ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၅၆
  • မာရ်နတ်က လူတွေကို ချုပ်ကိုင်နိုင်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မာရ်နတ်က လူတွေကို ချုပ်ကိုင်နိုင်သလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဖြေဆိုရာ
  • နတ်ဆိုးဆိုတာ ဘာလဲ၊ ဘယ်သူလဲ။
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • စာတန်ကို ဆီးတားလော့၊ ထွက်ပြေးသွားလိမ့်မည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • စာတန်ရှိကြောင်း သင်အမှန်တကယ် ယုံကြည်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မာရ်နတ် တကယ် ရှိသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၅၆

မာရ်နတ်က လူတွေကို ချုပ်ကိုင်နိုင်သလား

သမ္မာကျမ်းစာ ဖြေဆိုရာ

မာရ်နတ်နဲ့ နတ်ဆိုးတွေဟာ လူတွေကို လွှမ်းမိုးချုပ်ကိုင်ထားပါတယ်။ အဲဒါကို သိနိုင်ဖို့ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်- “မာရ်နတ်သည် ဤလောကကို ထိန်းချုပ်ထား၏။” (၁ ယောဟန် ၅:၁၉၊ နားလည်လွယ်သော ခေတ်သုံးမြန်မာကျမ်း) လူတွေအပေါ် လွှမ်းမိုးနိုင်အောင် မာရ်နတ် ကြိုးစားတဲ့နည်းတွေကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။

  • လှည့်ဖြားမှု။ “မာရ်နတ်၏ ဆိုးညစ်သောပရိယာယ်တို့ကို ဆီးတားတိုက်ခိုက်” ဖို့ ခရစ်ယာန်တွေကို သမ္မာကျမ်းစာက တိုက်တွန်းထားတယ်။ (ဧဖက် ၆:၁၁၊ နားလည်လွယ်သော ခေတ်သုံးမြန်မာကျမ်း) မာရ်နတ်ရဲ့ ပရိယာယ်တစ်ခုက သူရဲ့ဘက်တော်သားတွေဟာ ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်နေတဲ့သူတွေဖြစ်တယ်လို့ လူတွေ ယုံကြည်လာအောင် လှည့်ဖြားခြင်းဖြစ်တယ်။​—၂ ကောရိန္သု ၁၁:၁၃–၁၅။

  • နတ်ဆိုးပညာ။ နတ်ဝင်သည်တွေ၊ ဗေဒင်ဆရာတွေ၊ အတိတ်နိမိတ်ဖတ်သူတွေ၊ နက္ခတ်ဗေဒင်ဆရာတွေကနေတစ်ဆင့် လူတွေကို မာရ်နတ် လှည့်ဖြားနေပါတယ်။ (တရားဟောရာ ၁၈:၁၀–၁၂) ပယောဂနည်းနဲ့လုပ်ထားတဲ့ ဆေးတွေ၊ စိတ်ညို့ပညာ၊ စိတ်အတွေးကို ဗလာနတ္ထိဖြစ်စေတဲ့ ယောဂကျင့်စၣ်တွေနဲ့လည်း လူတွေကို မာရ်နတ် ချုပ်ကိုင်ထားတယ်။​—လုကာ ၁၁:၂၄–၂၆။

  • ဘာသာရေးအတုအယောင်။ ဘာသာရေးခေါင်းဆောင်တွေက လူတွေကို အယူဝါဒအမှားတွေ သင်ပေးပြီး ဘုရားသခင့်စကား နားမထောင်အောင် လှည့်စားနေကြတယ်။ (၁ ကောရိန္သု ၁၀:၂၀) ယုံကြည်ချက်အမှားတွေဟာ ‘နတ်ဆိုးတို့၏ သွန်သင်ချက်များ’ ဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ခေါ်ဆိုထားတယ်။​—၁ တိမောသေ ၄:၁။

  • နတ်ပူးခြင်း။ သမ္မာကျမ်းစာမှာ နတ်ဆိုးပူးနေတဲ့လူတွေအကြောင်း ဖော်ပြထားတယ်။ လူတွေမှာပူးနေတဲ့ နတ်ဆိုးဟာ သူတို့ မျက်စိကန်းသွားအောင်၊ ဆွံ့အသွားအောင်၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်ဒဏ်ရာရအောင်တောင် လုပ်တတ်ကြတယ်။​—မဿဲ ၁၂:၂၂; မာကု ၅:၂–၅။

မာရ်နတ်ရဲ့ လွှမ်းမိုးမှုကို ရှောင်ရှားနိုင်ပုံ

သင်ဟာ နတ်ဆိုးတွေကို ကြောက်ရွံတဲ့ဘဝနဲ့ အသက်ရှင်နေစရာ မလိုပါဘူး။ အကြောင်းက မာရ်နတ်ကို ဘယ်လို အောင်မြင်စွာ တွန်းလှန်နိုင်သလဲဆိုတာ သမ္မာကျမ်းစာမှာ ဖော်ပြထားလို့ဖြစ်တယ်–

  • မာရ်နတ်ရဲ့ နည်းပရိယာယ်တွေကို သိရှိနိုင်အောင် လေ့လာပါ။ ဒါမှ သင်ဟာ မာရ်နတ်ရဲ့ “အကြံအစည်များကို” သိရှိမှာဖြစ်တယ်။​—၂ ကောရိန္သု ၂:၁၁။

  • သမ္မာကျမ်းစာ အသိပညာကို ဆည်းပူးပြီး လက်တွေ့ ကျင့်သုံးပါ။ ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် မာရ်နတ်ရဲ့ လွှမ်းမိုးမှုကနေ သင် ကာကွယ်ခံရပါလိမ့်မယ်။​—ဧဖက် ၆:၁၁–၁၈။

  • နတ်ဆိုးနဲ့ပတ်သက်တဲ့ အရာမှန်သမျှကို ဖယ်ရှားပစ်ပါ။ (တမန်တော် ၁၉:၁၉) အဲဒီထဲမှာ နတ်ဆိုးပညာကို အမွှမ်းတင်ထားတဲ့ တေးဂီတ၊ စာအုပ်၊ မဂ္ဂဇင်း၊ ကြော်ငြာကားချပ်၊ ဗီဒီယိုတွေလည်း ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ