ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၇ ၁၂/၈ စာ. ၃-၄
  • နှလုံး ရောဂါ အသက်အန္တရာယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှလုံး ရောဂါ အသက်အန္တရာယ်
  • နိုးလော့!—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘေးအန္တရာယ်ကို မည်သို့လျော့နည်းစေနိုင်မည်နည်း
    နိုးလော့!—၁၉၉၇
  • ရောဂါပြလက္ခဏာများကို သတိမူ ဆောင်ရွက်ခြင်း
    နိုးလော့!—၁၉၉၇
  • ဝိညာဉ်ရေး နှလုံးရပ်တန့် ခြင်းကို သင်ရှောင်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယေဟောဝါ၏နှလုံးတော်နှင့်ညီညွတ်သော နှလုံးကိုရယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နိုးလော့!—၁၉၉၇
န၉၇ ၁၂/၈ စာ. ၃-၄

နှလုံး ရောဂါ အသက်အန္တရာယ်

ကမ္ဘာတစ်ဝန်းရှိ အမျိုးသားအမျိုးသမီး သန်းပေါင်းများစွာတို့သည် နှစ်စဉ်နှစ်တိုင်း နှလုံးရပ်တန့် (heart attack) တတ်ကြသည်။ ယင်း၏ အကျိုးဆက်အနည်းငယ်ကို ခံစားရသူများစွာရှိသကဲ့သို့ ကွယ်လွန်သွားကြရသူများလည်းရှိပေသည်။ အခြားသူများ၏နှလုံးမှာမူ အတော်အတန်ထိခိုက်သွားသောကြောင့် နှလုံးပညာရှင် ပီတာ ခေါန်ပြောသကဲ့သို့ “နာလန်ထူဖို့ ဒွိဟဖြစ်စရာရှိ” ရာသူက ထပ်ဆင့်၍ “ယင်းကြောင့် ဖြစ်နိုင်သည့်အခါတိုင်း နှလုံးရပ်တန့်ခြင်းစဖြစ်သည်နှင့် ချက်ချင်းကုသဖို့ အရေးကြီးသည်” ဟုပြောသည်။

နှလုံးဟူသည် ကိုယ်ခန္ဓာတစ်လျှောက်လုံးသို့ သွေးကိုပန်းထုတ်ပေးသော ကြွက်သားဖြစ်သည်။ နှလုံးရပ်တန့် (နှလုံးကြွက်သား သွေးပြတ်တစ်သျှူးသေခြင်း) သည့်အခါ နှလုံးသို့သွေးပို့မှုမရှိသဖြင့် နှလုံးကြွက်သားပျက်စီးလေသည်။ ကျန်းကျန်းမာမာရှိဖို့ နှလုံးသည် အောက်စီဂျင်နှင့် သွေးမှတစ်ဆင့်ရသောအခြားအာဟာရဓာတ်များ လိုအပ်ပေသည်။ ယင်းတို့ကို နှလုံးပတ်သွေးလွှတ်ကြောများမှတစ်ဆင့် ရရှိပါသည်။

ရောဂါများသည် နှလုံး၏မည်သည့်အစိတ်အပိုင်းကိုမဆို ထိခိုက်စေနိုင်သည်။ သို့သော် အများအားဖြင့်ဖြစ်တတ်သောရောဂါမှာ သွေးကြောလေး မာကျစ်ခြင်းဟုခေါ်ဆိုကြသည့် နှလုံးပတ်သွေးလွှတ်ကြောအတွင်းဖြစ်လေ့ရှိသော ရောဂါဖြစ်သည်။ ဤရောဂါဖြစ်သည့်အခါ သွေးလွှတ်ကြောနံရံများတွင် ချိုး သို့မဟုတ် အဆီစုလာပြီး အနည်ကျလေသည်။ အတန်ကြာလေသော်ချိုးထူပြီးမာကျစ်လာရာ သွေးလွှတ်ကြောများကို ကျဉ်းစေသဖြင့် နှလုံးမှသွေးစီးဆင်းမှုကို ကန့်သတ်ဆီးတားပါသည်။ အများအားဖြင့် ဤနှလုံးပတ်သွေးလွှတ်ကြောရောဂါ (CAD) ကြောင့်နှလုံးရပ်တန့်လေ့ရှိသည်။

သွေးလွှတ်ကြောတစ်ခု သို့မဟုတ် အများသည် အနည်ကျ၍ပိတ်ဆို့နေသောကြောင့် လိုအပ်သည့်အောက်စီဂျင်ကို အလုံအလောက်မပေးနိုင်လျှင် နှလုံးရပ်တန့်သွားလေသည်။ အလွန်အမင်းမကျဉ်းသော သွေးလွှတ်ကြောများအတွင်း၌ပင်လျှင် ထူထပ်နေသောချိုးတို့မှာ အက်ကွဲကြောင်းများဖြစ်သွားနိုင်ပြီး စီးဝင်လာသောသွေးသည် သွေးခဲ (သရွမ်ဗတ်) ဖြစ်သွားနိုင်သည်။ ထိုသို့ပျက်စီးနေသောသွေးလွှတ်ကြောများသည် ကျုံ့တက်နိုင်ဖို့ရန်လည်း ပိုလွယ်ကူပါသည်။ ကျုံ့တက်သည့်နေရာတွင် သွေးခဲသွားနိုင်ပြီး သွေးလွှတ်ကြောနံရံကို သာ၍ကျဉ်းစေသည့် ဓာတ်တစ်မျိုးကိုထုတ်လိုက်ရာမှ နှလုံးရပ်တန့်စေနိုင်ပါသည်။

နှလုံးကြွက်သားသည် အတန်ကြာမြင့်စွာ အောက်စီဂျင်အလုံအလောက်မရသောအခါ အနီးအနားတွင်ရှိသည့်တစ်သျှူးကို ထိခိုက်စေပါသည်။ နှလုံးကြွက်သားသည် တစ်သျှူးအချို့နှင့်မတူဘဲ အသစ်တစ်ဖန်ပြန်မဖြစ်လာပါ။ နှလုံးရပ်တန့်ချိန် ကြာမြင့်လေ နှလုံးထိခိုက်မှုပိုများပြီး သေဆုံးဖို့ရန်အကြောင်းဖန်လာလေဖြစ်သည်။ အကယ်၍ နှလုံး၏လျှပ်စစ်စနစ်ထိခိုက်သွားပါက ပုံမှန်နှလုံးခုန်ချက်မှာ ပရမ်းပတာဖြစ်လာနိုင်ပြီး နှလုံးသည် စတင်၍တလှပ်လှပ်တုန်လာ (တုန်ခြင်း) နိုင်ပေသည်။ ထိုသို့နှလုံးခုန်ပုံ မူမမှန်ခြင်းကြောင့် ဦးနှောက်သို့ နှလုံးသွေးပန်းထုတ်ပေးနိုင်စွမ်းမှာ ယုတ်လျော့သွားပါသည်။ သို့နှင့် ဆယ်မိနစ်အတွင်းမှာပင် ဦးနှောက်အလုပ်မလုပ်တော့ဘဲ သေဆုံးသွားနိုင်လေသည်။

သို့ဖြင့် ဆေးဘက်ဆိုင်ရာအမှုထမ်းများ၏အကူအညီကို စောစောစီးစီးရယူခြင်းသည် အလွန်အရေးကြီးလှပေသည်။ ယင်းက နှလုံးကို ဆက်လက်ထိခိုက်ခံနေရခြင်းမှ ကာကွယ်ပေးနိုင်သည်။ နှလုံးခုန်ပုံ မူမမှန်ခြင်းမှ ကာကွယ် သို့မဟုတ် ကုသပေးနိုင်မည့်အပြင် အသက်ကိုပင် ကယ်ဆယ်ပေးနိုင်ပေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ