အင်ဒိုနီးရှားနိုင်ငံ
ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး အလျှော့မပေးကြ
ဒယ်နီရယ် လာကိုလို
မွေးဖွားတဲ့နှစ်– ၁၉၆၅
နှစ်ခြင်းခံတဲ့နှစ်– ၁၉၈၆
ကိုယ်ရေးမှတ်တမ်းအကျဉ်း– နှိပ်စက်ညှဉ်းပန်းမှုကို သစ္စာရှိရှိခံရပ်ခဲ့တဲ့ အထူးရှေ့ဆောင်တစ်ဦးဖြစ်တယ်။
၁၉၈၉၊ ဧပြီ ၁၄ ရက်၊ ဖလောရစ်ကျွန်း မော်မဲရ်မြို့မှာ စည်းဝေးကျင်းပနေတုန်း အစိုးရအရာရှိတချို့ အိမ်ထဲရုတ်တရက်ဝင်လာပြီး ကျွန်တော်နဲ့ ညီအစ်ကိုညီအစ်မသုံးယောက်ကို ဖမ်းသွားတယ်။
ထောင်အရာရှိတွေက ကျွန်တော်တို့ကို အလံအလေးပြုခိုင်းတယ်။ အလေးမပြုတော့ ရိုက်တယ်၊ ကန်တယ်၊ ကျဲကျဲတောက်ပူတဲ့နေရောင်အောက်မှာ ၅ ရက် မတ်တတ်ရပ်ခိုင်းတယ်။ ညဆိုရင် အကျဉ်းခန်းလေးထဲက အေးစက်မာကျောနေတဲ့ သမံတလင်းပေါ်မှာ အိပ်ရတယ်။ တစ်ကိုယ်လုံး ညစ်ပတ်နံစော်နေပြီး အားလည်းမရှိ၊ ဒဏ်ရာတွေကလည်း နာလိုက်တာ ပြောမနေပါနဲ့တော့။ ထောင်ပိုင်ကြီးက အလျှော့ပေးလိုက်လျောဖို့ အကြိမ်ကြိမ် ဖိအားပေးတယ်။ ကျွန်တော်တို့ကတော့ “အသေသာခံမယ်၊ အလံကိုတော့အလေးမပြုဘူး” လို့ ပြန်ပြောလိုက်တယ်။ ရှေးခတ်ကခရစ်ယာန်တွေလိုပဲ ‘ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲဒုက္ခခံရတာကို’ အခွင့်ထူးအဖြစ် ယူမှတ်ကြတယ်။—၁ ပေ. ၃:၁၄။