ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb21 ဇန်နဝါရီ စာ. ၅
  • ကိုယ့်အိမ်ထောင်ကို ကာကွယ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ့်အိမ်ထောင်ကို ကာကွယ်ပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်ထောင်ရေးကို အောင်မြင်စေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အိမ်ထောင်ပြိုကွဲမှတ်သို့ရောက်သော်
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • မင်္ဂလာဆောင်ပြီး နောက်ပိုင်း
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
mwb21 ဇန်နဝါရီ စာ. ၅
ခင်ပွန်းတစ်ဦး ဇနီးနဲ့အတူ ပျော်ပျော်ပါးပါး အဝတ်လျှော်နေစဉ်။

ခရစ်ယာန်အသက်တာလမ်းစဉ်

ကိုယ့်အိမ်ထောင်ကို ကာကွယ်ပါ

အိမ်ထောင်ကတိသစ္စာကို အလွန် အရေးကြီးတဲ့အရာအဖြစ် ယေဟောဝါ ရှုမြင်တယ်။ ခင်ပွန်းနဲ့ ဇနီး မခွဲအတူနေဖို့ ပြောခဲ့တယ်။ (မ ၁၉:၅၊ ၆) ဘုရားလူမျိုးအလယ်မှာ စံပြအိမ်ထောင်ရှင်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့ အိမ်ထောင်ဆိုတာ မရှိပါဘူး။ ပြဿနာတွေ ပေါ်လာနိုင်တယ်။ လင်မယားကြားမှာ ပြဿနာတွေ ပေါ်လာရင် ကွဲမယ်၊ ကွာမယ်ဆိုတဲ့ အမြင်မျိုး မရှိရဘူး။ ခရစ်ယာန်မောင်နှံတွေ ကိုယ့်အိမ်ထောင်ကို ဘယ်လို ကာကွယ်နိုင်သလဲ။

အရေးကြီးတဲ့ အချက် ငါးချက်ကို သုံးသပ်ကြည့်ပါ။

  1. ၁။ အိမ်ထောင်ရေးကို ထိခိုက်နိုင်တဲ့ ပရောပရည်လုပ်တာ၊ အကျင့်ပျက် ဖျော်ဖြေမှုတွေ ကြည့်တာကို ရှောင်ပါ။ —မ ၅:၂၈။ ၂ပ ၂:၁၄။

  2. ၂။ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိအောင်၊ ဘုရားနှစ်သက်တဲ့ အိမ်ထောင်ရေး ဖြစ်အောင် ကြိုးစားပါ။—ဆ ၉၇:၁၀။

  3. ၃။ စရိုက်သစ်ကို အမြဲ ဝတ်ဆင်ပါ။ အိမ်ထောင်ဖက်ကို ကူညီပေးရာရောက်တဲ့ ကြင်နာတဲ့ လုပ်ရပ်လေးတွေ လုပ်ပါ။—ကော ၃:၈-၁၀၊ ၁၂-၁၄။

  4. ၄။ အဓိပ္ပာယ်ရှိရှိ၊ လေးလေးစားစား ပြောဆိုဆက်သွယ်ပါ။—ကော ၄:၆။

  5. ၅။ ဆက်ဆံခြင်းဝတ်ကို မေတ္တာနဲ့ ဖြည့်ဆည်းပါ။—၁က ၇:၃၊ ၄။ ၁၀:၂၄။

အိမ်ထောင်ကို အလေးအနက်ထားတာက အိမ်ထောင်အစပြုရှင် ယေဟောဝါကို ဂုဏ်တင်တာ ဖြစ်တယ်။

“ခံနိုင်ရည်ရှိရှိ ပြေးကြ” ရမယ်—ပြိုင်ပွဲစည်းကမ်းများကို လိုက်နာပါ ဗီဒီယို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေ ဖြေပါ။

  • ‘“ခံနိုင်ရည်ရှိရှိ ပြေးကြ” ရမယ်—ပြိုင်ပွဲစည်းကမ်းများကို လိုက်နာပါ’ ဗီဒီယိုမှ ပြကွက်။ ညီအစ်ကိုနဲ့ ညီအစ်မ ကာလူးတို့ နိုင်ငံတော်ခန်းမမှာ မင်္ဂလာဟောပြောချက်ပြီးနောက် ပြုံးပျော်နေကြစဉ်။

    အစကောင်းတဲ့ အိမ်ထောင် ဖြစ်ပေမဲ့ ဘာပြဿနာတွေ ပေါ်လာနိုင်သလဲ။

  • ‘“ခံနိုင်ရည်ရှိရှိ ပြေးကြ” ရမယ်—ပြိုင်ပွဲစည်းကမ်းများကို လိုက်နာပါ’ ဗီဒီယိုမှ ပြကွက်။ ညီအစ်ကိုနဲ့ ညီအစ်မ ကာလူး ပြဿနာကို အေးအေးဆေးဆေး ဆွေးနွေးနေကြစဉ်။ စားပွဲပေါ်မှာ ကျမ်းစာကို ဖွင့်ထား။

    မေတ္တာမရှိတဲ့ အိမ်ထောင် ဖြစ်နေပြီလို့ ခံစားနေရသူတွေကို ကျမ်းစာမူတွေက ဘယ်လို ကူညီပေးနိုင်သလဲ။

  • ‘“ခံနိုင်ရည်ရှိရှိ ပြေးကြ” ရမယ်—ပြိုင်ပွဲစည်းကမ်းများကို လိုက်နာပါ’ ဗီဒီယိုမှ ပြကွက်။ ညီအစ်ကို ကာလူးက ‘ကျွန်ုပ်၏ ကျမ်းစာပုံပြင် စာအုပ်’ သုံးပြီး ဇနီးနဲ့ သမီးနှစ်ယောက်ကို ဖတ်ပြနေစဉ်။

    ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ဖြစ်ဖို့ ကျမ်းစာမူတွေကို လိုက်နာပါ

    ယေဟောဝါက အိမ်ထောင်အတွက် ဘာစည်းကမ်းတွေ ချမှတ်ပေးထားသလဲ။

  • ပျော်ရွှင်သာယာတဲ့ အိမ်ထောင် ဖြစ်ဖို့ အိမ်ထောင်ဖက်နှစ်ဦးစလုံး ဘာလုပ်ဖို့ လိုသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ