သတင်းကောင်းဝေငှခြင်း—(အင်္ဂလိပ်) လို ဝေစာများကို ထိရောက်စွာ အသုံးပြုခြင်းအားဖြင့်
၁ ၁၉၈၇ “ယေဟောဝါကိုကိုးစားလော့” ခရိုင်စည်းဝေးပွဲတွင် အင်္ဂလိပ်စကားဖြင့် ဝေစာအသစ်လေးခု ထုတ်ဝေခဲ့သည်။ ၄င်းတို့မှာ Why You Can Trust the Bible, What Do Jehovah’s Witnesses Believe?, Life in a Peaceful New World, and What Hope for Dead Loved Ones? တို့ဖြစ်သည်။ လယ်ကွင်းတွင် ဤဝေစာများကို ထိရောက်စွာ အသုံးပြုနေပြီလော။
၂ အိမ်မှာလူမရှိလျှင် ကြေညာသူများစွာတို့သည် ဝေစာများကို ထားရစ်ခဲ့ကြသည်။ အိမ်ပေါက်ဝသို့ ရောက်ရှိသည့်အခါ အလုပ်အလွန်များနေသူများအားလည်း ဝေစာထားရစ်ခဲ့လေ့ရှိသည်။ အချို့မူ ဝေစာပေး၍ နိဒါန်းပျိုးသည့်အခါ အိမ်ရှင်များပိုစိတ်ဝင်စားကြသည်ကို တွေ့ရှိကြသည်။ အချို့ကြပြန်လျှင် စာအုပ်မယူသော်လည်း စိတ်ဝင်စားမှုအနည်းအကျဉ်းပြသူများအား ဝေစာများကမ်းခဲ့ကြသည်။
အဘယ်အချိန်နှင့် အဘယ်နည်းဖြင့် ၄င်းတို့ကိုအသုံးပြုနိုင်
၃ ကျွမ်းကျင်၍ အခွင့်အရေးများကို တွေ့တတ်မည်ဆိုလျှင် ဝေစာများဝေငှရန် အခွင့်ကောင်းများစွာတွေ့မည်။ ဥပမာ၊ ဆွေမျိုးတို့အား သက်သေခံစဉ် ဝေစာများသည် အထောက်အကူများစွာပြုသည်။ အပန်းဖြေခရီးထွက်စဉ်၊ ဈေးဝယ်စဉ်၊ ကျောင်းတက်စဉ်၊ အလုပ်ခွင်တွင် ဝေစာများ အသုံးပြုနိုင်ပါသည်။ သင့်အင်္ကျီအိတ်၊ ပိုက်ဆံအိတ်၊ လွယ်အိတ်ထဲ ဝေစာနှိူက်ယူရန် အလွယ်တကူထားပါသလော။ ဝေစာများ အမြဲဆောင်ထားခြင်းဖြင့် အလွတ်သဘောဟောပြောရန် အားပေးမှုရရှိပါသည်။ ဝေစာများဝေငှရန် အခွင့်အရေးများကို ရှာယူကြည့်ပါ။
၄ အချိန်အခါမရွေး ပိုမိုထိရောက်စွာ သက်သေခံရန် ဝေစာများကို အသုံးပြုနိုင်ပါသည်။ ၄င်းတွင်ပါရှိသော သတင်းသည် အကျဉ်းချုပ်သာဖြစ်သော်လည်း ယုံကြည်နိုင်လောက်ဘွယ်ဖြစ်ပြီး ကျမ်းစာထောက်ခံချက်များကို ရှင်းလင်းစွာတင်ပြထားသည်။ ရောင်စုံဝေစာများဖြစ်၍လည်း ဓမ္မအမှုတွင် အကျိုးများစွာဖြစ်ထွန်းသည့် အသုံးဝင်စာပေများဖြစ်သည်။ နေရာတိုင်းရှိသူများအား ဝေငှပေးရန် နိုးနိုးကြားကြားရှိပါ။
လယ်ကွင်းလုပ်ငန်းတွင်
၅ တစ်အိမ်မှတစ်အိမ် အမှုဆောင်ချိန်တွင် နိုင်ငံတော်သတင်းကို စိတ်ဝင်စားမှု နှိူးဆွပေးရန် ဝေစာများ၏ စဉ်းစားစေသော ခေါင်းစဉ်များကို အခွင့်အရေးယူ အသုံးပြုဖူးသလော။ အချို့ကြေညာသူများသည် သူတို့နိဒါန်းတွင်ပင် ဝေစာ၏ ခေါင်းစဉ်ကို ပေါ်လွင်စေသည်။ ဤနည်းကို စမ်းကြည့်ပါ။ သင်ပြောနိုင်သည်မှာ “နေကောင်းလား။ တွေ့ရတာဝမ်းသာတယ်။ အရေးကြီးတဲ့သတင်းတစ်ခုကို ကြေညာပေးဖို့ ကျွန်တော်တာဝန်လက်ခံယူခဲ့တယ်။ ဒီဝေစာ Life in a Peaceful New World တွင် ရှိတယ်။ ဒါသင့်အတွက်ပါ။ အခမဲ့ပါ။ [အိမ်ရှင်အားပေးပြီး မျက်နှာဖုံးကို ဂရုပြုစေပါ။] ဒီလိုငြိမ်းချမ်းတဲ့နေရာမျိုးမှာ မနေချင်ဘူးလား။” ယင်းနောက် အခြေအနေပေးလျှင် အပြန်အလှန်စကားအတွက်အကြောင်းအရာကို ဆက်ပြောပါ။ ထိုနောက် ဝေရမည့်စာပေကို ဝေငှလိုက်ပါ။
၆ သင်နေထိုင်သည့် အရပ်ဒေသပေါ်မူတည်ပြီး သင့်စကားများသည် သမ္မာကျမ်းစာအတိုင်းဖြစ်ကြောင်း ပြောပြလျှင် ကောင်းပေမည်။ Why You Can Trust the Bible ဝေစာသည် သင့်ရပ်ကွက်အတွက် အထူးကောင်းပေမည်။ ဥပမာ၊ သင်က “ကျမ်းစာမှသတင်းတစ်ခုကို အခမဲ့ ပြောဆိုဝေငှပေးနေတယ်။ ဒါသင့်အတွက်ဖြစ်တယ်။ [အိမ်ရှင်လက်ထဲထည့်ပေးပါ။] သမ္မာကျမ်းစာအကြောင်းဖြစ်တယ်ဆိုတာ သတိပြုကြည့်ပါ။ အခုလူတွေကျမ်းစာကို အယုံအကြည်မရှိတော့ဘူးလို့ထင်သလား။ [ဖြေပါစေ။] သမ္မာကျမ်းစာ ပြောဆိုသမျှကို ကျွန်ုပ်တို့ဘာကြောင့် စိတ်ချနိုင်တယ်ဆိုတာကို ဒီဝေစာက သဘောပေါက်စေမယ်။” အပြန်အလှန်စကားအတွက် အကြောင်းအရာကိုဆက်ပြောကါ ကမ္ဘာအတွက် ဘုရားသခင်ရည်ရွယ်ထားသည့် ကောင်းချီးမင်္ဂလာများအကြောင်း ပြောပြပါ။
၇ ကျမ်းစာဆိုင်ရာ ဝေစာများ ဝေငှပေးခြင်းသည် “သတင်းကောင်း” ဟောပြောနည်းကောင်းဖြစ်ကြောင်း ကြာမြင့်စွာစမ်းသပ်ခဲ့ပေပြီ။ (မ၊ ၂၄:၁၄) ကျွန်ုပ်တို့၏ ဓမ္မအမှုတွင် အရေးကြီးကဏ္ဍ၌ ပါဝင်ပြီး အလွတ်သဘောသက်သေခံခြင်းအတွက် ထိရောက်ပေသည်။ ကျွန်ုပ်တို့၏ လှပသောဝေစာများကို အသုံးပြုပြီး ကောင်းစွာသက်သေခံကြစို့။ သို့ဖြင့် သူတစ်ပါးအား ဘုရားသခင့်နိုင်ငံတော်အကြောင်း သိစေကြစို့။