ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၃ ဖေဖော်ဝါရီ စာ. ၃၁
  • လုပ်ရပ်နဲ့ ပြတဲ့ မေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ရပ်နဲ့ ပြတဲ့ မေတ္တာ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသက်တာတွေကို ပြောင်းလဲစေတဲ့ အစက်လေးများ
    အလှူငွေတွေကို အသုံးပြုပုံ
  • ရိုးသားသူများ ယေဟောဝါအား ဂုဏ်တင်ချီးမွမ်းကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မျက်မမြင်ဘဝဖြင့် အသက်ရှင်
    နိုးလော့!—၂၀၁၅
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—မျက်မမြင်တွေကို သက်သေခံခြင်း
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
က၂၃ ဖေဖော်ဝါရီ စာ. ၃၁

[ဘယ်မှ ညာ] မာစဲလို၊ ယိုမာရာ၊ ဟိုင်ဗာ။ မျက်မမြင်စာနဲ့ ထုတ်ထားတဲ့ စပိန် ကမ္ဘာသစ် ဘာသာပြန်ကျမ်း ကိုင်ထားကြ

လုပ်ရပ်နဲ့ ပြတဲ့ မေတ္တာ

ယိုမာရာ၊ မာစဲလို၊ ဟိုင်ဗာတို့ဟာ ဂွါတီမာလာက ရွာလေးတစ်ရွာမှာ နေတဲ့ မောင်နှမ သုံးယောက် ဖြစ်တယ်။ သက်သေခံတွေနဲ့ ယိုမာရာ ကျမ်းစာ စလေ့လာတယ်။ နောက်ပိုင်း၊ မောင် နှစ်ယောက်လည်း လေ့လာကြတယ်။ ဒါပေမဲ့ အခက်အခဲ တစ်ခု ရှိတယ်။ မောင်နှမ သုံးယောက်စလုံး မျက်စိ မမြင်ကြဘူး။ မျက်မမြင်စာလည်း မဖတ်တတ်ကြဘူး။ ဒါကြောင့် ကျမ်းစာသင်ပေးသူက စာပိုဒ်တွေ၊ ကျမ်းချက်တွေ ဖတ်ပြရတယ်။

အသင်းတော် အစည်းအဝေးတွေ တက်ဖို့လည်း ခက်တယ်။ အနီးဆုံး နိုင်ငံတော် ခန်းမက မိနစ် ၄၀ ဝေးတယ်။ ကိုယ့်ဘာသာကိုယ် သွားဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အစည်းအဝေး အားလုံး တက်နိုင်ဖို့ ညီအစ်ကိုတွေ စီစဉ်ပေးကြတယ်။ ကြားရက် အစည်းအဝေးမှာ တာဝန်ကျရင်လည်း ကျတဲ့ အပိုင်းကို အလွတ်ရနေအောင် ကူညီပေးကြတယ်။

၂၀၁၉၊ မေလမှာ အသင်းတော် အစည်းအဝေးတွေကို သူတို့ရွာမှာ စကျင်းပတယ်။ မှန်မှန်ရှေ့ဆောင် မောင်နှံတစ်စုံလည်း ရွာကို ပြောင်းလာတယ်။ အဲဒီမောင်နှံဟာ ကိုယ်တိုင် မျက်မမြင်စာ မတတ်ပေမဲ့ ဒီမောင်နှမ သုံးယောက်ကို မျက်မမြင်စာ ရေးတတ်၊ ဖတ်တတ်အောင် သင်ပေးချင်ကြတယ်။ ဒါနဲ့ စာကြည့်တိုက် သွားပြီး မျက်မမြင်စာ သင်ပေးနည်းတွေ လေ့လာကြတယ်။

အသင်းတော် အစည်းအဝေးမှာ မာစဲလို မှတ်ချက် ပေးနေ

လအနည်းငယ်အတွင်းမှာပဲ မောင်နှမ သုံးယောက်စလုံး မျက်မမြင်စာ အလွယ်တကူ ဖတ်တတ်သွားကြတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပိုကောင်းလာကြတယ်။ သုံးယောက်စလုံး မှန်မှန်ရှေ့ဆောင် လုပ်နေကြပြီ။ မာစဲလိုဆိုရင် အသင်းတော် အမှုထမ်း ဖြစ်နေပြီ။ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ တစ်ပတ်လုံး တက်တက်ကြွကြွ ပါဝင်ကြတယ်။ သူတို့ရဲ့ စိတ်ထက်သန်မှုက ကူးစက်တယ်။

အသင်းတော်ရဲ့ မေတ္တာပါ ထောက်မမှုအတွက် မောင်နှမ သုံးယောက်စလုံး ကျေးဇူးတင်ကြတယ်။ “သက်သေခံတွေနဲ့ စတွေ့ကတည်းက စစ်မှန်တဲ့ ခရစ်ယာန် မေတ္တာကို ခံစားရတယ်” လို့ ယိုမာရာ ပြောတယ်။ “အသင်းတော်မှာ သိပ်ကောင်းတဲ့ မိတ်ဆွေတွေ ရထားတယ်။ မေတ္တာကြောင့် စည်းလုံးနေတဲ့ အပြည်ပြည်ဆိုင်ရာ ညီအစ်ကို အသင်းအပင်းလည်း ရထားတယ်” လို့ မာစဲလို ပြောတယ်။ တစ်ကမ္ဘာလုံး ပရဒိသုအဖြစ် ပြောင်းလဲလာမယ့်နေ့ကို မောင်နှမ သုံးယောက်စလုံး စောင့်မျှော်နေကြပါတယ်။—ဆာ. ၃၇:၁၀၊ ၁၁။ ဟေရှာ. ၃၅:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ