ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၈/၈ စာ. ၂၂-၂၃
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကြမ်းဖက်မှု ပိုမိုဆိုးရွားလာ
  • “စိုင်းဘားစပေ့” ရှိဘာသာတရား
  • အမျိုးသမီးများအတွက် အပိုအလုပ်ဝန်
  • အမှန်ပင်ကြီးပြီး အမှန်ပင်အနံ့ဆိုးသည့်ပန်းပွင့်
  • အီတာလျံလော့ဒ်စ်လော
  • အရွယ်ရောက်ကွန်ဒေါလင်းတကြီးမျိုးများနှင့်အတူ ပြဿနာ
  • ရာဇဝတ်မှုနှိမ်နင်းရေးသတ်ဖြတ်မှုများ
  • ကမ္ဘာ့အရှည်ဆုံး ဥမင်လိုဏ်ခေါင်းလမ်းမ
    နိုးလော့!—၂၀၀၃
  • သင်သိပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဒိန်းမတ်နိုင်ငံ၏ ဂရိတ်ဘဲ့လ်တ်ကို ပေါင်းကူးပေးခြင်း
    နိုးလော့!—၂၀၀၁
  • ကျမ်းစာခေတ်ကယေရုရှလင်မြို့—ရှေးဟောင်းသုတေသနပညာက အဘယ်အရာကိုဖော်ပြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၈/၈ စာ. ၂၂-၂၃

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အကြမ်းဖက်မှု ပိုမိုဆိုးရွားလာ

လက်ဝှေ့ပွဲများ၊ ကိုယ်ခံပညာပြိုင်ပွဲများကဲ့သို့သော အားကစားပွဲများကို အကြမ်းဖက်ခြင်းမဟုတ်သေးပါဟုယူမှတ်သူများအတွက် အမေရိကန်ပြည်ထောင်စုရှိ ကစားပွဲတာဝန်ခံများသည် “အဆုံးစွန်တိုက်ပွဲ” ဟုခေါ်သည့် အမည်သစ်ကို ခေါ်တွင်စေခဲ့ကြသည်။ သည်နယူးယောက်တိုင်းမ်သတင်းမှတ်တမ်းအရ ပေါ်ပေါက်လာပုံမှာ ဤသို့ရိုးရိုးလေးဖြစ်သည်– “လူနှစ်ဦးမှ တစ်ဦးဦး အရှုံးပေးသည်အထိ သို့မဟုတ် သတိလစ်မေ့မြောသည်အထိ ထိုးသတ်ကြသည်။” သူတို့သည် အထိအခိုက်သက်သာစေရန် မည်သည့်လက်အိတ်ကိုမျှမဝတ်ထားပါ; အချီ သို့မဟုတ် ရပ်နားခြင်း မရှိပေ; ကိုက်ခြင်း သို့မဟုတ် မျက်စိနှိုက်ခြင်းကိုတားမြစ်ခြင်းအပြင် ကန့်သတ်ချက်စည်းမျဉ်းအနည်းအကျဉ်းသာချမှတ်ထားသည်။ ပြိုင်ဘက်များသည် လက်ဝှေ့၊ ဂျူဒို၊ ကရာတေး၊ နပန်း သို့မဟုတ် လမ်းပေါ်ရန်ပွဲတို့မှနည်းပညာများကို အသုံးပြုကာ—သွေးထွက်သံယိုမှုများစွာဖြစ်လေ့ရှိသည်။ ပြိုင်ပွဲများကို လက်လွတ်စပယ်သြဘာပေးသည့် ဝါသနာအိုးများရှေ့မှောက်တွင်ကျင်းပကာ လက်မှတ်တစ်စောင်လျှင် ယူအက်စ်ဒေါ်လာ ၂၀၀ ခန့်ပေးကြရသည်; ထိုးသတ်ပွဲများသည် တီဗွီနှင့် ဗီဒီယိုအငှားခွေတို့တွင်လည်း လူကြိုက်များကြသည်။ သို့သော် ပြည်နယ်များစွာတွင် ဤပြိုင်ပွဲများကို ပိတ်ပင်ထားသည်။

“စိုင်းဘားစပေ့” ရှိဘာသာတရား

အပြန်အလှန်ဆက်သွယ်ထားသည့် ကွန်ပျူတာအချက်အလက်အခြေစုကွန်ရက်စနစ်ဖြစ်သည့် “စိုင်းဘားစပေ့” ကိုစူးစမ်းလေ့လာရန် ကွန်ပျူတာကိုအသုံးပြုသူများတွင် ဤခေတ်သမယမှ ဘာသာတရားဆိုင်ရာရွေးချယ်ခွင့်များ ပို၍များလာသည်။ ယခုအခါ The World Wide Web ကွန်ရက်စနစ်တွင် ယခုအခါ The Mary Page ဟူသည့်အပိုင်းပါရှိပြီး ယင်းတွင် သူမကို အဘယ်ကြောင့် အပြာနုရောင်ဆင်မြန်းသူအဖြစ် အမြဲပုံဖော်ထားရသနည်းကဲ့သို့သော အပျိုစင်မာရိအကြောင်း အများဆုံးသိလိုသည့်မေးခွန်းဆယ်ခု၏အဖြေများကို ဖြေကြားပေးနိုင်သည်။ ထိုသို့သောစက်မှုနည်းပညာကို လျှပ်စစ်ဓာတ်အားအဖြစ်လက်မခံသည့် Amish ဂိုဏ်းဂဏများကို Ask the Amish ဟုခေါ်သည့်ကဏ္ဍတစ်ခုဖြင့်ဖော်ပြထားသည်။ သူတို့အတွက် မေးခွန်းလွှာတစ်ခုပေးပို့လိုက်ပြီး သူတို့က လက်ရေးဖြင့်ပြန်ဖြေကာ အဖြေများကို ကြားခံမှတစ်ဆင့် ကွန်ပျူတာကထုတ်လွှင့်ပေးသည်။ ခရစ်ယာန်ရာစုနှစ်မဂ္ဂဇင်းက ယခုအခါ အင်တာနက်ပေါ်ရှိ “ဆိုက်” (site) ကို ကွန်ဖက်ရှင်းဘုသ် (Confession Booth) ဟုခေါ်ကာ ယင်းတွင် ဒီဂျီတယ်ဓမ္မဆရာက ‘သင်ဘာကိုအာပတ်ဖြေချင်ပါသလဲ’ ဟုမေးထားကြောင်းဖော်ပြသည်။ နောက်တစ်ကြောင်းသည် စိတ်ကြိုက်ရွေးဖို့အဖြေများဖြစ်သည်။ “ကျွန်ုပ်သည် အောက်ပါအပြစ်ကို ကျူးလွန်ခဲ့သည်– (လူသတ်မှု) (သူ့သားအိမ်ရာပြစ်မှားခြင်း) (ပျင်းရိခြင်း) (လောဘကြီးခြင်း) (ကာမဇောတက်ခြင်း) (ဥစ္စာဓနမက်မောခြင်း) (လှည့်ဖြားခြင်း) (စားကြူးခြင်း) (မာနကြီးခြင်း) (အမျက်ထွက်ခြင်း) (တပ်မက်ခြင်း) (ဦးစားထားရာလွဲမှားခြင်း)။”

အမျိုးသမီးများအတွက် အပိုအလုပ်ဝန်

အိမ်တွင်း၌ အမျိုးသားများနှင့်အမျိုးသမီးများသည် တန်းတူညီမျှအလုပ်လုပ်ကြပါသလော။ ဂျာမန်ဖယ်ဒရယ်စာရင်းအင်းရုံး၏ လေ့လာမှုတစ်ရပ်အရ ထိုသို့မဟုတ်ပါ။ ဘောဂဗေဒပညာရှင် နောဘာ့တ်ရှဗာ့တ်နှင့် ဒီတာရှက်ဖာတို့သည် အိမ်ထောင်စု ၇,၂၀၀ ကိုဆန်းစစ်မေးမြန်းကာ အိမ်တွင်းအလုပ်လုပ်ချိန်ပမာဏကို မှတ်တမ်းယူခဲ့သည်။ ယင်းလေ့လာမှုတွင် ပန်းကန်ဆေး၊ စျေးဝယ်၊ ဖျားနာသူဆွေမျိုးများကိုကြည့်ရှုခြင်းနှင့် ကားပြုပြင်ထိန်းသိမ်းခြင်းကဲ့သို့သောအလုပ်များပါဝင်သည်။ “အပြင်အလုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမျိုးသမီးများသည် အမျိုးသားများထက် လုပ်ခမရသည့်အလုပ်အတွက် အချိန်နှစ်ဆအသုံးပြုကြသည်” ဟုစုအက်ရှီစိုင်တွန်းသတင်းစာကဖော်ပြသည်။

အမှန်ပင်ကြီးပြီး အမှန်ပင်အနံ့ဆိုးသည့်ပန်းပွင့်

ကမ္ဘာပေါ်တွင် အကြီးဆုံးပန်းပွင့်သည် အမှန်ပင်ထူးဆန်းဖွယ်ဖန်ဆင်းရာတစ်ခုဖြစ်သည်။ ရပ်ဖလီးယားဟုခေါ်သောပန်းပွင့်သည် ခန့်မှန်းခြေအားဖြင့် ဘတ်စကားတာရာဘီးအရွယ်အစားရှိပြီး အပွင့်ပွင့်ရန် လူတစ်ဦးသန္ဓေတည်သည်မှ မွေးဖွားသည်လောက်အချိန်ကြာသည်။ အရွယ်အစားက ဤပန်းကို ပန်းစည်းစည်းဖို့မသင့်လျော်စေသည့် တစ်ခုတည်းသောအကြောင်းမဟုတ်ပါ။ ယင်းသည် အလွန်အနံ့ဆိုး၏။ ဝတ်မှုန်ကူးဖို့ ယင်ကောင်များကိုဆွဲဆောင်ရာတွင် ရပ်ဖလီးယား၏အနံ့သည် အသားပုပ်နံ့ကဲ့သို့ဖြစ်၏။ လွန်ခဲ့သည့်အချိန်က ရပ်ဖလီးယားပင်များပေါက်သည့် မိုးသစ်တောများတွင်နေထိုင်သော မလေးရှားလူမျိုးရွာသားများသည် ယင်းကို နတ်ဆိုးခွက်ဟု အမည်ပေးကာချက်ချင်းခုတ်လှဲပစ်ကြသည်။ သို့သော် South China Morning Post သတင်းစာအရ မလေးရှားကီနာဘာလူအစိုးရပန်းခြံအဖွဲ့က သိပ္ပံပညာရှင်များ ထပ်ဆင့်လေ့လာနိုင်ရန် ရှားပါးသည့်ထိုပန်းကို ထိန်းသိမ်းကာကွယ်ခဲ့ကြသည်။ ယခုအခါ ဒေသခံရွာသားများသည် ရပ်ဖလီးယားပင်များကိုဓာတ်ပုံရိုက်ယူရန် ကမ္ဘာလှည့်ခရီးသည်များကို သစ်တောသို့လမ်းပြပေးခြင်းဖြင့် ငွေပိုရရှိကြသည်။ လူအများစုသည် အမှန်ပင်ခပ်လှမ်းလှမ်းမှ နေကြမည်မှာမလွဲဧကန်ပင်။

အီတာလျံလော့ဒ်စ်လော

အီတာလျံစီဗီတာဗက်ချီယာမြို့တွင် မကြာသေးမီက အပျိုစင်မာရိရုပ်တုသည် သွေးမျက်ရည်ကျနေသည်ဟုပြောဆိုကြသဖြင့် သိလိုစိတ်ပြင်းပြသူ၊ ကြည့်ရှုသူများနှင့်ဘုရားဖူးထောင်ပေါင်းများစွာ အစုလိုက်အပြုံလိုက်ရောက်လာကြသည်။ ဤအကြောင်းကြောင့် မိမိကိုယ်ကိုမယုံကြည်သူတစ်ဦးအဖြစ်ယူမှတ်သည့် မြို့တော်ဝန် ပီယက်ထရိုတီဒေးယီးသည် . . . ဂိုဏ်းအုပ်နှင့်အတူ ပြင်သစ်သို့ခရီးထွက်ခဲ့ကြသည်။ သူတို့သည် ကက်သလစ်ဝတ်ကျောင်းတွင် “အံ့ဖွယ်ဖြစ်ရပ်များ” ဖြစ်ပျက်သည်ဟု ထင်မှတ်ခံရခြင်းကြောင့်ကျော်ကြားသော နာမည်ကြီးလော့ဒ်စ်မြို့သို့သွားရောက်လည်ပတ်ကြသည်။ သွားရောက်လည်ပတ်ခြင်းသည် ဘုရားဖူးဖို့ရန်မဟုတ်ပါ။ သို့အစား ၎င်းတို့၏ရည်ရွယ်ချက်မှာ လော့ဒ်စ်မြို့၏ “စီးပွားရေးဆိုင်ရာအံ့ဖွယ်” ကိုလေ့လာရန်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်နှင့်ဘုရားဖူးများကြောင့် ဝင်ငွေများများရနေသော . . . မြို့ကဲ့သို့ စီဗီတာဗက်ချီယာမြို့ကိုလည်း မည်သို့ဖွဲ့စည်းစီမံဆောင်ရွက်ရမည်နှင့်စပ်လျဉ်း၍ အကြံဉာဏ်ရဖို့ဖြစ်သည်မှာ ထင်ရှားပါသည်။

အရွယ်ရောက်ကွန်ဒေါလင်းတကြီးမျိုးများနှင့်အတူ ပြဿနာ

အပုပ်ကောင်ကိုစားသည့် ငှက်မျိုးကြီး—ကာလီဖိုးနီးယား ကွန်ဒေါလင်းတကြီးမျိုးသည် ဤရာစုအတွင်း မျိုးသုဉ်းလုမတတ်ပင်ဖြစ်လာပြီး တောနေသတ္တဝါထိန်းသိမ်းရေးအဖွဲ့မှ ဖမ်းဆီးကာ မျိုးဖောက်ပေါက်ဖွားလာသောကွန်ဒေါများ အရိုင်းဓလေ့အတိုင်းစေလွှတ်ရာတွင် ကြီးလေးသော စိန်ခေါ်ချက်များရင်ဆိုင်ကြရသည်။ ၎င်းငှက်များကို အရွယ်ရောက်လာသည်နှင့်အမျှ လွှတ်ပေးခဲ့ကြရာ “သူတို့၏ နယ်သစ်မြေသစ်ရှာဖွေလိုသော ဆယ်ကျော်သက်အရွယ်တွင် အရာရာကို စူးစမ်းရှာဖွေမှုပြုကြသည်” ဟုတောနေသတ္တဝါထိန်းသိမ်းရေးသမားတစ်ဦးက ဆိုကြောင်း New Scientist က ကိုးကားဖော်ပြခဲ့သည်။ လူသားများနှင့် လျှပ်စစ်ဓာတ်ကြိုးများကို ကြောက်ရွံ့ခြင်းမရှိကြဘဲ အများအပြားသေဆုံး သို့မဟုတ် လွတ်လပ်မှုပျောက်ဆုံးကုန်ကြသည်။ ထို့ကြောင့် တောနေသတ္တဝါထိန်းသိမ်းသူများက ကွန်ဒေါငှက်များကို မွေးမြူရာတွင် နည်းလမ်းသစ်များ သုံးထားသည်။ လျှပ်စစ်ဓာတ်ကြိုးများကို ရှောင်ရှားဖို့ သင်ကြားပေးရန် အနည်းငယ်ဓာတ်လိုက်စေခြင်းကို အသုံးပြုကြသည်။ လူများကိုလွဲရှောင်ဖို့သင်ကြားပေးရာတွင် ကွန်ဒေါများ လူတို့ကို တွေ့မြင်ခြင်းမရှိအောင်ပြုကြကာ ရံဖန်ရံခါ၌ လူအတော်များများက ငှက်တို့ကို ရုတ်တရက်ပင် အကြမ်းပတမ်းလိုက်ဖမ်းကြပြီး ၎င်းတို့ကို နောက်ပြန်လှဲချလိုက်ကြသည်။ “ယင်းကို ကွန်ဒေါများ ရွံမုန်းကြသည်” ဟု New Scientist ကဖော်ပြသည်။ သို့ဖြင့် လူတို့ကိုရှောင်ကြဉ်ရန် သင်ကြားကြသည်။ လက်ရှိအချိန်အထိ ဤမဟာဗျူဟာအစီအစဉ်သည် အတိုင်းအတာတစ်ခုအထိ အောင်မြင်လျက်ရှိသည်။

ရာဇဝတ်မှုနှိမ်နင်းရေးသတ်ဖြတ်မှုများ

တောင်အာဖရိကတွင် ယာဉ်အပိုင်စီးသူများဟု သံသယဖြစ်ခံရသည့်အဖွဲ့တစ်ဖွဲ့ကို စိတ်ဆိုးနေသောလူအုပ်က သူတို့၏အိမ်များမှခေါ်ထုတ်၍ ခုတ်ထစ်သတ်ဖြတ်ကာ သင်္ဘောဆေးဖြင့်ဖုံးလိုက်ကြသည်။ Saturday Star သတင်းစာက ဤသို့သောဖြစ်ရပ်များတိုးပွားရခြင်းသည် “ရဲတို့အပေါ်အယုံအကြည်ကင်းမဲ့ပြီး ရာဇဝတ်မှုနှင့်စပ်လျဉ်း၍ စိတ်စွဲလမ်းချောက်ချားနေရသည့် လူ့ဘောင်အဖွဲ့အစည်း၏လက္ခဏာတစ်ရပ်“ ဖြစ်သည်ဟုမှတ်ချက်ချသည်။ ထိုသို့သောအပြုအမူကို ခွင့်မပြုသော်လည်း ပြစ်မှုဗေဒကျွမ်းကျင်သူများက သူတို့၏သတ်ဖြတ်မှုပြီးနောက် အသတ်ခံရသူများကို ဆေးဆိုးသည့်လုပ်ရပ်သည် အဓိပ္ပာယ်ရှိသည်ဟုယူမှတ်ကြသည်။ ယင်းက အခြားပြစ်မှုကျူးလွန်လာနိုင်သူများအတွက် သတိပေးချက်ဖြစ်စေသည်။ ပြစ်မှုဗေဒကျွမ်းကျင်သူတစ်ဦးက ဤသို့မှတ်ချချက်သည်– “အခြေအနေမှာ လုံးလုံးထိန်းမနိုင်သိမ်းမရဖြစ်ပြီး လူထုတွင် ရာဇဝတ်ကောင်၏ဝန်းရံတိုက်ခိုက်မှုကို ခံရသည်ဟူသည့်အသိစိတ်ကိုတွန်းလှန်ရာတွင် ကိုယ်ကိုမထိန်းချုပ်နိုင်တော့ကြောင်း အားလုံးကညွှန်ပြနေပါသည်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ