ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၁/၈ စာ. ၃
  • လက်လွှတ်လိုက်ရခြင်းဆိုင်ရာ ကြေကွဲမှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လက်လွှတ်လိုက်ရခြင်းဆိုင်ရာ ကြေကွဲမှု
  • နိုးလော့!—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြင်ဖော်မဲ့မိဘများ၊ စိန်ခေါ်ချက် ပေါင်းစုံ
    နိုးလော့!—၂၀၀၃
  • ဟာလာဟင်းလင်းဖြစ်နေသော အသိုက် အမြုံတွင် ပျော်ရွှင်စွာနေထိုင်ခြင်း
    နိုးလော့!—၁၉၉၉
  • မိဘတို့ သင့်သားသမီးများအတွက် စံနမူနာဖြစ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၉
န၉၉ ၁/၈ စာ. ၃

လက်လွှတ်လိုက်ရခြင်းဆိုင်ရာ ကြေကွဲမှု

“သားဦးလေးမွေးတဲ့နေ့မှာပဲ လင်တော်မောင်က ‘အသက်ရေ၊ ကလေးတွေကို ကြီးပြင်းအောင်ကျွေးမွေးပြုစုတာဟာ လက်လွှတ်လိုက်ရမယ့် ရေရှည်အလုပ်ပါကွာ’ လို့ ကျွန်မကို သတိပေးတယ်။”—ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏သားသမီးများ—မိဘများထံမှ မိဘများအတွက် စာအုပ်။

သားဦးလေးရသည့်အခါ မိဘဖြစ်သူအများစု ပျော်ကြသည်၊ စိတ်လန်းဆန်းကြည်နူးသည့်အထိပင်။ အဆင်မပြေမှု၊ ကသီလင်တနိုင်မှု၊ ကြေကွဲမှု၊ စိတ်ပျက်အားလျော့မှုနှင့် မိဘဖြစ်ခြင်း၏စိုးရိမ်ပူပန်မှုများစသည်ဖြင့် ဒုက္ခအဖုံဖုံရှိသည့်ကြားမှ သားသမီးလေးတို့သည် ကြီးမားသောပျော်ရွှင်စရာအကြောင်းရင်းတစ်ခုဖြစ်နိုင်သည်။ လွန်ခဲ့သည့် အနှစ် သုံးထောင်ခန့်က ကျမ်းစာက ဤသို့ဖော်ပြသည်– “သားသမီးတို့သည် ထာဝရဘုရားပေးသော ဆုလာဘ်များဖြစ်ကြသည်။ သူတို့သည် ကောင်းချီးမင်္ဂလာ အစစ်အမှန်ဖြစ်ကြသည်။”—ဆာလံ ၁၂၇:၃၊ သတင်းကောင်း။

သို့သော် ကျမ်းစာက ဤသို့ လေးနက်သောတင်ကူးဖော်ပြချက်ကိုလည်း ထုတ်ဆင့်ထားသည်– “ယောက်ျားသည် ကိုယ်မိဘကိုစွန့်” မည်။ (ကမ္ဘာဦး ၂:၂၄) အကြောင်းအမျိုးမျိုးကြောင့် အရွယ်ရောက်သားသမီးတို့သည် အိမ်မှထွက်ခွာသွားရလေ့ရှိသည်၊ ယင်းတို့တွင် ပညာဆည်းပူးရန် သို့မဟုတ် ဝမ်းစာရှာရန်၊ ခရစ်ယာန်ဓမ္မအမှုကို တိုးချဲ့ရန်၊ အိမ်ထောင်ပြုရန်တို့ပါဝင်သည်။ သို့သော် မိဘအချို့အတွက် ဤအဖြစ်သည် နာကျင်ဖွယ်ရာအမှန်ဖြစ်သည်။ သားသမီးတို့၏ သဘာဝအလျောက် မိဘလက်အောက်မှ ရုန်းထွက်ရန်ကြိုးစားခြင်းက စာရေးဆရာမတစ်ယောက်ရေးသားသကဲ့သို့ မိဘများသည် “စော်ကားခံရ၊ ရိုင်းစိုင်းစွာပြုမူခံရ၊ ဒေါသအကြီးအကျယ်ထွက်ရ၊ ခြိမ်းခြောက်ခံရ၊ သို့မဟုတ်လျှင်လည်း ငြင်းပယ်ခံရသည်ဟူသည့်ခံစားချက်” ကိုဖြစ်စေသည်။ ယင်းက မဆုံးနိုင်သည့် မိသားစုပဋိပက္ခနှင့် တင်းမာမှုဆီသို့ ဦးတည်စေသည်။ တစ်နေ့နေ့တွင် သားသမီးများ အသိုက်အမြုံကိုစွန့်သွားမည်ကို အသိအမှတ်မပြုလိုသော တချို့မိဘများက သူတို့၏လူကြီးဘဝအတွက် ပြင်ဆင်မထားပေးကြချေ။ ဤသို့ပြင်ဆင်မထားပေးမှုကြောင့် အလွန်ဆိုးရွားသည့် ရလဒ်ကို တွေ့ကြုံခံစားရနိုင်သည်၊ အိမ်ထောင်ကို ကိုင်တွယ်ထိန်းသိမ်းမတတ်သောသူများ၊ မိသားစုကို ဂရုမစိုက်သူများ၊ သို့မဟုတ် အလုပ်တစ်ခုကို စွဲစွဲမြဲမြဲမလုပ်ချင်သူများဖြစ်လာစေသည်။

ခွဲခွာရခြင်း၏ကြေကွဲမှုဒဏ်သည် ကြင်ဖော်မဲ့မိဘရှိမိသားစုများတွင် အထူးပြင်းထန်နိုင်သည်။ ကြင်ဖော်မဲ့မိခင် ကာရင်က ဤသို့ဆိုသည်– “သမီးလေးနဲ့ကျွန်မဟာ သိပ်ကိုရင်းနှီးတယ်; ကျွန်မတို့ဟာ တကယ့်မိတ်ဆွေသံယောဇဉ်မျိုးနဲ့တွယ်တာကြတယ်။ ကျွန်မဘယ်သွားသွား သူ့ကို ခေါ်သွားတယ်။” ရင်းနှီးသော မိဘသားသမီးဆက်ဆံရေးသည် ကြင်ဖော်မဲ့မိဘရှိအိမ်ထောင်များတွင် ပို၍အတွေ့များသည်။ ဤကဲ့သို့ရင်းနှီးမှုကို လက်လွှတ်လိုက်ရတော့မည်ဟူသောအတွေးကြောင့် ဝမ်းနည်းပက်လက်ဖြစ်မည်ဆိုလည်း ဖြစ်လောက်စရာပင်။

သို့သော် အောင်မြင်သော မိသားစုစရိုက်များ စာအုပ်က မိဘဖြစ်သူတို့အား ဤသို့ သတိပေးသည်– “မိသားစုဘဝဟူသည် မိဘလက်အောက်ရှိ လူမမည်လေးကို မိမိခြေပေါ်မိမိရပ်တည်နိုင်အောင် လေ့ကျင့်ပေးခြင်းမျှသာတည်း။” ထို့နောက် ယင်းက သတိပေးသည်မှာ “မိသားစုပြဿနာအများမှာ မိဘတို့ဘက်မှ သားသမီးများကို လက်မလွှတ်နိုင်ခြင်းကြောင့်ဖြစ်ရသည်။”

သင်ကောအသို့နည်း။ မိဘတစ်ဦးလော။ မိဘဖြစ်လျှင် သင့်သားသမီးများကို လက်လွှတ်လိုက်ရမည့်အချိန်အတွက် ကြိုတင်ပြင်ဆင်ထားပါသလော။ သင့်သားသမီးများကကော အသို့နည်း။ သူတို့ မိမိတို့ခြေပေါ်မိမိ ရပ်တည်နိုင်အောင် သင် ပြင်ဆင်ပေးနေပါသလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ