ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၁၄ စာ. ၂
  • ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ—နာဟုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ—နာဟုံ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • နာဟုံ၊ ဟဗက္ကုတ်နှင့် ဇေဖနိကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဘုရားသခင်ကလဲ့စားချေသည့်အခါ ကယ်တင်ခြင်းရနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • နာဟုံ မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
နဓ ၉/၁၄ စာ. ၂

ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ —နာဟုံ

၁။ နာဟုံကျမ်းကနေ ကျွန်ုပ်တို့ ဘာသိရှိရသလဲ။

၁ နာဟုံ ကြိုဟောထားတဲ့အတိုင်း ယေဟောဝါဘုရားဟာ ရန်သူတွေကို ကလဲ့စားချေတဲ့ဘုရားဖြစ်ပြီး အင်အားကြီးတဲ့ ရန်သူတွေတောင် ကိုယ်တော့်ကို အန်တုနိုင်မှာ မဟုတ်ဘူးဆိုတာ ရှေးခေတ်နိနေဝေမြို့ရဲ့ အပျက်အယွင်းတွေက သက်သေထူနေတယ်။ (နာ. ၁:၂၊ ၆) နာဟုံရဲ့ ပရောဖက်ပြုချက်ကို သေချာလေ့လာကြည့်တဲ့အခါ အမှုဆောင်လုပ်ငန်းအတွက် သင်ခန်းစာတွေကို ရရှိနိုင်ပါတယ်။

၂။ နာဟုံတင်ဆက်သလိုမျိုး ကျွန်ုပ်တို့လည်း သတင်းကောင်းအဖြစ် ဘယ်လို တင်ဆက်နိုင်သလဲ။

၂ နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်ပေး– နာဟုံကျမ်းကို အပေါ်ယံဖတ်ကြည့်တဲ့အခါ အဆီးရီးယားလူမျိုးရဲ့ ခိုင်ခံ့တဲ့မြို့တော် နိနေဝေကို ဖျက်ဆီးမယ့် ကြေညာချက်ကိုပဲ မှတ်တမ်းတင်ထားတယ်လို့ ထင်ရနိုင်တယ်။ (နာ. ၁:၁; ၃:၇) ဒါပေမဲ့ ဒီကြေညာချက်က ယေဟောဝါဘုရားရဲ့ လူတွေအတွက်တော့ သတင်းကောင်းပဲ။ နာဟုံဆိုတဲ့နာမည်က “နှစ်သိမ့်ပေးသူ” လို့အဓိပ္ပာယ်ရှိတယ်။ မကြာခင် ရန်သူတွေ ရှိတော့မှာမဟုတ်ဘူးဆိုတဲ့ သတင်းနဲ့ ဂျူးတွေကို သူ နှစ်သိမ့်ပေးခဲ့တယ်။ ယေဟောဝါဘုရားဟာ “ဒုက္ခရောက်တဲ့နေ့မှာ ရဲတိုက်” ဖြစ်တယ်လို့လည်း နာဟုံ အာမခံခဲ့တယ်။ (နာ. ၁:၇၊ ကဘ) ကျွန်ုပ်တို့လည်း သတင်းကောင်းကို ဟောပြောပြီး ယေဟောဝါဘုရားကို ခိုလှုံဖို့ လူတွေကို တိုက်တွန်းကြပါတယ်။—နာ. ၁:၁၅။

၃။ ပုံဥပမာတွေအသုံးပြုခဲ့တဲ့ နာဟုံကို ဘယ်လိုတုပနိုင်သလဲ။

၃ ပုံဥပမာတွေကို အသုံးပြုပါ– နိနေဝေမြို့ရဲ့ ပျက်စီးခြင်းကို အီဂျစ်ပြည်ရဲ့ မြို့တစ်မြို့ဖြစ်တဲ့ သီးဘီး (နောမုန်) မြို့ရဲ့ ပျက်စီးခြင်းနဲ့ နှိုင်းယှဉ်ဖော်ပြဖို့ နာဟုံကို ယေဟောဝါဘုရား မိန့်မှာခဲ့တယ်။ သီးဘီးမြို့ဟာ အဆီးရီးယားလူတွေ အရင်က ဖျက်ဆီးခဲ့တဲ့မြို့ဖြစ်တယ်။ (နာ. ၃:၈-၁၀) ကျွန်ုပ်တို့လည်း ဒီစနစ်ဆိုးကြီး ပျက်စီးတော့မယ့်အကြောင်း ပြောတဲ့အခါ ယေဟောဝါဘုရားရဲ့စကားတွေဟာ တစ်လုံးမကျန် ပြည့်စုံခဲ့တယ်ဆိုတာ ဖော်ပြတဲ့ ကျမ်းစာပရောဖက်ပြုချက်တွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာ၊ ဗာဗုလုန်နဲ့ မေဒိလူတွေဟာ ဘီစီ ၆၃၂ မှာနိနေဝေမြို့ကို လာတိုက်တဲ့အခါ မိုးအကြီးအကျယ်ရွာပြီး တိုက်ဂရစ္စမြစ်ရေလျှံခဲ့တဲ့အတွက် ခိုင်ခံ့တဲ့မြို့ရိုးတွေ ပြိုလဲသွားတယ်။ အဲဒီနောက် နိနေဝေမြို့ဟာ ယေဟောဝါပြောတဲ့အတိုင်း အလျင်အမြန် ကျဆုံးသွားတယ်။—နာ. ၁:၈; ၂:၆။

၄။ အမှုဆောင်လုပ်ငန်းမှာ ရှင်းရှင်းလင်းလင်းနဲ့ နားလည်လွယ်အောင် ဘယ်လိုပြောပြနိုင်သလဲ။

၄ ရှင်းရှင်းလင်းလင်းနဲ့ နားလည်လွယ်အောင်ပြောပါ– နာဟုံဟာ ရုပ်လုံးပေါ်အောင် ရေးထားတဲ့အတွက် သူပြောချင်တဲ့ အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ (နာ. ၁:၁၄; ၃:၁) ကျွန်ုပ်တို့လည်း နားလည်လွယ်တဲ့ အသုံးအနှုန်းတွေကို သုံးချင်ကြတယ်။ (၁ ကော. ၁၄:၉) တစ်အိမ်တက်ဆင်းသွားတဲ့အခါ လာရတဲ့အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း ပြောပြပါ။ ကျမ်းစာသင်ပေးတဲ့အခါ ယေဟောဝါဘုရားနဲ့ ကိုယ်တော့်ရဲ့စကားတော်အပေါ် ယုံကြည်ခြင်း တိုးများလာအောင်၊ ကျမ်းစာသတင်းတရားက သူတို့အတွက် ဘယ်လိုအကျိုးရှိတယ်ဆိုတာ နားလည်လာအောင် ကူညီပေးပါ။—ရော. ၁၀:၁၄။

၅။ နာဟုံရဲ့ ကြိုဟောချက်ကနေ ဘာနှစ်သိမ့်မှု ရနိုင်သလဲ။

၅ နာဟုံဟာ ယေဟောဝါဘုရားရဲ့ စကားတွေ အတိအကျ ပြည့်စုံလာမယ်ဆိုတာ ယုံကြည်ခဲ့တယ်လို့ နာဟုံကျမ်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ စာတန့်စနစ် ကုန်ဆုံးဖို့ နီးလာတာနဲ့အမျှ “ဒုက္ခက ဒုတိယအကြိမ် ရောက်လာမှာမဟုတ်ဘူး” ဆိုတဲ့ ဘုရားပေးကတိကနေ ကျွန်ုပ်တို့ နှစ်သိမ့်မှု ရနိုင်ပါတယ်။—နာ. ၁:၉၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ