ခရစ်ယာန်အသက်တာလမ်းစဉ်
အခက်အခဲတွေ ကြုံရချိန်တစ်လျှောက် ယေဟောဝါ ကူညီပေး
ဒီနောက်ဆုံးကာလမှာ ကျွန်တော်တို့ဟာ အခက်အခဲများစွာ ကြုံတွေ့ရတယ်။ မခံနိုင်တော့ဘူးလို့ ခံစားရချိန်တွေ ရှိနိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ ရင်းနှီးနေမယ်ဆိုရင် စိတ်ကြေကွဲစရာအကောင်းဆုံး အခက်အခဲတွေကို ခံရပ်နိုင်ပါလိမ့်မယ်။ (ရှာ ၄၃:၂၊ ၄) အခက်အခဲ ကြုံရချိန်တစ်လျှောက် ယေဟောဝါနဲ့ ရင်းနှီးအောင် ဘယ်လို လုပ်ရမလဲ။
ဆုတောင်းပါ။ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းတဲ့အခါ စိတ်ငြိမ်သက်မှု ရမယ်၊ ဆက်ခံရပ်နိုင်ဖို့ စိတ်ဓာတ်ခွန်အားရမယ်။—ဖိ ၄:၆၊ ၇။ ၁သ ၅:၁၇။
အစည်းအဝေးတွေ တက်ပါ။ ကျမ်းစာအခြေပြု အကြောင်းအရာတွေနဲ့ ခရစ်ယာန်ပေါင်းသင်းမှုကို ကျွန်တော်တို့ အရင်ကထက် ပိုလိုအပ်နေတယ်။ အဲဒါတွေကို အစည်းအဝေးတွေကတစ်ဆင့် ယေဟောဝါ ပြင်ဆင်ပေးတယ်။ (ဟီ ၁၀:၂၄၊ ၂၅) အသင်းတော် အစည်းအဝေးတွေကို ပြင်ဆင်၊ တက်ရောက်၊ ပါဝင်တဲ့အခါ စွမ်းအားတော် အကူအညီကို အပြည့်အဝ ရနိုင်တယ်။—ဗ ၂:၂၉။
အမှုဆောင်မှာ ပါဝင်ပါ။ အမှုဆောင်မှာ အတတ်နိုင်ဆုံး တက်တက်ကြွကြွ ပါဝင်နေရင် အပြုသဘောထားရှိဖို့ ပိုလွယ်လာမယ်။ ယေဟောဝါ၊ လုပ်ဖော်ဆောင်ဖက်တွေနဲ့ ပိုရင်းနှီးလာမယ်။—၁က ၃:၅-၁၀။
ယေဟောဝါ လက်ခံလိမ့်မယ် ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။
မလူး အခက်အခဲ ကြုံချိန်တစ်လျှောက် ယေဟောဝါနဲ့ ရင်းနှီးနေဖို့ ဘာက ကူညီပေးသလဲ။
ဆာလံ ၃၄:၁၈ က မလူးကို နှစ်သိမ့်ပေးခဲ့သလို ကျွန်တော်တို့ ဒုက္ခရောက်ချိန်မှာ ဘယ်လို နှစ်သိမ့်ပေးနိုင်သလဲ။
အခက်အခဲတွေ ကြုံရချိန်မှာ “သာမန်ထက်ထူးကဲတဲ့ တန်ခိုး” ကို ယေဟောဝါပေးကြောင်း မလူးရဲ့ တွေ့ကြုံမှုက ဘယ်လို ဖော်ပြသလဲ။—၂က ၄:၇။