ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ နိုဝင်ဘာ စာ. ၃၁
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာပြစ်တင်ဝေဖန်သူများကို အကျပ်ရိုက်စေသော ပျောက်ဆုံးခဲ့သည့်အင်ပါယာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • နာဟုံ မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • နာဟုံ၊ ဟဗက္ကုတ်နှင့် ဇေဖနိကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဘုရားသခင်ကလဲ့စားချေသည့်အခါ ကယ်တင်ခြင်းရနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ နိုဝင်ဘာ စာ. ၃၁
နိနဝေမြို့ အဆောက်အအုံတွေကို ပန်းချီဆရာတစ်ယောက် စိတ်ကူးပုံဖော်ထားပုံ။

နိနဝေမြို့မှာ ခမ်းနားကြီးကျယ်တဲ့ အဆောက်အအုံတွေ ရှိ

သင် သိပါသလား

ယောနခေတ်ပြီးနောက် နိနဝေမြို့ကြီး ဘာဖြစ်သွားသလဲ

ဘီစီ ခုနစ် ရာစုလောက်မှာ အဆီးရီးယားဟာ ကမ္ဘာ့အကြီးဆုံး အင်ပါယာ ဖြစ်လာတယ်။ “အနောက်ဘက် ဆိုက်ပရပ်ကနေ အရှေ့ဘက် အီရန်အထိ ကျယ်ပြန့်တယ်။ အီဂျစ်ပြည်ကိုတောင် အချိန်အတိုင်းအတာ တစ်ခုထိ အုပ်ချုပ်ခဲ့တယ်” လို့ ဗြိတိသျှ ပြတိုက် ဝက်ဘ်ဆိုက်တစ်ခုမှာ ဖော်ပြထားတယ်။ မြို့တော် နိနဝေဟာ ကမ္ဘာ့အကြီးဆုံးမြို့ ဖြစ်ခဲ့တယ်။ ခမ်းနားကြီးကျယ်တဲ့ အဆောက်အအုံတွေ၊ ပန်းခြံတွေ၊ နန်းတော်တွေ၊ စာကြည့်တိုက်တွေ ရှိတယ်။ ရှေးနိနဝေမြို့ နံရံပေါ် ရေးထွင်းထားတဲ့ စာတွေမှာ ဘုရင် အာရှုဗာနိပါလ်ဟာ တခြား အဆီးရီးယား ဘုရင်တွေလိုပဲ ကိုယ့်ကိုယ်ကိုယ် “တစ်လောကလုံးရဲ့ ရှင်ဘုရင်” လို့ ခေါ်ထားတယ်။ အဆီးရီးယားနဲ့ နိနဝေဟာ မရှုံးနိမ့်နိုင်တဲ့ အခြေအနေ ရှိခဲ့ပုံပဲ။

ဘီစီ ခုနစ်ရာစု အဆီးရီးယား အင်ပါယာ နယ်နိမိတ်ပြ မြေပုံ။ မြေပုံပေါ်က နေရာတွေက အီဂျစ်၊ ဆိုက်ပရပ်ကျွန်း၊ နိနဝေမြို့တို့ ဖြစ်။

တန်ခိုးအာဏာ ကြီးမားတဲ့ အဆီးရီးယား ကမ္ဘာ့အင်ပါယာဟာ တစ်ချိန်က ကမ္ဘာပေါ်မှာ သျှမ်းသျှမ်းတောက် အင်ပါယာ ဖြစ်ခဲ့

အဆီးရီးယားတွေ တန်ခိုးအာဏာ အကြီးမားဆုံး ဖြစ်ချိန်မှာ ယေဟောဝါရဲ့ ပရောဖက် ဇေဖနိက ‘အဆီးရီးယားကို [ယေဟောဝါ] ဖျက်ဆီးမယ်။ နိနဝေမြို့ကို ဖျက်ဆီးမှာ ဖြစ်လို့ ကန္တာရလို ခြောက်သွေ့သွားမယ်’ လို့ ကြိုဟောတယ်။ ယေဟောဝါရဲ့ ပရောဖက် နာဟုံလည်း ‘ငွေကို လုယက်ကြ။ ရွှေကိုလည်း လုယက်ကြ။ . . . မြို့က ဟာလာဟင်းလင်း ဖြစ်သွားပြီ။ လူသူကင်းမဲ့ပြီး ပျက်စီးသွားပြီ။ . . . မြင်သူတိုင်းက မင်းဆီကနေ ထွက်ပြေးပြီး “နိနဝေမြို့ ပျက်စီးသွားပြီ” လို့ ပြောလိမ့်မယ်’ ဆိုပြီး ကြိုဟောတယ်။ (ဇေ. ၂:၁၃။ နာ. ၂:၉၊ ၁၀။ ၃:၇) အဲဒီကြိုဟောချက်တွေကို ကြားတဲ့အခါ ‘ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီလောက် တန်ခိုးအာဏာကြီးတဲ့ အဆီးရီးယားကို ဘယ်သူ အောင်နိုင်မှာလဲ’ လို့ လူတွေ စဉ်းစားမိမှာပဲ။

နိနဝေမြို့ လူသူကင်းမဲ့ ပျက်စီးသွား

ဒါပေမဲ့ မဖြစ်နိုင်တာ ဖြစ်ခဲ့တယ်။ ဘီစီ ခုနစ် ရာစု ကုန်ခါနီးမှာ အဆီးရီးယားကို ဗာဗုလုန်နဲ့ မီးဒီးယားတွေ အောင်နိုင်ခဲ့တယ်။ နောက်ဆုံး၊ နိနဝေမြို့ လူသူဆိတ်သုဉ်း ပျက်စီးသွားတယ်။ “ကျမ်းစာထဲမှာ ပါလို့သာ နိနဝေမြို့အကြောင်း လူတွေ သိကြတာ” လို့ နယူးယောက် အနုပညာ ပြတိုက် ထုတ်ဝေတဲ့ စာပေတစ်ခုမှာ ဖော်ပြထားတယ်။ ၁၈၀၀ ပြည့်လွန်နှစ်တွေ အစောပိုင်းမှာ “အဆီးရီးယားရဲ့ မြို့တော်ကြီး တကယ် တည်ရှိခဲ့သလားဆိုတာ ဘယ်သူမှ မသိကြတော့ဘူး” လို့ ကျမ်းစာ ရှေးဟောင်း သုတေသန အဖွဲ့အစည်းက ပြောတယ်။ ၁၈၄၅ မှာတော့ နိနဝေမြို့ အပျက်အယွင်းတွေကို ရှေးဟောင်း သုတေသန ပညာရှင် အော်စတင် ဟန်နရီ လေးယာ့ဒ် စတင် တူးဖော်တွေ့ရှိတယ်။ ရှာဖွေတွေ့ရှိမှုတွေက နိနဝေမြို့ဟာ တစ်ချိန်က ကြီးကျယ်ခမ်းနားတဲ့ မြို့ ဖြစ်မှန်း သက်သေထူတယ်။

နိနဝေမြို့နဲ့ပတ်သက်တဲ့ ကြိုဟောချက်တွေ အတိအကျ ပြည့်စုံတာက ဒီနေ့ခေတ် နိုင်ငံရေး ဆုံးခန်းနဲ့ပတ်သက်တဲ့ ကျမ်းစာကြိုဟောချက်တွေ ပြည့်စုံမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု ခိုင်မာစေတယ်။—ဒံ. ၂:၄၄။ ဗျာ. ၁၉:၁၅၊ ၁၉-၂၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ