ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၄၃
  • ဆေးလိပ်သောက်တာ အပြစ်လား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆေးလိပ်သောက်တာ အပြစ်လား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ဆေးခြောက်နဲ့ တခြားမူးယစ်ဆေးတွေ အပျော်တမ်းသဘောမျိုးနဲ့ သုံးစွဲခြင်းကိုရော ကျမ်းစာ ဘာပြောသလဲ
  • ဆေးလိပ်သောက်တာနဲ့ပတ်သက်ပြီး ငါ ဘာတွေသိထားသင့်သလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ကျွန်ုပ်တို့ ဆေးလိပ်သောက်တာ၊ မသောက်တာက ဘုရားသခင်အတွက် အရေးကြီးသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆေးလိပ်သောက်တာကို ဘုရား လက်ခံသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ပါ
    နိုးလော့!—၂၀၁၀
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၄၃
စီးကရက်သောက်နေစဉ်

ဆေးလိပ်သောက်တာ အပြစ်လား

ကျမ်းစာအဖြေ

ကျမ်းစာမှာ ဆေးလိပ်သောက်ခြင်း၊a ဆေးရွက်ကြီး သောက်သုံးခြင်းအကြောင်း မဖော်ပြထားဘူး။ ဒါပေမဲ့ ကျန်းမာရေး ထိခိုက်စေတဲ့၊ မသန့်ရှင်းတဲ့ အကျင့်တွေကို ဘုရား မနှစ်သက်ကြောင်း ဖော်ပြတဲ့ လမ်းညွှန်ချက်တွေတော့ ပါတယ်။ ဒီတော့ ဆေးလိပ်သောက်ခြင်းဟာ အပြစ်ဖြစ်မှန်း သိနိုင်တယ်။

  • အသက်ကို တန်ဖိုးထားပါ။ ‘ဘုရားသခင်ဟာ လူအားလုံးကို အသက်နဲ့ ထွက်သက်ဝင်သက် ပေးတဲ့အရှင် ဖြစ်တယ်။’ (တမန်တော် ၁၇:၂၄၊ ၂၅) အသက်ဟာ ဘုရားပေး လက်ဆောင်ဖြစ်လို့ ဆေးလိပ်သောက်ခြင်းလိုမျိုး အသက်တိုစေနိုင်တာ မှန်သမျှ မလုပ်သင့်ဘူး။ ကမ္ဘာတစ်ဝန်းမှာ ဆေးလိပ်သောက်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အကျင့်တစ်ခုဖြစ်ပြီး ကာကွယ်တားဆီးလို့ ရနိုင်ပါတယ်။

  • လူလူချင်းကို ချစ်ပါ။ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။” (မဿဲ ၂၂:၃၉) လူတောထဲ ဆေးလိပ်သောက်ခြင်းဟာ လူလူချင်းကို ချစ်ရာ မရောက်ဘူး။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ရလေ့ရှိသူတွေဟာ ကိုယ်တိုင် သောက်သုံးသူတွေ ဖြစ်ပွားတဲ့ရောဂါမျိုး ခံစားရကြတယ်။

  • သန့်ရှင်းပါ။ “အသက်ရှင်နေတဲ့၊ သန့်ရှင်းတဲ့၊ ဘုရားသခင် လက်ခံနိုင်တဲ့ ပူဇော်သက္ကာအဖြစ် မိမိတို့ရဲ့ ကိုယ်ခန္ဓာကို ဆက်သကြပါ။” (ရောမ ၁၂:၁) “ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြစို့။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ သန့်ရှင်းသည်ထက် သန့်ရှင်းအောင် အသက်ရှင်နေကြစို့။” (၂ ကောရိန္သု ၇:၁) ဆေးလိပ်သောက်ခြင်းဟာ သန့်ရှင်းစင်ကြယ်ခြင်းနဲ့ လုံးလုံး ဆန့်ကျင်ဘက်ဖြစ်တယ်။ ဆေးရွက်ကြီး သုံးစွဲသူတွေဟာ ကိုယ်ခန္ဓာကို အကြီးအကျယ် အန္တရာယ်ပြုတဲ့ အဆိပ်အတောက်တွေကို တမင်သုံးစွဲနေလို့ပဲ။

ဆေးခြောက်နဲ့ တခြားမူးယစ်ဆေးတွေ အပျော်တမ်းသဘောမျိုးနဲ့ သုံးစွဲခြင်းကိုရော ကျမ်းစာ ဘာပြောသလဲ

Weed ဒါမှမဟုတ် pot လို့ခေါ်တဲ့ ဆေးခြောက်အကြောင်း၊ တခြားမူးယစ်ဆေးအကြောင်း ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ စွဲစေတတ်တဲ့ အဲဒီလိုအရာတွေကို စိတ်အပန်းဖြေစရာအနေနဲ့/အပျော်သဘောမျိုးနဲ့ မသုံးစွဲသင့်ကြောင်း ဖော်ပြတဲ့ လမ်းညွှန်ချက်တွေတော့ ပါတယ်။ အထက်ပါလမ်းညွှန်ချက်တွေအပြင် ဒီအချက်တွေလည်း အကျုံးဝင်တယ်–

  • စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို ထိန်းချုပ်တတ်ရမယ်။ “ယေဟောဝါဘုရားကို . . . ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ပါ။” (မဿဲ ၂၂:၃၇၊ ၃၈) “အပြည့်အဝ သတိရှိကြပါ။” (၁ ပေတရု ၁:၁၃) မူးယစ်ဆေး သုံးစွဲသူတစ်ဦးဟာ စိတ်ကို အပြည့်အဝ မထိန်းချုပ်နိုင်ဘူး။ မူးယစ်ဆေး စွဲပြီး မသောက်ရမနေနိုင် ဖြစ်လာသူတွေ အမျာကြီးရှိတယ်။ အကျိုးပြုတာတွေကို မတွေးဘဲ မူးယစ်ဆေးဝါး ရဖို့ပဲ အာရုံစိုက်တတ်ကြတယ်။​—ဖိလိပ္ပိ ၄:၈။

  • ဥပဒေကို လိုက်နာပါ။ ‘အစိုးရနဲ့ အာဏာပိုင်တွေကို နာခံပါ။’ (တိတု ၃:၁) နိုင်ငံများစွာမှာ တချို့ မူးယစ်ဆေးဝါးတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။ ဘုရားရဲ့ မျက်နှာသာရချင်ရင် အာဏာပိုင်တွေကို နာခံရမယ်။​—ရောမ ၁၃:၁။

ဆေးရွက်ကြီးနဲ့ သင့်ကျန်းမာရေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုနဲ့ဆက်နွှယ်တဲ့ ရောဂါကြောင့် နှစ်စဉ် လူဦးရေ ခြောက်သန်းနီးပါး သေဆုံးနေတယ်။ အဲဒီထဲက ၆၀၀,၀၀၀ ကျော်ဟာ ကိုယ်တိုင်သောက်သုံးလို့ မဟုတ်ဘဲ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ရသူတွေ ဖြစ်နေတယ်။ သုံးစွဲသူကိုသာမက ပတ်ဝန်းကျင်က လူတွေရဲ့ ကျန်းမာရေးကိုပါ ဘယ်လို ထိခိုက်စေနိုင်တယ်ဆိုတာ သုံးသပ်ကြည့်ပါ။

ကင်ဆာ။ ဆေးရွက်ကြီးမှာ ကာစီနိုဂျင် ဓါတုပစ္စည်းအမျိုး ၅၀ ပါတယ်။ “အဆုတ်ကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်း ၉၀ ရာခိုင်နှုန်းဟာ” ဆေးလိပ်ငွေ့ကြောင့် ဖြစ်တယ်လို့ Encyclopædia Britannica ကဆိုတယ်။ ဆေးလိပ်ငွေ့ကြောင့် ခံတွင်း၊ လေပြွန်၊ အစာပြွန်၊ လည်ချောင်း၊ အသံအိုး၊ အသည်း၊ ပန်ကရိယ၊ ဆီးအိမ်ကင်ဆာ စတာတွေလည်း ဖြစ်နိုင်ပါသေးတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ။ ဆေးလိပ်ငွေ့ကြောင့် နမိုးနီးယား/အဆုတ်ရောင်ရောဂါနဲ့ တုပ်ကွေးရောဂါလိုမျိုး အသက်ရှူလမ်းကြောင်းရောဂါတွေ ပိုဖြစ်တတ်တယ်။ သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို အမြဲရှူနေရတဲ့ ကလေးတွေဆိုရင် ပန်းနာရင်ကျပ်၊ နာတာရှည် ချောင်းဆိုးတာ၊ အဆုတ်ကြီးထွားမှုနဲ့ အဆုတ်ရဲ့ အလုပ်လုပ်နိုင်စွမ်း ကျဆင်းတာတွေ ဖြစ်တတ်တယ်။

နှလုံးရောဂါ။ ဆေးလိပ်သောက်တဲ့သူတွေဟာ လေဖြတ်နိုင်ခြေများသလို နှလုံးရောဂါလည်း ရနိုင်တယ်။ ဆေးလိပ်ငွေ့မှာပါဝင်တဲ့ ကာဗွန်မိုနောက်ဆိုက်ဓာတ်ဟာ အဆုတ်ကနေ သွေးကြောထဲ ရောက်သွားပြီး အောက်ဆီဂျင်အစား ကာဗွန်မိုနောက်ဆိုက်တွေ နေရာယူသွားတယ်။ သွေးထဲမှာ အောက်ဆီဂျင် လျော့နည်းသွားတဲ့အခါ ခန္ဓာကိုယ်ဆီ အောက်ဆီဂျင်ရောက်ဖို့ နှလုံးက ပိုအလုပ်လုပ်ရတယ်။

ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ရင်။ ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးလိပ်သောက်ရင် လမစေ့ဘဲ ကလေးမွေးတာ၊ ပေါင်မပြည့်ဘဲ ကလေးမွေးတာ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ စတဲ့ ချို့ယွင်းချက်ရှိတဲ့ ကလေးမွေးတာမျိုး ဖြစ်တတ်တယ်။ အဲဒီလိုကလေးတွေဟာ အသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်တတ်ပြီး ရုတ်တရက်သေဆုံး တတ်တယ်။

a ဆေးလိပ်သောက်ခြင်းဆိုတာ စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ ပိုက်၊ ရေပြောင်းတွေက တစ်ဆင့် ဆေးရွက်ကြီးအငွေ့ ရှူရှိုက်ခြင်းကို ဆိုလိုတယ်။ ဆေးရွက်ကြီး ငုံခြင်း၊ ဝါးခြင်း၊ ရှူခြင်း၊ နီကိုတင်းနဲ့ အလားတူပစ္စည်းတွေ ပါဝင်တဲ့ အီးစီးကရက် သောက်သုံးခြင်းတို့လည်း အကျုံးဝင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ