ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၁ အမှတ် ၃ စာ. ၁၅
  • ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ရွေးချယ်နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ရွေးချယ်နိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘယ်လိုနည်းနဲ့ ယေဟောဝါဘုရားကို ချစ်မြတ်နိုးပြီး ဘုရားရဲ့ စကားကို နားထောင်နိုင်သလဲ
  • သင့်အနာဂတ်၊ သင့်ရွေးချယ်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • ဘုရားသခင်နဲ့ ရင်းနှီးနိုင်တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ‘စိတ်နူးညံ့သူတွေ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • နိဒါန်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
ကလ၂၁ အမှတ် ၃ စာ. ၁၅
ကော်ဖီဆိုင်မှာ အမျိုးသားတစ်ယောက်ဟာ သူ့မိတ်ဆွေကို ဖုန်းထဲကနေ အကြောင်းအရာတစ်ခု ပြနေစဉ်။

ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ရွေးချယ်နိုင်

ယေဟောဝါ ဘုရားသခင်ဟာ လွန်ခဲ့တဲ့ အနှစ် ၃,၅၀၀ ခန့်က မိမိကို ဝတ်ပြုကိုးကွယ်သူတွေကို လုံခြုံစိတ်ချရတဲ့ အနာဂတ်ရဖို့ ဘာလုပ်ရမယ်ဆိုတာ ပြောခဲ့တယ်။ “အသက်ရှင်ခြင်းနဲ့ သေခြင်း၊ ကောင်းချီးနဲ့ ကျိန်စာကို ခင်ဗျားတို့ရှေ့မှာ ချထားတယ်။ ကိုယ်တိုင်ရော သားမြေးတွေပါ အသက်ဆက်ရှင်နိုင်ဖို့ အသက်ရှင်ခြင်းကို ရွေးချယ်ပါ။”—တရားဟောရာ ၃၀:၁၉။

အဲဒီလူတွေဟာ ကောင်းမွန်တဲ့ အနာဂတ်ရဖို့ ရွေးချယ်မှု မှန်ကန်ရမယ်။ အခု ကျွန်တော်တို့လည်း ရွေးချယ်ရမှာ ဖြစ်တယ်။ လုံခြုံစိတ်ချရတဲ့ အနာဂတ်ရဖို့ ဘာကို ရွေးချယ်ရမယ်ဆိုတာ သမ္မာကျမ်းစာမှာ ရှင်းပြထားတယ်– “ယေဟောဝါဘုရားကို ချစ်မြတ်နိုးကြပါ။ ဘုရားရဲ့စကားကို နားထောင်ပါ။”—တရားဟောရာ ၃၀:၂၀။

ဘယ်လိုနည်းနဲ့ ယေဟောဝါဘုရားကို ချစ်မြတ်နိုးပြီး ဘုရားရဲ့ စကားကို နားထောင်နိုင်သလဲ

သမ္မာကျမ်းစာကို လေ့လာပါ– ယေဟောဝါဘုရားကို ချစ်မြတ်နိုးဖို့ အရင်ဆုံး ကျမ်းစာထဲကနေ ဘုရားအကြောင်း လေ့လာဖို့လိုတယ်။ အဲဒီလို လေ့လာတဲ့အခါ ဘုရားသခင်ဟာ မေတ္တာရှင်ဖြစ်တယ်၊ ကိုယ့်အတွက် အကောင်းဆုံးကို လိုလားတယ်ဆိုတာ သိလာလိမ့်မယ်။ ‘ဘုရားသခင်ဟာ ဂရုစိုက်တဲ့အရှင် ဖြစ်လို့’ မိမိထံ ဆုတောင်းဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ထားတယ်။ (၁ ပေတရု ၅:၇) ယေဟောဝါဘုရားနဲ့ ရင်းနှီးဖို့ ကြိုးစားမယ်ဆိုရင် “ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်” လို့ သမ္မာကျမ်းစာ ကတိပေးထားတယ်။—ယာကုပ် ၄:၈။

သိလာတာတွေကို ကျင့်သုံးပါ– ဘုရားစကား နားထောင်တယ်ဆိုတာ သမ္မာကျမ်းစာမှာပါတဲ့ ဘုရားရဲ့ ပညာရှိလမ်းညွှန်ချက်အတိုင်း လိုက်နာတာကို ဆိုလိုတယ်။ “ဒါဆိုရင် ဘဝလမ်းခရီး အောင်မြင်ပြီး ဉာဏ်ပညာရှိရှိ လုပ်ဆောင်နိုင်မယ်။”—ယောရှု ၁:၈။

ထပ်သိချင်တယ်ဆိုရင် jw.org/my ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ပါ။ အဲဒီမှာ အွန်လိုင်းကနေ ကျမ်းစာဖတ်နိုင်တယ်။ ကျမ်းစာမေးခွန်းတွေရဲ့ အဖြေကို ရှာတွေ့နိုင်တယ်။ ဒါမှမဟုတ် ကျမ်းစာသင်ပေးဖို့ တစ်ယောက်ယောက်ကို အကူအညီတောင်းနိုင်တယ်။

လုံခြုံစိတ်ချရတဲ့ အနာဂတ်ရအောင် သမ္မာကျမ်းစာ လမ်းညွှန်မှုကို ခံယူဖို့ အခုပဲ ရွေးချယ်လိုက်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ