို ဆွေးနွေးပါ။ (၃) ဝေစာကိုဝေငှပြီး မဆွေးနွေးရသေးတဲ့အပိုင်းကို ဆက်ဖတ်ဖို့ အိမ်ရှင်ကိုအားပေးပါ။ (၄) မပြန်ခင် အိမ်ရှင်ကို ဝေစာနောက်ကျောရှိ “စဉ်းစားကြည့်ပါ” ခေါင်းစဉ်အောက်က မေးခွန်းတွေကို ပြပါ။ နောက်တစ်ခါပြန်လာပြီး သမ္မာကျမ်းစာအဆိုကို ဆွေးနွေးဖို့ စီစဉ်ပါ။
၄။ ပြန်လည်ပတ်တဲ့အခါ ဝေစာအသစ်တွေကို ဘယ်လိုသုံးနိုင်သလဲ။
၄ ဒါဆို နောက်တစ်ခါပြန်လည်ပတ်ဖို့ လွယ်ကူသွားမယ်။ အရင်တစ်ခေါက်တုန်းက မေးထားတဲ့မေးခွန်းရဲ့အဖြေကို ဝေစာနောက်ကျောရှိ ညွှန်းထားတဲ့ကျမ်းချက်တွေကို ဖတ်ပြပြီး ရိုးရိုးလေး အဖြေပေးနိုင်ပါတယ်။ မပြန်ခင် အိမ်ရှင်ကို လူမျိုးအားလုံးအတွက်သတင်းကောင်း ဘရိုရှာရုပ်ပုံကို ပြပါ။ ဝေစာထဲက အကြောင်းအရာတွေကို ပိုပြည့်ပြည့်စုံစုံ ရှင်းပြထားတဲ့အခန်းကို ဘရိုရှာကနေ ပြပါ။ ပြီးနောက် ဘရိုရှာကို ဝေငှပါ။ အိမ်ရှင်လက်ခံတယ်ဆိုရင် နောက်တစ်ခါပြန်လာပြီး ဆက်ဆွေးနွေးဖို့ စီစဉ်ပါ။ အဲဒီအခါ ကျမ်းစာသင်အံမှု စနိုင်ပြီ။ ဒါမှမဟုတ် ဘရိုရှာကို မဝေငှချင်ဘူးဆိုရင်လည်း ဝေစာနောက်တစ်ခုဝေပြီး အိမ်ရှင်နဲ့ နောက်တစ်ခါ ပြန်ဆွေးနွေးဖို့ စီစဉ်ပါ။
၅။ အမှုဆောင်မှာ ဝေစာတွေအသုံးပြုတာ ဘာအကျိုးရှိသလဲ။
၅ အမှုဆောင်မှာ ဝေစာတွေကို အသုံးပြုခဲ့တာ နှစ်ပေါင်း ၁၃၀ ကျော်ပြီ။ အရွယ်အစား၊ ပုံစံဒီဇိုင်းတွေမတူပေမဲ့ ဝေစာတွေက သက်သေခံရာမှာ ထိရောက်တဲ့ ကိရိယာတွေပါ။ ကမ္ဘာတစ်ဝန်း ကျမ်းစာအသိပညာ ပြန့်ပွားစေဖို့ ဒီဇိုင်းအသစ်နဲ့ထုတ်ဝေထားတဲ့ ဝေစာတွေကို ကောင်းကောင်း အသုံးပြုကြပါစို့။—သု. ၁၅:၇က။