ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၄ ဒီဇင်ဘာ စာ. ၃၁
  • သင် မှတ်မိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် မှတ်မိသလား
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • သင် မှတ်မိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • သတိပေးချက်တွေကို အာရုံစိုက်ပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • အပိုင်း ၁
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
က၂၄ ဒီဇင်ဘာ စာ. ၃၁

သင် မှတ်မိသလား

ဒီနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင် တွေကို သင် သေသေချာချာ ဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–

အမျိုးသမီးတွေကို ဘယ်လို ဆက်ဆံရမယ်ဆိုတာနဲ့ပတ်သက်ပြီး ယေဟောဝါဆီကနေ ဘာသင်ယူနိုင်သလဲ။

အမျိုးသမီးတွေကို ယေဟောဝါ မျက်နှာမလိုက်တမ်း ဆက်ဆံတယ်။ အမျိုးသားတွေကို အမျိုးသမီးတွေထက် မျက်နှာသာ ပိုမပေးဘူး။ အမျိုးသမီးတွေ ပြောတာကို နားထောင်ပေးတယ်။ ခံစားချက်၊ အခက်အခဲကို ဂရုစိုက်တယ်။ တာဝန်ပေးခြင်းအားဖြင့် စိတ်ချကြောင်း ပြတယ်။—က၂၄.၀၁၊ စာ. ၁၅-၁၆။

“သူတို့နဲ့ မပတ်သက်ကြနဲ့” ဆိုတဲ့ ဧဖက် ၅:၇ ကို ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ။

ဘုရားစံနှုန်း လိုက်နာဖို့ အခက်တွေ့စေမယ့်သူတွေနဲ့ မပေါင်းသင်းဖို့ ကျွန်တော်တို့ကို တမန်တော် ပေါလု သတိပေးထားတာပါ။ လူချင်းတွေ့ပြီး ပေါင်းသည်ဖြစ်စေ၊ လူမှုမီဒီယာကနေ ပေါင်းသည်ဖြစ်စေ သတိထားရမယ်။—က၂၄.၀၃၊ စာ. ၂၂-၂၃။

ဘယ်လို မဟုတ်တမ်းစကားတွေကို သတိထားရမလဲ။

ကျွန်တော်တို့ကို သိစေချင်ဇောနဲ့ သတင်းအချက်အလက် မှန်မမှန် မစစ်ဘဲ ညီအစ်ကို/မတွေ သဘောရိုးနဲ့ ပို့လာနိုင်တယ်။ ဘယ်ကမှန်း မသိတဲ့ အီးမေးလ်တွေ ဝင်လာနိုင်တယ်။ အမှုဆောင်သွားတဲ့အခါ ကျမ်းစာ စိတ်ဝင်စားချင်ယောင်ဆောင်တဲ့ အယူဖောက်ပြန်သူတွေဆီက မဟုတ်တမ်းစကားတွေ ကြားရနိုင်တယ်။ ဒီလိုမဟုတ်တမ်းစကားတွေကို သတိထားရမယ်။—က၂၄.၀၄၊ စာ. ၁၂။

ရှောလမုန်မင်း၊ သောဒုံနဲ့ ဂေါမောရ ဖျက်ဆီးခံရတုန်းက ပါသွားသူတွေ၊ ရေလွှမ်းမိုးဘေးမှာ ဖျက်ဆီးခံလိုက်ရသူတွေကို ယေဟောဝါ ဘယ်လို တရားစီရင်မယ်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေ သိသလဲ၊ ဘာတွေ မသိသလဲ။

သူတို့ကို ယေဟောဝါ ထာဝရအပြီး ဖျက်ဆီးလိုက်တာလားဆိုတာ ကျွန်တော်တို့ အတိအကျ မသိကြဘူး။ ယေဟောဝါဟာ အချက်အလက်အားလုံးကို သိတယ်၊ ကရုဏာကြီးမားတယ်ဆိုတာကိုတော့ ကျွန်တော်တို့ သိကြတယ်။—က၂၄.၀၅၊ စာ. ၃-၄။

ဘုရားသခင်ဟာ “ကျောက်ဆောင်” ဖြစ်တယ်ဆိုတဲ့အချက်က ဘာကို စိတ်ချစေသလဲ။ (တရား. ၃၂:၄)

ယေဟောဝါဟာ ခိုလှုံရာ ဖြစ်တယ်။ အမြဲ ကတိတည်တဲ့အတွက် အချိန်အခါမရွေး ယုံကြည်အားကိုးနိုင်တယ်။ အရည်အသွေးတွေ၊ ရည်ရွယ်ချက်တွေ ဘယ်တော့မှ မပြောင်းလဲဘူး၊ မယိမ်းယိုင်ဘူး။—က၂၄.၀၆၊ စာ. ၂၆-၂၈။

အသင်းတော် ပြောင်းတဲ့အခါ နေသားကျဖို့ ဘာက ကူညီပေးမလဲ။

အတိတ်က ကျေးကျွန်တွေကို ကူညီပေးခဲ့သလို သင့်ကို ကူညီပေးမယ့် ယေဟောဝါကို အားကိုးပါ။ လက်ရှိ အသင်းတော်နဲ့ အရင် အသင်းတော်ကို မနှိုင်းယှဉ်ပါနဲ့။ အသင်းတော်အသစ်မှာ ထဲထဲဝင်ဝင် ပါဝင်ပါ။ မိတ်ဆွေသစ် ဖွဲ့ပါ။—က၂၄.၀၇၊ စာ. ၂၆-၂၈။

မဿဲ အခန်းကြီး ၂၅ မှာ ပါတဲ့ ပုံဥပမာသုံးခုကနေ ဘာသင်ခန်းစာတွေ ယူနိုင်သလဲ။

သစ္စာရှိဖို့ သိုးနဲ့ ဆိတ် ပုံဥပမာက အလေးပေးတယ်။ အသင့်ရှိဖို့၊ နိုးကြားဖို့ အပျိုစင် ပုံဥပမာက အလေးပေးတယ်။ အလုပ်ကြိုးစားဖို့၊ ဝီရိယရှိဖို့ တဲလင့် ပုံဥပမာက အလေးပေးတယ်။—က၂၄.၀၉၊ စာ. ၂၀-၂၄။

ရှောလမုန်ဗိမာန်တော် မုခ်ဦး ဘယ်လောက် မြင့်သလဲ။

မုခ်ဦး “အတောင် ၁၂၀” မြင့်တယ်လို့ ရှေးလက်ရေးစာမူတချို့မှာ ဖော်ပြထားတယ်။ ၁၇၅ ပေ (၅၃ မီတာ) မြင့်တဲ့ သဘောပါ။ (၂ ရာ. ၃:၄) ဒါပေမဲ့ စိတ်ချရတဲ့ တခြားကျမ်းတွေမှာ “အမြင့် အတောင် ၂၀၊” တစ်နည်းအားဖြင့် ပေ ၃၀ (၉ မီတာ) လောက် ရှိတယ်လို့ ဖော်ပြတယ်။ ဗိမာန်တော် နံရံအထူအရ မုခ်ဦးဟာ အတောင် ၂၀ မြင့်တာပဲ ဖြစ်ရမယ်။—က၂၄.၁၀၊ စာ. ၃၁။

အသင်းတော် အမှုထမ်းဟာ “ဇနီးတစ်ဦးတည်းရှိသူ” ဖြစ်ရမယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ (၁ တိ. ၃:၁၂)

ဇနီးတစ်ဦးတည်း ရှိရမယ်။ လိင်အကျင့်မယိုယွင်းရဘူး။ တခြားအမျိုးသမီးတွေနဲ့ ပရောပရည် မလုပ်ရဘူး။—က၂၄.၁၁၊ စာ. ၁၉။

ယောဟန် ၆:၅၃ မှာ ယေရှု ပြောတဲ့ စကားတွေဟာ သခင့်ညစာစားပွဲနဲ့ မဆိုင်ဘူးလို့ ဘာကြောင့် ပြောနိုင်သလဲ။

မိမိရဲ့ အသားစားဖို့၊ မိမိရဲ့ သွေးသောက်ဖို့ ယောဟန် ၆:၅၃ မှာ ယေရှု ပြောတယ်။ မိမိကို ယုံကြည်သက်ဝင်ဖို့ လိုနေတဲ့ ဂျူးလူအုပ်ကို အေဒီ ၃၂၊ ဂါလိလဲနယ်မှာ ဒီစကားတွေ ပြောခဲ့တာ။ တစ်နှစ်လောက်အကြာ ဂျေရုဆလင်မြို့မှာ ကျင်းပတဲ့ သခင့်ညစာစားပွဲမှာတော့ ကောင်းကင်မှာ မိမိနဲ့အတူ အုပ်ချုပ်မယ့်သူတွေကို ယေရှု ဦးတည်ပြောနေတာ ဖြစ်တယ်။—က၂၄.၁၂၊ စာ. ၁၀-၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ