ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၇၅
  • သူငယ်ချင်းက စိတ်ထိခိုက်အောင်လုပ်ရင် ဘယ်လို လုပ်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူငယ်ချင်းက စိတ်ထိခိုက်အောင်လုပ်ရင် ဘယ်လို လုပ်မလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်ရာ
  • လုပ်ဆောင်နိုင်ရာ
  • ခွင့်လွှတ်တယ်ဆိုတာ ဘာကိုပြောတာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ‘ကလေးငယ်နဲ့ တူတဲ့ လူတွေကို’ တိုက်မိမလဲပါစေနဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • မိတ်ဆွေကောင်းဖြစ်နိုင်ပုံ
    နိုးလော့!—၂၀၁၄
  • ‘အချင်းချင်း အပြစ်ကိုလွှတ်ကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၇၅
မိန်းကလေးတစ်ယောက် စိတ်ထိခိုက်စေတဲ့စကား ပြောနေစဉ်

လူငယ်များအမေး

သူငယ်ချင်းက စိတ်ထိခိုက်အောင်လုပ်ရင် ဘယ်လို လုပ်မလဲ

  • သိထားသင့်ရာ

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူတွေ အဆို

သိထားသင့်ရာ

  • ပြဿနာကင်းတဲ့ သူငယ်ချင်းမျိုး မရှိပါဘူး။ မှားတတ်ကြလို့ အကောင်းဆုံး၊ အခင်ဆုံး သူငယ်ချင်းကတောင် သင် စိတ်ထိခိုက်အောင် လုပ်မိ၊ ပြောမိနိုင်တယ်။ သင်ကိုယ်တိုင်လည်း အမှားမကင်းတဲ့အတွက် သင့်ကြောင့် တစ်ယောက်ယောက် စိတ်ထိခိုက်ဖူးတာကို မမှတ်မိတော့တာ ဖြစ်နိုင်တယ်။—ယာကုပ် ၃:၂။

  • အင်တာနက်ကြောင့် အလွယ်တကူ စိတ်ထိခိုက်နိုင်တယ်။ ဥပမာ၊ ဆယ်ကျော်သက်အရွယ် ဒေးဗစ် ဒီလိုပြောတယ်– “အွန်လိုင်း သုံးနေတုန်း သူငယ်ချင်းရဲ့ မိတ်ဆုံပွဲပုံတွေ တွေ့လိုက်တယ်။ ငါ့ကိုတော့ မဖိတ်ဘူးဆိုတဲ့ အတွေး ဝင်လာတယ်။ သစ္စာဖောက်ခံရတယ်လို့ ခံစားရပြီး ဝမ်းနည်းသွားတယ်။”

  • ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။

လုပ်ဆောင်နိုင်ရာ

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ။ “ထစ်ခနဲဆို မကျေမချမ်း မဖြစ်နဲ့။ မကျေမချမ်း ဖြစ်တာဟာ ဉာဏ်တိမ်သူတွေရဲ့ အမှတ်လက္ခဏာပဲ” လို့ ကျမ်းစာ ဆိုတယ်။—ဒေသနာ ၇:၉၊ အောက်ခြေမှတ်ချက်။

“ဘာမဟုတ်တဲ့ကိစ္စနဲ့ စိတ်ထိခိုက်ခဲ့မှန်း နောက်ပိုင်းမှ သိလာတတ်တယ်။”—အလစ်ဆာ။

စဉ်းစားကြည့်ပါ– သင်ဟာ ဆတ်ဆတ်ထိမခံ ဖြစ်တတ်သလား။ တခြားသူတွေရဲ့ အားနည်းချက်ကို သည်းခံတတ်အောင် သင်ယူနိုင်မလား။—ဒေသနာ ၇:၂၁၊ ၂၂။

ခွင့်လွှတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သုံးသပ်ပါ။ “အမှားကို ဗွေမယူတာဟာ သူ့ရဲ့ အလှပဲ” လို့ ကျမ်းစာ ဆိုတယ်။—ပညာအလိမ္မာ ၁၉:၁၁။

“မကျေမနပ် ဖြစ်စရာ အကြောင်းရင်း ရှိရင်တောင် လုံးလုံး ခွင့်လွှတ်လိုက်တာ ကောင်းတယ်။ သူ့အမှားကို ပြန်ပြန်ဖော်ပြီး တောင်းပန်ခိုင်းတာမျိုး မလုပ်ဖို့ ဆိုလိုတာပါ။ ခွင့်လွှတ်လိုက်ပြီဆိုရင် အစပြန်မဖော်နဲ့တော့။”—မယ်လိုရီ။

စဉ်းစားကြည့်ပါ– တကယ်ကော ကြီးကျယ်တဲ့ကိစ္စ ဟုတ်လို့လား။ ပြန်သင့်မြတ်အောင် ခွင့်လွှတ်နိုင်မလား။—ကောလောသဲ ၃:၁၃။

နွေးနေတဲ့ အိမ်ထဲ လေအေးတွေ ဝင်အောင် လုပ်နေ

သူငယ်ချင်းတွေကြား ပြဿနာဖြစ်တိုင်း လိုက်ဖြေရှင်းတာက အနွေးဓာတ် လွှတ်ထားတဲ့အိမ်ထဲ လေအေးတွေ ဝင်အောင် ခဏခဏ တံခါးဖွင့်တာနဲ့ တူ

တခြားသူဘက်ကနေ စဉ်းစားကြည့်ပါ။ “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ” လို့ ကျမ်းစာ ဆိုတယ်။—ဖိလိပ္ပိ ၂:၄။

“သူငယ်ချင်းတွေကြားမှာ မေတ္တာနဲ့ လေးစားမှု ရှိမယ်ဆိုရင် ပြဿနာ ပြေလည်အောင် အမြန်ဆုံး ဖြေရှင်းမှာပဲ။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်း ဖြစ်လာဖို့ အများကြီး ရင်းထားရလို့ပဲ။ သူငယ်ချင်း ဖြစ်အောင် အများကြီး ကြိုးစားအားထုတ်ထားမှတော့ သူငယ်ချင်းကို ဆုံးရှုံးချင်မှာ မဟုတ်ဘူး။”—နီကိုး။

စဉ်းစားကြည့်ပါ– တခြားသူရဲ့ ရှုမြင်ချက်ကနေ အကျိုးရှိတဲ့ အချက်တချို့ကို ရှာနိုင်မလား။—ဖိလိပ္ပိ ၂:၃။

အဓိကအချက်– စိတ်ထိခိုက်တာ ဖြေရှင်းနိုင်ပုံကို သိထားမယ်ဆိုရင် လူကြီးဘဝအတွက် အသုံးဝင်တယ်။ အခုကတည်းက အဲဒီအရည်အချင်း ရှိအောင် သင်ယူထားပါ။

ရွယ်တူတွေ အဆို

ကီအာနာ

“ကိစ္စရပ်တိုင်းကို ထုတ်ဖော်ပြောဖို့ မလိုဘူး။ ကိုယ့်စိတ်ထဲမှာပဲ ဖြေရှင်းလို့ရရင် ဖြေရှင်းလိုက်တယ်။ အသေးအဖွဲကိစ္စကို ရေးကြီးခွင်ကျယ် လုပ်နေတာထက် အဲဒီလိုဖြေရှင်းလိုက်တာက ပိုစိတ်ချမ်းသာတယ်။”—ကီအာနာ။

ထရေး

“ပြဿနာပေါ်တိုင်း ‘ဒီကိစ္စက အခင်အမင် ပျက်ရလောက်အောင် ကြီးကျယ်တဲ့ကိစ္စ ဟုတ်လို့လား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးတယ်။ အများအားဖြင့် ‘မဟုတ်ဘူး’ ဆိုတဲ့ အဖြေ ရတယ်။”—ထရေး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ