ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၁၅ စာ. ၃
  • သတင်းကောင်းဘရိုရှာနဲ့ သင်ပေးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်းဘရိုရှာနဲ့ သင်ပေးပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူမျိုးအားလုံးအတွက် သတင်းကောင်းဘရိုရှာကို အသုံးပြုပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • သတင်းကောင်း ဘရိုရှာကိုသုံးပြီး ကျမ်းစာသင်အံမှု ကျင်းပနိုင်ပုံ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • တောင်းဆိုဘရိုရှာဖြင့် သင်အံမှုများစခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ကြီးပွားရန် ယေဟောဝါအပေါ် မှီခိုအားထား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
နဓ ၉/၁၅ စာ. ၃

သတင်းကောင်းဘရိုရှာနဲ့ သင်ပေးပါ

၁။ သတင်းကောင်းဘရိုရှာကို ဘယ်လိုပုံစံနဲ့ထုတ်ဝေထားတာလဲ။

၁ သွန်သင်ခြင်းကိရိယာတွေထဲမှာ အရေးပါတဲ့ကိရိယာတစ်ခုက လူမျိုးအားလုံးအတွက် သတင်းကောင်းဘရိုရှာဖြစ်တယ်လို့ ဇူလိုင်လထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှာ ဆွေးနွေးခဲ့ပြီးပြီ။ ဒီဘရိုရှာထဲမှာ ကျမ်းချက်တွေကို ညွှန်းထားတာပဲရှိတဲ့အတွက် အိမ်ရှင်တွေက ကျမ်းစာကနေ တိုက်ရိုက်ဖတ်ရှု သင်ယူနိုင်ပါတယ်။ လေ့လာရန်စာပေအများစုကို လူတွေ သူတို့ဘာသာသူတို့ ဖတ်နိုင်တဲ့ပုံစံနဲ့ရေးထားပါတယ်။ ဒီဘရိုရှာကိုတော့ သင်ပေးတဲ့သူနဲ့အတူ ဆွေးနွေးနိုင်တဲ့ပုံစံနဲ့ ရေးထားတယ်။ ဒါကြောင့် ဒီဘရိုရှာဝေငှတဲ့အခါ ကျမ်းစာကနေ သတင်းကောင်းကို အိမ်ရှင်သိရှိနိုင်ဖို့ လေ့လာမှုအစီအစဉ်ကိုပြပေးဖို့ ကြိုးစားသင့်တယ်။—မ. ၁၃:၄၄။

၂။ အမှုဆောင်မှာ သတင်းကောင်းဘရိုရှာကို ဘယ်လိုအသုံးပြုနိုင်သလဲ။

၂ အမှုဆောင်မှာ– သင် ဒီလိုပြောနိုင်ပါတယ်– “အနာဂတ်နဲ့ပတ်သက်ပြီး လူတွေ စိုးရိမ်နေကြတယ်။ အနာဂတ်မှာ အခြေအနေတွေ ကောင်းလာမယ်လို့ မိတ်ဆွေထင်သလား။ [အဖြေကိုစောင့်ပါ။] အနာဂတ်အခြေအနေတွေ ကောင်းလာမယ်လို့ ကျမ်းစာမှာ ကတိပေးထားတယ်။ ဒီစာစောင်ထဲမှာ မေးခွန်းတချို့ကို ကျမ်းစာနဲ့ဖြေဆိုပေးထားပါတယ်။” အိမ်ရှင်ကို ဒီဘရိုရှာပေးလိုက်ပါ။ ပြီးတော့ နောက်ကျောဖုံးကိုပြပြီး မေးခွန်းတစ်ခုကို ရွေးခိုင်းပါ။ သူရွေးထားတဲ့အခန်းရဲ့ ပထမဆုံးအပိုဒ်နဲ့ လေ့လာမှုအစီအစဉ်ကို သရုပ်ပြပေးပါ။ ဒါမှမဟုတ် ကိုယ်ရွေးထားတဲ့အခန်းတစ်ခန်းကိုမူတည်ပြီး အိမ်ရှင်စိတ်ဝင်စားမယ့် မေးခွန်းတွေမေးပါ။ ပြီးတော့ ကျမ်းစာအဖြေ ရှာတွေ့နိုင်အောင် ဒီဘရိုရှာက ဘယ်လိုထောက်ကူပေးသလဲဆိုတာ သရုပ်ပြပေးပါ။ ကိုယ်ဆွေးနွေးမယ့်အခန်းနဲ့ ကိုက်ညီတဲ့ဗီဒီယို jw.org ထဲမှာ ရှိမယ်ဆိုရင် ညီအစ်ကိုညီအစ်မတချို့က သရုပ်ပြနေချိန် အဲဒီဗီဒီယိုကို ဖွင့်ပြကြတယ်။

၃။ သတင်းကောင်းဘရိုရှာနဲ့ သင်အံမှုလုပ်နိုင်ပုံကို ရှင်းပြပါ။

၃ သင်အံမှုကျင်းပပုံ– (၁) အဓိကအချက်ကို အိမ်ရှင်သတိပြုမိအောင် စာလုံးမည်းနဲ့ရေးထားတဲ့ မေးခွန်းကိုဖတ်ပါ။ (၂) အဲဒီမေးခွန်းအောက်က စာပိုဒ်ကိုဖတ်ပါ။ (၃) စာလုံးမည်းနဲ့ရေးထားတဲ့ ကျမ်းချက်တွေကို ဖတ်ပါ။ မေးခွန်းရဲ့ကျမ်းစာအဖြေကို အိမ်ရှင်သိအောင် လိမ္မာပါးနပ်စွာ မေးခွန်းမေးပါ။ (၄) အဲဒီမေးခွန်းအောက်မှာ နောက်အပိုဒ်တစ်ပိုဒ်ရှိသေးတယ်ဆိုရင် နံပါတ် ၂ နဲ့ ၃ အတိုင်း ပြန်လုပ်ပါ။ အဲဒီမေးခွန်းနဲ့ကိုက်ညီတဲ့ဗီဒီယို အိမ်ရှင်ကို မပြရသေးရင် ဆွေးနွေးနေချိန်မှာ ဖွင့်ပြပါ။ (၅) နောက်ဆုံး၊ အိမ်ရှင်သဘောပေါက်မပေါက်သိနိုင်ဖို့ အဲဒီမေးခွန်းကို ပြန်မေးပါ။

၄။ သတင်းကောင်းဘရိုရှာကို ကျွမ်းကျင်စွာအသုံးပြုတတ်အောင် ဘာကကူညီပေးမလဲ။

၄ သတင်းကောင်းဘရိုရှာကို အကျွမ်းတဝင်ရှိအောင် လုပ်ထားပါ။ အခွင့်ရေးရတိုင်း အသုံးပြုပါ။ သင်အံမှုမလုပ်ခင် သင်သားအကြောင်းစဉ်းစားပါ၊ အခန်းမှာပါတဲ့ ကျမ်းချက်တွေကိုသုံးပြီး သူနဲ့ ကျိုးကြောင်းဆင်ခြင်နိုင်မယ့် အကောင်းဆုံးနည်းကို သုံးသပ်ပါ။ (သု. ၁၅:၂၈; တ. ၁၇:၂၊ ၃) ဒီဘရိုရှာကို ကျွမ်းကျင်စွာအသုံးပြုတတ်လာပြီဆိုရင် အမှန်တရားသင်ပေးဖို့ သင်အကြိုက်ဆုံးကိရိယာတစ်ခုအဖြစ် ယူမှတ်လာပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ