စက်တင်ဘာ ၁၄ အပတ်အတွက်ဇယား
စက်တင်ဘာ ၁၄ မှာစမယ့်အပတ်
သီချင်း ၅၀ နဲ့ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၃၀၊ အပိုဒ် ၁၀-၁၈ (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ၄ ဓမ္မရာဇဝင် ၁၆-၁၈ (၈ မိ.)
နံပါတ် ၁– ၄ ဓမ္မရာဇဝင် ၁၇:၁၂-၁၈ (၃ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ကျမ်းစာဖတ်ရှုခြင်းကနေ ဘယ်လိုနည်းနဲ့ အကျိုးအပြည့်အဝ ရနိုင်သလဲ—igw စ. ၃၂ (၅ မိ.)
နံပါတ် ၃– ဘုရားမှန်ကိုကိုးကွယ်ရာ၌ အထောက်အကူသဘောဖြင့်သာ ရုပ်တုများကိုသုံးလျှင် ရမည်လော—rs စ. ၂၆၇ အပိုဒ် ၁-၅ (၅ မိ.)
ဒီလအတွက် အဓိကအကြောင်းအရာ– ‘သတင်းကောင်းကို စေ့စေ့စပ်စပ်သက်သေခံပါ။’ —တ. ၂၀:၂၄။
၁၀ မိ– ‘သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံပါ။’ ဒီလအတွက် အဓိကအကြောင်းအရာနဲ့ စေ့စေ့စပ်စပ် သက်သေခံလော့စာအုပ် အခန်း ၁၊ အပိုဒ် ၁-၁၁ တို့ကိုအခြေခံပြီး ဟောပြောပါ။—တ. ၂၀:၂၄။
၂၀ မိ– “အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—စီးပွားရေးရပ်ကွက်မှာ သက်သေခံခြင်း။” ဆွေးနွေးပါ။ သရုပ်ပြနှစ်ခုကို အတိုချုပ်တင်ဆက်ပါ။ ပထမ၊ ညီအစ်ကို/မတစ်ဦးက လိမ္မာပါးနပ်မှုမရှိဘဲ စီးပွားရေးရပ်ကွက်မှာ သက်သေခံဖို့ကြိုးစားနေပုံကို တင်ဆက်ပါ။ ဒုတိယ၊ အဲဒီညီအစ်ကို/မကပဲ လိမ္မာပါးနပ်မှုနဲ့ သက်သေခံပုံကို တင်ဆက်ပါ။ ပြီးနောက် ဒုတိယတင်ဆက်နည်းက ဘာကြောင့် ပိုပြီးထိရောက်မှုရှိသလဲဆိုတာကို မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါ။
သီချင်း ၉၆ နဲ့ဆုတောင်းချက်