ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
မတ် ၅-၁၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | မဿဲ ၂၀–၂၁
“ကြီးမြတ်ချင်သူတိုင်း အစေခံဖြစ်ရမယ်”
nwtsty မီဒီယာ
ဈေး
တချို့ဈေးတွေက ဒီမှာပြထားသလို လမ်းတစ်လျှောက်မှာ ရှိတယ်။ ဈေးသည်တွေက ကုန်ပစ္စည်းတွေကို လမ်းပေါ်မှာ ချရောင်းလို့ လမ်းတွေ ပိတ်တဲ့အခါတွေလည်း ရှိတယ်။ ဒေသခံတွေဟာ အိမ်သုံးပစ္စည်းတွေ၊ အိုးခွက် ပန်းကန်တွေ၊ တန်ဖိုးကြီး ဖန်ထည်ပစ္စည်းတွေ၊ လတ်ဆတ်တဲ့ အစားအစာတွေ ဝယ်ကြတယ်။ ရေခဲသေတ္တာမရှိလို့ နေ့တိုင်း ဈေးလာပြီး ပစ္စည်းတွေ ဝယ်ရတယ်။ ဈေးဝယ်သူတွေဟာ ကုန်သည်တွေ၊ တခြားဧည့်သည်တွေဆီကနေ သတင်းပေါင်းစုံ ကြားနိုင်တယ်၊ ကလေးတွေ ကစားနိုင်တယ်၊ အလုပ်လက်မဲ့တွေက အလုပ်သမားငှားမယ့်သူကို စောင့်နေနိုင်တယ်။ ဈေးမှာ လူနာတွေကို ယေရှု ကုသပေးတယ်၊ ပေါလု သတင်းကောင်းဟောတယ်။ (တ ၁၇:၁၇) ဇဒ္ဒုကဲနဲ့ ဖာရိရှဲတွေဟာ ဈေးမှာ အာရုံစိုက်ခံချင်၊ နှုတ်ဆက်ခံချင်ကြတယ်။
nwtsty မ ၂၀:၂၀၊ ၂၁ လေ့လာမှု မှတ်စု
ဇေဗေဒဲရဲ့ဇနီး– တမန်တော်ယာကုပ်နဲ့ ယောဟန်ရဲ့ အမေ။ မာကုကျမ်းမှာတော့ ယေရှုအနားလာသူတွေက ယာကုပ်နဲ့ ယောဟန်လို့ ဖော်ပြထားတယ်။ အဓိက တောင်းဆိုသူတွေဟာ သူတို့နှစ်ယောက်ဖြစ်မှန်း ထင်ရှားတယ်။ ဒါပေမဲ့ ယေရှုရဲ့ အဒေါ်၊ သူတို့ရဲ့ အမေ ရှာလုံကတစ်ဆင့် တောင်းဆိုတာဖြစ်တယ်။—မ ၂၇:၅၅၊ ၅၆။ မာ ၁၅:၄၀၊ ၄၁။ ယဟ ၁၉:၂၅။
ဘယ်ဘက်မှာ တစ်ယောက်၊ ညာဘက်မှာ တစ်ယောက်– ရာထူးနှစ်ခုစလုံးက ဂုဏ်အသရေ၊ အခွင့်အာဏာကို ဖော်ပြတယ်။ ဒါပေမဲ့ အကြီးမြတ်ဆုံး ဂုဏ်အသရေရှိတဲ့ နေရာကတော့ ညာဘက်ဖြစ်တယ်။—ဆ ၁၁၀:၁။ တ ၇:၅၅၊ ၅၆။ ရ ၈:၃၄။
nwtsty မ ၂၀:၂၆၊ ၂၈ လေ့လာမှု မှတ်စု
အစေခံ– တခြားသူတွေအတွက် နှိမ့်နှိမ့်ချချ၊ အားကြိုးမာန်တက် လုပ်ကိုင်ပေးသူကို ရည်ညွှန်းရာမှာ ဒိုင်အာကိုနော့စ် ဆိုတဲ့ ဂရိစကားလုံးကို ကျမ်းစာက အသုံးပြုလေ့ရှိတယ်။ ခရစ်တော် (ရ ၁၅:၈)၊ ခရစ်တော်ရဲ့ အမှုဆောင် (၁က ၃:၅-၇။ ကော ၁:၂၃)၊ အသင်းတော်အမှုထမ်း (ဖိ ၁:၁။ ၁တိ ၃:၈)၊ အစေခံ ဒါမှမဟုတ် ဧည့်ခံတဲ့သူ (ယဟ ၂:၅၊ ၉) အာဏာပိုင် (ရ ၁၃:၄) တွေအကြောင်း ဖော်ပြရာမှာ ဒီအသုံးအနှုန်းကို အသုံးပြုတယ်။
သူတစ်ပါးကို စေခိုင်းဖို့ မဟုတ်ဘူး။ သူတစ်ပါးအစေကိုခံဖို့– ဒါမှမဟုတ် ခိုင်းဖို့ မဟုတ်ဘဲ အခိုင်းခံဖို့။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
nwtsty မ ၂၁:၉ လေ့လာမှု မှတ်စု
ကယ်တင်ပေးပါ– မူရင်း၊ “ဟောရှဏ္ဏ။” ဒီဂရိစကားလုံးဟာ “ကယ်တင်ပေးပါ၊ ဆုတောင်းပါတယ်” ဒါမှမဟုတ် “ကျေးဇူးပြု၍ ကယ်တင်ပေးပါ” ဆိုတဲ့ ဟီဘရူး အသုံးအနှုန်းကနေ ဆင်းသက်လာတယ်။ ကယ်တင်ပေးဖို့၊ အောင်ပွဲခံစေဖို့ ဘုရားသခင်ကို အသနားခံ တောင်းလျှောက်ရာမှာ ဒီအသုံးအနှုန်းကို သုံးတယ်။ “ကယ်တင်ခြင်းကျေးဇူး အပ်နှင်းပါ” လို့လည်း ပြန်ဆိုနိုင်တယ်။ ဒါက ဆုတောင်းချက်ဖြစ်သလို၊ ချီးမွမ်းစကားလည်း ဖြစ်တယ်။ ပသခါပွဲရာသီမှာ သီဆိုတဲ့ ဟာလဲ ဆာလံသီချင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဆာလံ ၁၁၈:၂၅ မှာ ဒီအသုံးအနှုန်းကို တွေ့နိုင်တယ်။ ဒါကြောင့် အဲဒီအခါသမယမှာ အဲဒီစကားတွေကို အလိုလို သတိရလာတယ်။ ဒါဝိဒ်ရဲ့ သားတော်ကို ကယ်တင်ပါဆိုတဲ့ ဆုတောင်းချက်ကို ဘုရားသခင် အဖြေပေးတဲ့ နည်းတစ်နည်းက ယေရှုကို အသက်ပြန်ရှင်စေခြင်းဖြစ်တယ်။ မ ၂၁:၄၂ မှာ ယေရှုကိုယ်တိုင် ဆ ၁၁၈:၂၂၊ ၂၃ ကို ကိုးကားပြီး မေရှိယနဲ့ သက်ဆိုင်ကြောင်း ဖော်ပြခဲ့တယ်။
ဒါဝိဒ်ရဲ့သား– ယေရှု ဆင်းသက်လာတဲ့ မျိုးရိုးနဲ့ ကတိထားရာ မေရှိယရဲ့ ကဏ္ဍကို အသိအမှတ်ပြုကြောင်း ဖော်ပြတဲ့ အသုံးအနှုန်း။
သဖန်းပင်ကိုသုံးပြီး ယုံကြည်ခြင်းအကြောင်း သွန်သင်
ယေရှုက အပင်ကို ဘာလို့ကျိန်လိုက်တာလဲ။ သူပြောတဲ့စကားမှာ အဖြေတွေ့နိုင်တယ်– ‘ကျွန်တော် မှန်တာကိုပြောမယ်။ ခင်ဗျားတို့သာ ယုံကြည်ခြင်းရှိမယ်၊ သံသယစိတ်ကင်းမယ်ဆိုရင် သဖန်းပင်ကို ကျွန်တော်လုပ်သလို လုပ်နိုင်လိမ့်မယ်။ ဒါ့အပြင် ဒီတောင်ကို “ဒီနေရာကနေ ရွေ့ပြီး ပင်လယ်ထဲကျစေ” လို့ပြောရင်တောင် အဲဒီအတိုင်း ဖြစ်လိမ့်မယ်။ ယုံကြည်ခြင်းအပြည့်နဲ့ ဆုတောင်းရင် တောင်းသမျှ ရလိမ့်မယ်။’ (မဿဲ ၂၁:၂၁၊ ၂၂) ယုံကြည်ခြင်းရှိရင် တောင်ကိုရွှေ့နိုင်တယ်ဆိုပြီး အစောပိုင်းတုန်းက ပြောခဲ့တဲ့အချက်ကို ယေရှုထပ်ပြောနေတာ။—မဿဲ ၁၇:၂၀။
ဒါကြောင့် အပင်ခြောက်သွားအောင် ယေရှုကျိန်လိုက်တာက ဘုရားသခင်ကို ယုံကြည်ဖို့လိုကြောင်း အရေးကြီးသင်ခန်းစာ သင်ပေးတာပဲ။ ‘ရကိုရမယ်လို့ ယုံကြည်ပြီး ခင်ဗျားတို့ဆုတောင်းရင် တောင်းသမျှ ရလိမ့်မယ်’ လို့ ယေရှုပြောတယ်။ (မာကု ၁၁:၂၄) တပည့်အားလုံးအတွက် သိပ်အရေးကြီးတဲ့ သင်ခန်းစာပါပဲ။ အထူးသဖြင့် မကြာခင်မှာ ခက်ခဲတဲ့စမ်းသပ်မှုတွေ ကြုံရတော့မယ့် တမန်တော်တွေအတွက် တကယ့်ကိုသင့်လျော်တဲ့ သင်ခန်းစာပဲ။ ဒါပေမဲ့ ခြောက်သွားတဲ့သဖန်းပင်နဲ့ ယုံကြည်ခြင်းကြားမှာ ဆက်စပ်မှုတစ်ခု ရှိသေးတယ်။
အဲဒီသဖန်းပင်လိုပဲ အစ္စရေးလူမျိုးကလည်း လှည့်စားတဲ့အသွင်ရှိတယ်။ သူတို့ဟာ ဘုရားနဲ့ပဋိညာဉ်ဖွဲ့ထားတဲ့ လူမျိုးဖြစ်နေတော့ အပြင်ပန်းကြည့်ရင် ဘုရားပညတ်ကို လိုက်နာနေပုံပဲ။ ဒါပေမဲ့ လူမျိုးတစ်မျိုးလုံးအနေနဲ့ကြည့်ရင် ယုံကြည်ခြင်းကင်းမဲ့ပြီး အသီးကောင်းတွေ မသီးကြဘူး။ ဘုရားရဲ့သားကိုတောင် ငြင်းပယ်ကြတယ်။ ယေရှုက အသီးမသီးတဲ့သဖန်းပင်ကို ခြောက်သွေ့စေခြင်းအားဖြင့် ယုံကြည်ခြင်းကင်းမဲ့တဲ့၊ အသီးမသီးတဲ့ အစ္စရေးလူမျိုး ဘယ်လိုနိဂုံးချုပ်မယ်ဆိုတာ ဖော်ပြလိုက်တာပဲ။
မတ် ၁၂-၁၈
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | မဿဲ ၂၂-၂၃
“အရေးကြီးဆုံး ပညတ်နှစ်ခုကို လိုက်နာပါ”
nwtsty မ ၂၂:၃၇ လေ့လာမှု မှတ်စု
စိတ်စွမ်း– ပုံဆောင်သဘောနဲ့ အသုံးပြုတဲ့အခါ လူတစ်ယောက်ရဲ့ အတွင်းလူကို ရည်ညွှန်းတယ်။ “ကိုယ်စွမ်း၊” “ဉာဏ်စွမ်း” နဲ့တွဲဖော်ပြတဲ့အခါ ပိုတိကျတဲ့ အဓိပ္ပာယ်ကို ဖော်ပြပြီး အဓိကအနေနဲ့ လူတစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှု၊ ဆန္ဒ၊ ခံစားချက်တွေကို ရည်ညွှန်းတယ်။ ဒီအသုံးအနှုန်းသုံးခု (စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း) ဟာ တစ်ခုနဲ့တစ်ခု ဆက်နွှယ်မှု ရှိနေတယ်။ အဓိပ္ပာယ်တွေက ခပ်ဆင်ဆင်ပဲ။ ဘုရားသခင်ကို အပြည့်အဝ၊ လုံးလုံးလျားလျား ချစ်ဖို့လိုကြောင်း အလေးနက်ဆုံး ဖော်ပြရာမှာ သုံးတယ်။
ကိုယ်စွမ်း– ဒါမှမဟုတ်၊ “လူပုဂ္ဂိုလ်”
ဉာဏ်စွမ်း– ဉာဏ်ရည်ဉာဏ်စွမ်း။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကိုသုံးပြီး ဘုရားကို သိကျွမ်းနေရ၊ ပိုပိုပြီး ချစ်နေရမယ်။ (ယဟ ၁၇:၃၊ အောက်ခြေမှတ်ချက်။ ရ ၁၂:၁) ဒါက တရ ၆:၅ ကို ကိုးကားတာဖြစ်တယ်။ မူရင်း ဟီဘရူးကျမ်းမှာ ‘စိတ်စွမ်း၊ ကိုယ်စွမ်း၊ ခွန်အား’ ဆိုတဲ့ အသုံးအနှုန်းသုံးခုကို သုံးထားတယ်။ ဒါပေမဲ့ ဂရိစကားနဲ့ပြန်ဆိုထားတဲ့ မဿဲကျမ်းမှာ “ခွန်အား” အစား “ဉာဏ်စွမ်း” ကိုသုံးထားတယ်။ မတူညီတဲ့အသုံးအနှုန်းတွေကို သုံးရတဲ့အကြောင်းရင်း များစွာ ရှိနိုင်တယ်။ ပထမ၊ ရှေးခေတ် ဟီဘရူးမှာ “ဉာဏ်စွမ်း” ဆိုတဲ့ အသုံးအနှုန်း မရှိပေမဲ့ ဒီစကားလုံးဟာ “စိတ်စွမ်း” ဆိုတဲ့ ဟီဘရူးစကားလုံးနဲ့ အယူအဆတူတယ်။ ဒီစကားလုံးကို ပုံဆောင်သဘောနဲ့ သုံးတဲ့အခါ လူတစ်ယောက်ရဲ့ အတွေး၊ ခံစားချက်၊ သဘောထား၊ စိတ်လှုံ့ဆော်မှုတွေ အားလုံး ပါဝင်တယ်။ (တရ ၂၉:၄။ ဆ ၂၆:၂။ ၆၄:၆။ ဒီကျမ်းပိုဒ်မှာပါတဲ့ စိတ်စွမ်း ဆိုတဲ့ လေ့လာမှုမှတ်စုကို ကြည့်ပါ။) ဒီအကြောင်းရင်းတွေကြောင့် ဟီဘရူးကျမ်းမှာ “စိတ်စွမ်း” ဆိုတဲ့ စကားလုံးကို အသုံးပြုတဲ့နေရာမှာ ဂရိ စက်ပ်တွားဂျင့် ကျမ်းက “ဉာဏ်စွမ်း” ဆိုတဲ့ ဂရိစကားလုံးကို သုံးလေ့ရှိတယ်။ (က ၈:၂၁။ ၁၇:၁၇။ ပ ၂:၁၀။ ရှာ ၁၄:၁၃) တရ ၆:၅ ကို ကိုးကားတဲ့အခါ “ခွန်အား” အစား “ဉာဏ်စွမ်း” ဆိုတဲ့ ဂရိစကားလုံးကို မဿဲ အသုံးပြုတဲ့ နောက်အကြောင်းရင်းတစ်ခုက “ခွန်အား” ဆိုတဲ့ ဟီဘရူးစကားလုံးဟာ ကာယခွန်အား၊ စိတ်ဓာတ်ခွန်အား နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်လို့ ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ပါစေ တရားဟောရာကျမ်းကို ကိုးကားတဲ့အခါ ခရစ်ဝင်ကျမ်းရေးသူတွေ တူညီတဲ့စကားလုံးမသုံးရတဲ့ အကြောင်းရင်းကို ရှင်းပြရာမှာ အပြန်အလှန် ဆက်နွှယ်နေတဲ့ ဟီဘရူးနဲ့ ဂရိ အသုံးအနှုန်းတွေက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
nwtsty မ ၂၂:၃၉ လေ့လာမှု မှတ်စု
ဒုတိယ– မ ၂၂:၃၇ ပါစကားက ဖာရိရှဲတစ်ယောက်ရဲ့ မေးခွန်းကို အဖြေပေးတာဖြစ်ပေမဲ့ ယေရှုက မေးခွန်းကို ဖြေဆိုရုံသာမက ဒုတိယပညတ်ကိုလည်း အထောက်အထားနဲ့ ကိုးကားဖော်ပြခဲ့တယ် (ဝ ၁၉:၁၈)။ ဒီပညတ်နှစ်ခုက အပြန်အလှန် ဆက်စပ်နေကြောင်း၊ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းတွေရဲ့ အနှစ်ချုပ်ဖြစ်ကြောင်း သင်ပေးခဲ့တယ်။—မ ၂၂:၄၀။
လူလူချင်း– “လူလူချင်း” လို့ပြန်ဆိုတဲ့ ဂရိစကားလုံး (မူရင်း၊ “အနီးအနားမှာရှိသူ”) ဟာ ကျွန်တော်တို့ရဲ့ အနီးအနားမှာနေထိုင်သူကိုပဲ ဆိုလိုတာ မဟုတ်ဘူး။ အပြန်အလှန်အကျိုးပြုသူတိုင်းကိုလည်း ရည်ညွှန်းတယ်။—လု ၁၀:၂၉-၃၇။ ရ ၁၃:၈-၁၀။
nwtsty မ ၂၂:၄၀ လေ့လာမှု မှတ်စု
ပညတ်ကျမ်း . . . ပရောဖက်ကျမ်း– “ပညတ်ကျမ်း” ဆိုတာက ကမ္ဘာဦးကျမ်းကနေ တရားဟောရာကျမ်းကို ဆိုလိုတယ်။ “ပရောဖက်ကျမ်း” ဆိုတာက ဟီဘရူးကျမ်းစောင်မှာပါတဲ့ ပရောဖက်ကျမ်းတွေကို ဆိုလိုတယ်။ ဒါပေမဲ့ ဒီအသုံးအနှုန်းနှစ်ခုကို တွဲဖော်ပြတဲ့အခါ ဟီဘရူးကျမ်းစောင်တစ်အုပ်လုံးကို ရည်ညွှန်းတယ်လို့ နားလည်နိုင်ပါတယ်။—မ ၇:၁၂။ ၂၂:၄၀။ လု ၁၆:၁၆။
အခြေခံ– “အခြေခံ” ဆိုတဲ့ ဂရိကြိယာက “တည်မီတယ်၊ အခြေပြုတယ်” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ပညတ်တော်ဆယ်ပါး ပါဝင်တဲ့ ပညတ်ကျမ်းနဲ့ ဟီဘရူးကျမ်းစောင်အားလုံးဟာ မေတ္တာပေါ် အခြေခံကြောင်း ယေရှု ဖော်ပြနေတာဖြစ်တယ်။—ရ ၁၃:၉။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
nwtsty မ ၂၂:၂၁ လေ့လာမှု မှတ်စု
ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ– ယေရှုရဲ့ ဒီအဖြေကို ကျမ်းပြိုင်တွေဖြစ်တဲ့ မာ ၁၂:၁၇ နဲ့ လု ၂၀:၂၅ မှာလည်း တွေ့ရတယ်။ ကျမ်းချက်သုံးခုစလုံးက ရောမဧကရာဇ်အကြောင်းကိုပဲ ပြောနေတာဖြစ်တယ်။ “ဆီဇာနဲ့ ဆိုင်တာ” တွေထဲမှာ အစိုးရအာဏာပိုင်တွေ လုပ်ဆောင်ပေးတဲ့ အရာတွေအတွက် ကျသင့်ငွေ ပေးဆောင်ခြင်း၊ သူတို့ရသင့်ရထိုက်တဲ့ ဂုဏ်တင်မှု၊ အတိုင်းအတာတစ်ခုအထိ လက်အောက်ခံမှု ပြခြင်းတို့ ပါဝင်တယ်။—ရ ၁၃:၁-၇။
ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ– ဒီထဲမှာ ကိုယ့်ရဲ့အသက်တာ၊ အကြွင်းမဲ့ ဝတ်ပြုခြင်း၊ ကိုယ်စွမ်းရှိသမျှနဲ့ ချစ်ခြင်း၊ အကြွင်းမဲ့ သစ္စာရှိရှိ နာခံခြင်းတို့ ပါဝင်တယ်။—မ ၄:၁၀။ ၂၂:၃၇၊ ၃၈။ တ ၅:၂၉။ ရ ၁၄:၈။
nwtsty မ ၂၃:၂၄ လေ့လာမှု မှတ်စု
ခြင်ကို စစ်ထုတ်ပေမဲ့ ကုလားအုတ်ကိုတော့ မျိုချနေသူတွေ– ခြင်နဲ့ ကုလားအုတ်ဆိုတာ အစ္စရေးတွေအတွက် အသေးငယ်ဆုံးနဲ့ အကြီးဆုံး မသန့်ရှင်းတဲ့ အကောင်တွေဖြစ်တယ်။ (ဝ ၁၁:၄၊ ၂၁-၂၄) ခြင် ပါမှာစိုးလို့ အဖျော်ယမကာကိုတော့ စစ်သောက်ပြီး ကုလားအုတ်ကိုတော့ မျိုသလိုမျိုး ပညတ်တရားနဲ့ဆိုင်တဲ့ ပိုအရေးကြီးတာတွေကို လစ်လျူရှုတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ယေရှု ချဲ့ကားပြီး သရော်နေတာဖြစ်တယ်။
မတ် ၁၉-၂၅
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | မဿဲ ၂၄
“နောက်ဆုံးကာလမှာ နိုးနိုးကြားကြားရှိပါ”
it-2 ၂၇၉ ၆
မေတ္တာ
မေတ္တာ ခေါင်းပါးသွားနိုင်။ ဘုရားကို ယုံကြည်တယ်လို့ ပြောသူများစွာရဲ့ မေတ္တာ (အဂါးပေး) ခေါင်းပါးသွားမယ်ဆိုပြီး ဖြစ်လာမယ့်အရာတွေအကြောင်း တပည့်တွေကို ယေရှုခရစ် ပြောနေတာ။ (မ ၂၄:၃၊ ၁၂) ခက်ခဲကျပ်တည်းမယ့်ကာလမှာ လူတွေဟာ “ငွေကို တပ်မက်သူ” တွေဖြစ်လာမယ်လို့ တမန်တော်ပေါလု ပြောခဲ့တယ်။ (၂တိ ၃:၁၊ ၂) ဒါကြောင့် လူတွေဟာ မှန်ကန်တဲ့မူတွေကို မျက်ခြည်ပြတ်သွားပြီး ရှိထားတဲ့ စစ်မှန်တဲ့မေတ္တာ တဖြည်းဖြည်း ပျောက်ဆုံးသွားနိုင်တယ်။ အဲဒါက ဘုရားစကားတော် ကျမ်းစာကို တွေးတောဆင်ခြင်ခြင်း၊ ဘုရားရဲ့မူတွေနဲ့အညီ အသက်တာကို ပုံသွင်းခြင်းအားဖြင့် မေတ္တာကို မပြတ် ကျင့်သုံး၊ တိုးပွားစေဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ကို ပေါ်လွင်စေတယ်။—ဧ ၄:၁၅၊ ၂၂-၂၄။
ဘုရားသခင်အပေါ် သင့်တာဝန်ရှိသမျှကို ကျေပွန်နေသလော
၅ ကျွန်ုပ်တို့၏ ခဲယဉ်းသောကာလနှင့် ပတ်သက်၍ ယေရှုခရစ်က ဤသို့ဆိုသည်– “လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍ ရေလွှမ်းမိုးခြင်း ရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။” (မဿဲ ၂၄:၃၇-၃၉) အတော်အသင့် စားခြင်း၊ သောက်ခြင်းသည် မမှားပါ။ အိမ်ထောင်ပြုခြင်းသည် ဘုရားသခင် ကိုယ်တော်တိုင် အစပြုခဲ့သည့် အစီအစဉ်တစ်ခုဖြစ်သည်။ (ကမ္ဘာဦး ၂:၂၀-၂၄) သို့တိုင် အသက်ရှင်ရေးအတွက် သာမန်ကိစ္စဝိစ္စများသည် ကျွန်ုပ်တို့ အဓိက အလေးပေးမှုဖြစ်လာကြောင်း သတိပြုလာလျှင် ယင်းကို ဆုတောင်းကိုင်တွယ်ပါလေ။ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထား၍ မှန်ရာကို လုပ်ဆောင်ရန်နှင့် ကိုယ်တော့်အပေါ် မိမိတို့၏တာဝန်ကို ကျေပွန်စေဖို့ ယေဟောဝါ ကူညီပေးနိုင်ပါသည်။—မဿဲ ၆:၃၃။ ရောမ ၁၂:၁၂။ ၂ ကောရိန္သု ၁၃:၇။
တပည့်တွေဟာ နိုးကြားနေဖို့၊ သတိနဲ့စောင့်နေဖို့၊ အသင့်ရှိနေဖို့ လိုတယ်ဆိုပြီး ယေရှုပြောတယ်။ အဲဒီသတိပေးချက်ကို အလေးပေးဖို့ နောက်ပုံဥပမာတစ်ခုကို ပြောပြတယ်– ‘တစ်ခုတော့ သိထားပါ– အိမ်ရှင်က သူခိုးလာမယ့်အချိန်ကို သိရင် သူ့အိမ်ဖောက်ထွင်းမခံရအောင် မအိပ်ဘဲစောင့်နေလိမ့်မယ်။ ဒါကြောင့် ခင်ဗျားတို့လည်း အသင့်ရှိနေကြပါ။ လူသားဟာ ခင်ဗျားတို့ မထင်မှတ်တဲ့အချိန်မှာ လာမှာဖြစ်လို့ပဲ။’—မဿဲ ၂၄:၄၃၊ ၄၄။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
nwtsty မ ၂၄:၈ လေ့လာမှု မှတ်စု
ဆင်းရဲဒုက္ခ– ဒီဂရိစကားလုံးဟာ မီးဖွားချိန်မှာ ခံစားရတဲ့ ပြင်းထန်တဲ့ နာကျင်မှုကို ရည်ညွှန်းတယ်။ ဒီနေရာမှာ ပူပန်မှု၊ နာကျင်မှု၊ ဆင်းရဲဒုက္ခတွေအတွက် ဒီစကားလုံးကို အသုံးပြုထားတယ်။ မ ၂၄:၂၁ မှာဖော်ပြထားတဲ့ ကြီးစွာသောဒုက္ခ မတိုင်ခင်အချိန်မှာ ကြိုဟောထားတဲ့ ဆင်းရဲဒုက္ခတွေဟာ သားဖွားခြင်းဝေဒနာလို အကြိမ်ရေ၊ ပြင်းထန်မှု တိုးများလာမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။
nwtsty မ ၂၄:၂၀ လေ့လာမှု မှတ်စု
ဆောင်းရာသီ– ဆောင်းရာသီမှာ မိုးသည်းတာ၊ ရေကြီးတာ၊ ချမ်းအေးတာကြောင့် ခရီးသွားဖို့၊ အစားအသောက်နဲ့ နားခိုစရာရှာဖို့ ခက်နိုင်တယ်။—ဧဇ ၁၀:၉၊ ၁၃။
ဥပုသ်နေ့– ယုဒနယ်လို နယ်မြေတွေမှာ ဥပုသ်ပညတ်ရဲ့ တားမြစ်ချက်တွေကြောင့် ခရီးဝေးသွားဖို့၊ ဝန်စည်စလယ်တွေ သယ်ဖို့ အခက်တွေ့နိုင်တယ်။ ဥပုသ်နေ့မှာ မြို့တံခါးတွေလည်း ပိတ်တယ်။—တ ၁:၁၂ နဲ့ နောက်ဆက်တွဲ ခ၁၂ ကိုကြည့်ပါ။
မတ် ၂၆–ဧပြီ ၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | မဿဲ ၂၅
“သတိနဲ့ စောင့်နေကြပါ”
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
ခရစ်တော်ရဲ့ ညီတွေကို သစ္စာရှိရှိ ထောက်မကူညီခြင်း
၇ ဒီနေ့အချိန်မှာတော့ သိုးနဲ့ဆိတ်ပုံဥပမာကို ရှင်းရှင်းလင်းလင်း နားလည်နေပြီ။ “လူသား” ဒါမှမဟုတ် “မင်းကြီး” ဟာ ယေရှုဖြစ်တယ်။ မင်းကြီးရဲ့ ‘ညီတွေ’ ဟာ သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးခံရသူတွေ၊ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့်သူတွေ ဖြစ်တယ်။ (ရော. ၈:၁၆၊ ၁၇) “သိုး” နဲ့ “ဆိတ်” ဟာ လူမျိုးအသီးသီးထဲက လူတွေဖြစ်တယ်။ သူတို့ဟာ မကြာခင်စတင်တော့မယ့် ကြီးစွာသောဒုက္ခရဲ့အဆုံးပိုင်းနားမှာ တရားစီရင်ခံရပါလိမ့်မယ်။ မြေကြီးပေါ်ရှိနေသေးတဲ့ ဘိသိက်ခံတွေကို ဘယ်လိုဆက်ဆံတယ် ဆိုတဲ့အပေါ်မူတည်ပြီး လူတွေကို ယေရှု တရားစီရင်ပါလိမ့်မယ်။ ဒီပုံဥပမာနဲ့ မဿဲ အခန်းကြီး ၂၄ နဲ့ ၂၅ မှာပါတဲ့ တခြားပုံဥပမာတွေကို နားလည်ဖို့ နှစ်တွေတစ်လျှောက် ယေဟောဝါ ကူညီပေးခဲ့တဲ့အတွက် ကျွန်တော်တို့ သိပ်ကျေးဇူးတင်ပါတယ်။
‘သင်တို့သည် ငါ၏မိတ်ဆွေဖြစ်ကြ၏’
၁၆ သင်သည် ဘုရားသခင့်နိုင်ငံတော်အောက် မြေကြီးပေါ်အသက်ရှင်ရန် မျှော်လင့်ပါက ခရစ်တော်၏ညီများနှင့် သင်မည်သို့မိတ်ဖွဲ့နိုင်သနည်း။ နည်းသုံးနည်းကို ဆန်းစစ်ကြစို့။ ပထမနည်းမှာ ဟောပြောခြင်းလုပ်ငန်းတွင် စိတ်နှလုံးအကြွင်းမဲ့ ပါဝင်ခြင်းဖြစ်သည်။ ခရစ်တော်သည် မိမိညီများကို ကမ္ဘာတစ်ဝန်း သတင်းကောင်းဟောပြောရန် မိန့်ကြားခဲ့သည်။ (မ. ၂၄:၁၄) သို့သော် ယနေ့ မြေကြီးပေါ်ရှိ ခရစ်တော်၏ညီအကြွင်းအကျန်သည် အခြားသိုးအပေါင်းပါ၏ အကူအညီမပါလျှင် ယင်းတာဝန်ကို ပြီးမြောက်ရန် ခက်ခဲမည်ဖြစ်သည်။ အခြားသိုးအဝင်ဖြစ်သူများသည် ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်သည့်အခါတိုင်း မြင့်မြတ်သောတာဝန်ပြီးမြောက်ရန် ခရစ်တော်၏ညီများကို ကူညီပေးနေခြင်းဖြစ်၏။ သစ္စာနှင့်သတိပညာရှိသော ကျွန်အတန်းအစားသည် မိတ်ဆွေဖြစ်ကြောင်းဖော်ပြသည့် ယင်းလုပ်ရပ်ကို ခရစ်တော်ကဲ့သို့ များစွာတန်ဖိုးထားသည်။
၁၇ ခရစ်တော်၏ညီများကို အခြားသိုးအတန်းအစားအဝင်များ ကူညီပေးနိုင်သည့်ဒုတိယနည်းမှာ ဟောပြောခြင်းလုပ်ငန်းကို ငွေကြေးဖြင့်ထောက်မခြင်းဖြစ်သည်။ ယေရှုသည် မိမိနောက်လိုက်များကို “မဖြောင့်မတ်သောလောက၏ စည်းစိမ်ဖြင့်” မိတ်ဆွေဖွဲ့ကြရန် တိုက်တွန်းခဲ့သည်။ (လု. ၁၆:၉) ယေရှု သို့မဟုတ် ယေဟောဝါနှင့်မိတ်ဆွေဖြစ်ခြင်းကို ကျွန်ုပ်တို့ဝယ်၍မရနိုင်ပါ။ ယင်းအစား ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ထောက်မဖို့ ကျွန်ုပ်တို့၏ပစ္စည်းဥစ္စာများကို အသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်မှုနှင့် မေတ္တာသည် အပြောအားဖြင့်သာမဟုတ်ဘဲ “စိတ်ရောကိုယ်ပါ” ဖြစ်ကြောင်း သက်သေထူကြသည်။ (၁ ယော. ၃:၁၆-၁၈) ကျွန်ုပ်တို့သည် ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်သည့်အခါ၊ ဝတ်ပြုစည်းဝေးရာနေရာများဆောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် ငွေကြေးလှူဒါန်းသည့်အခါ၊ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအတွက် ရန်ပုံငွေထည့်ဝင်သည့်အခါ ထိုသို့ထောက်မနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့ထည့်ဝင်သည့်အလှူငွေသည် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကျွန်ုပ်တို့၏စေတနာစိတ်ဖြင့်လှူခြင်းကို ယေဟောဝါနှင့်ယေရှု အမှန်ပင်လေးမြတ်တန်ဖိုးထားသည်။—၂ ကော. ၉:၇။
၁၈ ခရစ်တော်၏မိတ်ဆွေများဖြစ်ကြောင်း ကျွန်ုပ်တို့အားလုံးသက်သေပြနိုင်သည့် တတိယနည်းမှာ အသင်းတော်အကြီးအကဲများပေးသော ညွှန်ကြားချက်အတိုင်း လိုက်နာခြင်းဖြစ်သည်။ ထိုအမျိုးသားများသည် ခရစ်တော်၏ညွှန်ကြားမှုအောက်တွင် သန့်ရှင်းသောစွမ်းအားတော်ဖြင့် ခန့်အပ်ခံရသူများဖြစ်သည်။ (ဧ. ၅:၂၃) “သင်တို့တွင် ဦးဆောင်သူများကို နာခံကြလော့။ လက်အောက်ခံကြလော့” ဟု တမန်တော်ပေါလု ရေးခဲ့သည်။ (ဟေဗြဲ ၁၃:၁၇) ဒေသခံအကြီးအကဲများပေးသော ကျမ်းစာအခြေပြု ညွှန်ကြားချက်ကိုနာခံဖို့ ခက်ခဲသည့်အခါများရှိပေမည်။ ကျွန်ုပ်တို့သည် သူတို့၏ မစုံလင်မှုများကို သတိပြုမိပေမည်၊ ယင်းကြောင့် သူတို့၏အကြံပေးချက်အပေါ် ကျွန်ုပ်တို့အမြင်စောင်းနေပေမည်။ သို့တိုင် အသင်းတော်၏ဦးခေါင်းဖြစ်သော ခရစ်တော်သည် ထိုမစုံလင်သောအမျိုးသားများကို လိုလိုလားလားအသုံးပြုသည်။ ထို့ကြောင့် သူတို့၏အခွင့်အာဏာကို ကျွန်ုပ်တို့တုံ့ပြန်ပုံက ခရစ်တော်နှင့်ကျွန်ုပ်တို့၏ မိတ်ဆွေဖြစ်မှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။ အကြီးအကဲများ၏ ချွတ်ယွင်းချက်များကို မကြည့်ဘဲ သူတို့၏ညွှန်ကြားချက်ကို ဝမ်းမြောက်စွာ လိုက်နာသောအခါ ခရစ်တော်ကို ကျွန်ုပ်တို့ချစ်ရာရောက်သည်။