ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၁၀/၈ စာ. ၇-၈
  • ပေါင်းကူးပေးရန် အတားအဆီးများ ဖြိုဖျက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပေါင်းကူးပေးရန် အတားအဆီးများ ဖြိုဖျက်ခြင်း
  • နိုးလော့!—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေများအလယ် ယဉ်ကျေးမှုကွဲပြားခြားနားခြင်း
  • ဆက်သွယ်မှုကို တားဆီးသောတံတိုင်းများ
    နိုးလော့!—၁၉၉၇
  • ယဉ်ကျေးမှုနှစ်ခုကြားမှာ ငါဘယ်လိုနေရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • သင်သည် အခြားသူများကို ယေဟောဝါနည်းတူ ရှုမြင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဒေသခံယဉ်ကျေးမှုများနှင့် ခရစ်ယာန်မူများ—သဟဇာတဖြစ်၏လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၇
န၉၇ ၁၀/၈ စာ. ၇-၈

ပေါင်းကူးပေးရန် အတားအဆီးများ ဖြိုဖျက်ခြင်း

အဘယ်မိသားစု၊ အဘယ်လူမျိုးအတွင်း မွေးဖွားမည်ဟု ကျွန်ုပ်တို့မရွေးချယ်ခဲ့ကြသည့်နည်းတူပင် အဘယ်ယဉ်ကျေးမှု၏ပုံသွင်းမှုကိုခံယူမည်ဟူ၍လည်း ကျွန်ုပ်တို့မဆုံးဖြတ်ခဲ့ကြပါ။ ယင်းကိစ္စများကို ကျွန်ုပ်တို့အဘယ်နည်းဖြင့်မျှ မတတ်နိုင်ကြချေ။ ကျွန်ုပ်တို့အားလုံး အချိန်နှင့် အခြေအနေတို့ကို လက်အောက်ခံကြရ၏။ သို့သော် သူတစ်ပါးကို မည်သို့ယူမှတ်မည်၊ သူတို့နှင့် မည်သို့ဆက်ဆံမည်တို့ကိုကား ကျွန်ုပ်တို့တတ်နိုင်သောကိစ္စများဖြစ်သည်။

ယင်းတို့ကို ကျွန်ုပ်တို့မည်သို့ပြုမူနိုင်ကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ မိမိနှင့် နောက်ခံချင်းမတူသူတို့နှင့် ဆက်သွယ်ရေးပေါင်းကူးပြုလုပ်ရန် အကူအညီဖြစ်စေမည့် ကျင့်စဉ်မူအချို့ကို သုံးသပ်ကြည့်ပါ။

“လောကဓာတ်မှစ၍ လောကဓာတ်၌ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည် . . . မြေတစ်ပြင်လုံး၌နေရသော လူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့် ဖန်ဆင်းတော်မူ . . . ၏။” (တမန်တော် ၁၇:၂၄၊ ၂၆) ကျွန်ုပ်တို့အားလုံးသည် လူ့မိသားစုတစ်စုတည်းမှဖြစ်ကြရာ အသွင်တူညီမှု မြောက်မြားစွာရှိကြ၏။ အသွင်တူညီမှုများကို ရှာဖွေကြခြင်းဖြင့် ဆက်သွယ်မှုပြုရန်လွယ်ကူစေပါသည်။ ကျွန်ုပ်တို့အားလုံး မိတ်ကောင်းဆွေကောင်းများ ရလိုကြ၍ မြတ်နိုးလေးစားခံချင်ကြ၏။ လူတိုင်း ကာယနှင့်စိတ်ဓာတ်နာကျင်မှုကို ရှောင်ကြဉ်လိုကြ၏။ ယဉ်ကျေးမှုတိုင်းမှ လူအပေါင်းသည် တေးဂီတနှင့် အနုပညာကိုမြတ်နိုးကြပြီး နောက်ပြောင်ပြောဆိုတတ်ကြ၏၊ တစ်ဦးအပေါ်တစ်ဦး ယဉ်ကျေးစွာပြုမူဆက်ဆံကြရမည်ဟု ယုံကြည်ကာ ပျော်ရွှင်မှုရှိရန် နည်းလမ်းများကိုလည်း ရှာဖွေယူတတ်ကြ၏။

‘ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်ဇော [မှု] ကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြဘဲ သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြ၏။’ (ဖိလိပ္ပိ ၂:၃) ယင်းကြောင့် သူတစ်ပါးသည် အရာရာ၌ ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု ယူမှတ်ရမည်ဟူ၍ ဆိုလိုနေခြင်းမဟုတ်ပါ။ ယင်းအစား ဘဝကဏ္ဍအချို့တွင် သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု အသိအမှတ်ပြုသင့်ကြောင်းကို ဆိုလိုနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့ချည်းသာ၊ သို့မဟုတ် ကျွန်ုပ်တို့၏ယဉ်ကျေးမှုတစ်ခုတည်းသာ ကောင်းမွန်သည်ဟူ၍ ဘယ်သောအခါမျှမထင်သင့်ပါ။

“ထိုကြောင့် ငါတို့သည် အဆင်သင့်သည်အတိုင်း . . . ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။” (ဂလာတိ ၆:၁၀) သူတစ်ပါး၏ယဉ်ကျေးမှုနောက်ခံကို ပမာမထားဘဲ မိမိကစတင်၍ ခင်မင်မှုပြပြီး အကူအညီပေးခြင်းအားဖြင့်ပင် ဆက်သွယ်ရေးကွာဟမှုကို ကျော်လွှားရန် များစွာအကူအညီရရှိပါလိမ့်မည်။

“ငါချစ်သောညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။” (ယာကုပ် ၁:၁၉) ဆက်သွယ်မှုကောင်းသူအချင်းချင်းသည် တစ်ဦးကိုတစ်ဦး စကားပြောဆိုကြရုံမက ကိုယ်ချင်းစာနာမှုရှိစွာ စကားနားထောင်ပေးကြပါလိမ့်မည်။

“လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့်တူသော်လည်း၊ ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။” (သု. ၂၀:၅) လူတစ်ဦးပြုမူပြောဆိုမှုနောက်ဝယ်ရှိ ခံစားချက်များနှင့် အရေးကိစ္စများကို သိမြင်နားလည်ရန် ဂရုစိုက်ပါ။ လူတို့နှင့် အကျွမ်းတဝင်ရှိရန် ကြိုးစားပါ။

“ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။” (ဖိလိပ္ပိ ၂:၄) အဖြစ်အပျက်များကို သူတစ်ဖက်သားရှုမြင်ပုံအတိုင်း ရှုမြင်တတ်ခြင်းအားဖြင့် ကိုယ်ချင်းစာနာမှုတင်ပြပါ။ တစ်ကိုယ်ကောင်း မဆန်ပါနှင့်။

ယေဟောဝါသက်သေများအလယ် ယဉ်ကျေးမှုကွဲပြားခြားနားခြင်း

ဤမူများ အမှန်တကယ်ဖြစ်မြောက်အောင်မြင်ကြောင်း နိုင်ငံပေါင်း ၂၃၂ နိုင်ငံတွင်လှုပ်ရှားနေကြသော ယေဟောဝါသက်သေများ၏ ထူးခြားစွာထင်ရှားသည့်စည်းလုံးမှုက ဖော်ပြပါသည်။ သူတို့သည် “အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ” လူများဖြစ်ကြပြီး ယေဟောဝါ၏ချစ်ခြင်းမေတ္တာပါသော လမ်းပြညွှန်ကြားမှုနှင့်အညီ အရာရာကိုပြုမူလုပ်ကိုင်ရန် စိတ်ဆုံးဖြတ်ထားကြသူများ ဖြစ်ကြသည်။—ဗျာဒိတ် ၇:၉; ၁ ကောရိန္သု ၁၀:၃၁-၃၃။

သက်သေခံတစ်ဦးချင်းစီတို့သည် သူတစ်ပါး၏ယဉ်ကျေးမှုကို အထင်မသေးကြပါ။ သက်သေခံများဖြစ်လာသူတို့ကလည်း သူတို့ ကြီးပြင်းလာသည့် ယဉ်ကျေးမှုသည် ကျမ်းစာမူနှင့်မဆန့်ကျင်လျှင် ယင်းကိုမငြင်းပယ်ကြပါ။ ဤအခြေအနေမျိုးများတွင် သူတို့၏ဘဝကို ပြုပြင်ပြောင်းလဲကြသည်။ ယဉ်ကျေးမှုတိုင်းတွင် ချီးမွမ်းဖွယ်ကောင်းသော လက္ခဏာများရှိပြီး စစ်မှန်သောဘာသာတရားကို လက်ခံယူသူတို့တွင် ယင်းတို့သည် တိုးမြှင့်ကောင်းမွန်လာကြောင်း အသိအမှတ်ပြုကြပါသည်။

လဟာပြင်တွင်လည်ပတ်နေသော လှပသည့် အပြာရောင်သန်းသောရွှန်းရွှန်းတောက် ကမ္ဘာဂြိုဟ်ကို ဘုရားသခင်တွေ့ မြင်တော်မူလိမ့်မည်ဖြစ်သည်အတိုင်း ကျွန်ုပ်တို့ ကြည့်ရှုရန်ကြိုးစားကြသည်။ အံ့မခန်းဖွယ်ကောင်းလောက်အောင် များပြားလှသော လူအမျိုးမျိုးနှင့် ယဉ်ကျေးမှုအဖုံဖုံရှိ ဂြိုဟ်ကြီးတစ်လုံးဖြစ်ပါသည်။ မြေကြီးသားအပေါင်း အမှန်တကယ်စည်းလုံးညီညွတ်သောမိသားစုကြီးတစ်စုအဖြစ် စံစားကြရမည့်အချိန်ကို ယေဟောဝါသက်သေအားလုံး မျှော်လင့်စောင့်စားလျက်နေကြပါသည်။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေများသည် ယဉ်ကျေးမှု အတားအဆီးများကို ဖြိုဖျက်နည်းတတ်နေကြပြီ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ