ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb21 မေ စာ. ၁၃
  • မိသားစုမှာ မေတ္တာပြပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုမှာ မေတ္တာပြပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပျော်ရွှင်တဲ့ မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • သင့်မိသားစုဘဝကို ပျော်ရွှင်စေနိုင်ပုံ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင့်အလိုတော်နှင့်တွေ့သော မိသားစုဘဝ
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
mwb21 မေ စာ. ၁၃
မိသားစုတစ်စု အသင်းတော်အစည်းအဝေးမှာ သီချင်းဆိုနေကြစဉ်။

ခရစ်ယာန်အသက်တာလမ်းစဉ်

မိသားစုမှာ မေတ္တာပြပါ

မေတ္တာဟာ မိသားစုကို စည်းလုံးတွယ်ကပ်နေစေတဲ့ ကော် ဖြစ်ပါတယ်။ မေတ္တာ မရှိတဲ့ မိသားစုဟာ စည်းလုံးညီညွတ်မှု မရှိနိုင်ဘူး။ မိသားစုမှာ လင်ယောက်ျား၊ ဇနီးသည်နဲ့ မိဘတွေ ဘယ်လို မေတ္တာပြနိုင်သလဲ။

မေတ္တာရှိတဲ့ လင်ယောက်ျားဟာ ဇနီးသည်ရဲ့ လိုအပ်ရာတွေ၊ ရှုမြင်ပုံတွေ၊ ခံစားချက်တွေကို ထည့်စဉ်းစားတယ်။ (ဧ ၅:၂၈၊ ၂၉) မိသားစုရဲ့ ဝတ်ပြုရေးနဲ့ ကာယရေး လိုအပ်ရာတွေကို ထောက်ပံ့ပေးတယ်။ မိသားစုဝတ်ပြုမှု အစီအစဉ်ကို ပုံမှန် လုပ်ပေးတယ်။ (၁တိ ၅:၈) မေတ္တာရှိတဲ့ ဇနီးသည်ဟာ လင်ယောက်ျားကို လက်အောက်ခံတယ်၊ “အလွန် ရိုသေ” တယ်။ (ဧ ၅:၂၂၊ ၃၃။ ၁ပ ၃:၁-၆) အချင်းချင်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ရမယ်။ (ဧ ၄:၃၂) မေတ္တာရှိတဲ့ မိဘတွေဟာ သားသမီးတစ်ယောက်စီကို စိတ်ဝင်စားတယ်။ ယေဟောဝါကို ချစ်လာအောင် သွန်သင်ပေးတယ်။ (တရ ၆:၆၊ ၇။ ဧ ၆:၄) ကျောင်းမှာ သားသမီးတွေ ဘာအခက်အခဲတွေ ရင်ဆိုင်ရသလဲ။ ရွယ်တူချင်းဖိအားကို ဘယ်လို ဖြေရှင်းနေသလဲ။ မိသားစုမှာ မေတ္တာနှောင်ကြိုး ရှိတယ်ဆိုရင် မိသားစုဝင်အားလုံး လုံခြုံတယ်လို့ ခံစားရမယ်။

မိသားစုအတွင်း အစဉ်တည်တဲ့မေတ္တာ တင်ပြပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။

  • ‘မိသားစုအတွင်း အစဉ်တည်တဲ့မေတ္တာ တင်ပြပါ’ ဗီဒီယိုမှ ပြကွက်။ အစည်းအဝေးကနေ ပြန်ရောက်ချိန်မှာ လင်မယားနှစ်ယောက် ကျမ်းချက်တစ်ချက်အကြောင်း ဆွေးနွေးနေစဉ်။

    မေတ္တာရှိတဲ့ လင်ယောက်ျားဟာ ဇနီးသည်ကို ဘယ်လို ကျွေးမွေးပြီး မြတ်နိုးသလဲ။

  • ‘မိသားစုအတွင်း အစဉ်တည်တဲ့မေတ္တာ တင်ပြပါ’ ဗီဒီယိုမှ ပြကွက်။ အစည်းအဝေးကနေ ပြန်လာတဲ့ ညီအစ်မက သက်သေခံညီအစ်မက သက်သေခံမဟုတ်တဲ့ လင်ယောက်ျား ပြောတာကို စိတ်ရှည်ရှည် နားထောင်၊ အားပေးနေစဉ်။

    မေတ္တာရှိတဲ့ ဇနီးသည်ဟာ လင်ယောက်ျားကို ဘယ်လို အလွန် ရိုသေသလဲ။

  • ‘မိသားစုအတွင်း အစဉ်တည်တဲ့မေတ္တာ တင်ပြပါ’ ဗီဒီယိုမှ ပြကွက်။ မိသားစုတစ်စု အဆာပြေစားနေရင်း အစည်းအဝေးမှာ ကြားခဲ့ရတဲ့ အချက်တွေကို ပြန်ပြောနေစဉ်။

    မေတ္တာရှိတဲ့ မိဘတွေဟာ သားသမီးတွေကို ဘုရားရဲ့ စကားတွေ စိတ်စွဲမှတ်သွားအောင် ဘယ်လို သွန်သင်ပေးသလဲ။

နည်းပညာတွေနဲ့ပတ်သက်ပြီး သတိပြုစရာ

မိသားစုနှောင်ကြိုး ခိုင်မြဲအောင် လုပ်ရမယ့် အချိန်တွေကို အီလက်ထရောနစ် ကိရိယာတွေက လုယူသွားနိုင်တယ်။ မိဘတွေဟာ မိမိကိုယ်တိုင်ရော သားသမီးတွေပါ အဲဒီကိရိယာတွေ အသုံးပြုမယ့် အချိန်ကို ကန့်သတ်ထားနိုင်တယ်။ အဲဒီအပြင် ငယ်ရွယ်တဲ့ သားသမီးတွေ အွန်လိုင်းမှာ ဘယ်သူတွေနဲ့ပဲ ဆက်သွယ်ရမယ်ဆိုတာ သတ်မှတ်ပေးဖို့ လိုတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ