ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၃ ဇူလိုင် စာ. ၃၁
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူတို့၏ယုံကြည်ခြင်းသည် အပြင်းအထန် စမ်းသပ်ခြင်းကို ခံနိုင်၏
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဒံယေလအကြောင်း ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဧရာမသစ်ပင်ကြီး၏ နက်နဲမှုကို ဖြေရှင်းခြင်း
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • သူတို့ ဦးကိုမချခဲ့တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
က၂၃ ဇူလိုင် စာ. ၃၁

သင် သိပါသလား

ရှေးဗာဗုလုန်မြို့ အပျက်အစီးတွေကနေ ရှာဖွေတွေ့ရှိတဲ့ အုတ်တွေ၊ အုတ်ဖုတ်နည်းတွေက ကျမ်းစာ တိကျမှန်ကန်ကြောင်း ဘယ်လို ထောက်ခံသလဲ

ရှေးခေတ် ဗာဗုလုန်မြို့ တည်ဆောက်ရာမှာ သုံးတဲ့ အုတ်သန်းပေါင်းများစွာကို ရှေးဟောင်း သုတေသီတွေ တူးဖော်တွေ့ရှိခဲ့ကြတယ်။ သုတေသီ ရောဘတ် ခိုဒီဗိုင်းရဲ့ အဆိုအရ “ရွံ့စေးမြေ ကောင်းပြီး ထင်းမီးလောင်စာ ပေါတဲ့ မြို့ပြင်” မှာ မီးပြင်းဖိုတွေ တည်ပြီး အုတ်ဖုတ်ခဲ့ကြတယ်။

ဗာဗုလုန် မင်းအရာရှိတွေဟာ ဒီမီးပြင်းဖိုတွေ သုံးပြီး ရက်စက်တဲ့ လုပ်ရပ်တွေလည်း လုပ်ခဲ့ကြတယ်လို့ ရှေးဟောင်း မှတ်တမ်းတွေက ဆိုတယ်။ “ရှေးဗာဗုလုန် မှတ်တမ်းတွေအရ . . . ဘုရင်ကို မနာခံသူတွေ၊ ဗာဗုလုန် ဘုရားတွေကို မလေးမစား လုပ်သူတွေကို မီးဖိုထဲ ထည့်ပြီး မီးရှို့စေတယ်” လို့ တိုရွန်တို တက္ကသိုလ်က ဆီးရီးယား သမိုင်းနဲ့ ဘာသာဗေဒဆိုင်ရာ ပါမောက္ခ ပေါလ် အလိုင်း ဘော်လျူး ဆိုတယ်။ ဥပမာ၊ “မီးလောင်တိုက်သွင်းကြ။ မီးဖိုထဲ ထည့်ပြီး ကင်လိုက်ကြ။ အစအန မကျန်အောင် ဖျက်ဆီးပစ်လိုက်။ မီးခိုးလုံးတွေ တလိပ်လိပ် ထွက်တဲ့အထိ မီးရှို့ပစ်လိုက်” ဆိုပြီး ဘုရင် နေဗုခဒ်နေဇာခေတ်က စာပေတစ်ခုမှာ ဖော်ပြထားတယ်။

ဒါက ဒံယေလ အခန်းကြီး ၃ မှာ မှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်ကို သတိရစေတယ်။ ဗာဗုလုန်မြို့အပြင်ဘက် ဒုရလွင်ပြင်မှာ ရွှေရုပ်တုကြီးတစ်ခုကို ဘုရင် နေဗုခဒ်နေဇာ တည်ထားတယ်။ ဒါပေမဲ့ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါလို့ ခေါ်တဲ့ ဟီဘရူး လူငယ်လေး သုံးယောက် ရုပ်တုကြီးကို ဦးမချဝတ်မပြုလို့ နေဗုခဒ်နေဇာ အကြီးအကျယ် ဒေါသထွက်တယ်။ ဒါကြောင့် မီးဖိုကြီးကို နဂိုထက် “ခုနစ်ဆ ပူအောင် လုပ်” ပြီး လူငယ်သုံးယောက်ကို “တောက်လောင်နေတဲ့ မီးဖိုကြီးထဲ ပစ်ချ” စေတယ်။ ဒါပေမဲ့ ကောင်းကင်တမန်တစ်ပါး လာကယ်လို့ သေဘေးက လွတ်သွားကြတယ်။—ဒံ. ၃:၁-၆၊ ၁၉-၂၈။

© The Trustees of the British Museum. Licensed under CC BY-NC-SA 4.0. Source

နေဗုခဒ်နေဇာ နာမည် ထွင်းထားတဲ့ အုတ်တစ်ချပ်

ဗာဗုလုန်မှာ ရှာဖွေတွေ့ရှိတဲ့ အုတ်တွေကလည်း ကျမ်းစာ တိကျမှန်ကန်ကြောင်း ထောက်ခံတယ်။ အုတ်တော်တော်များများမှာ ဘုရင်ကို ချီးမြှောက်တဲ့ စာသားတွေ ထွင်းထားတယ်။ “ဗာဗုလုန်မြို့ကြီးရဲ့ ဘုရင် နေဗုခဒ်နေဇာ . . . ။ ငါကိုယ်တော်မြတ် စံမြန်းဖို့ တည်ထားတဲ့ နန်းတော် . . . ။ ဒီနန်းတော်မှာ ငါ့သားမြေးအစဉ်အဆက် စိုးစံစေသတည်း” ဆိုပြီး အုတ်ခွက်စာ တစ်ခုမှာ ဖတ်ရတယ်။ ဒါက “ဒီမြို့ဟာ ငါကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ ဗာဗုလုန်မြို့ကြီးပဲ။ ငါ့ဘုန်းတန်ခိုး ထင်ရှားစေဖို့ ငါ့အစွမ်းခွန်အားနဲ့ မင်းနေပြည်တော်အဖြစ် ငါတည်ဆောက်ထားတာပဲ” ဆိုတဲ့ ဒံယေလ ၄:၃၀ ဖော်ပြချက်နဲ့ သိပ်ကို ဆင်တူတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ