ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၇/၈ စာ. ၂၃
  • အပန်းဖြေမှုကို စိစစ်ရွေးချယ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပန်းဖြေမှုကို စိစစ်ရွေးချယ်ပါ
  • နိုးလော့!—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖျော်ဖြေမှု ရွေးချယ်နိုင်ပုံ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • အကျိုးပြုတဲ့ ဖျော်ဖြေမှုကို ရွေးချယ်နိုင်ပုံ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • ယေဟောဝါနှစ်သက်တဲ့ အပန်းဖြေမှုကို ရွေးချယ်ပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • အပန်းဖြေမှုကို ပညာရှိရှိ ရွေးချယ်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၉
န၉၉ ၇/၈ စာ. ၂၃

အပန်းဖြေမှုကို စိစစ်ရွေးချယ်ပါ

အပန်းဖြေခြင်းသည် ကလေးများတွင် အဘယ်အကျိုးသက်ရောက်သနည်း။ ကလေးများနှင့် အနှစ် ၃၀ ခန့်လုံးပန်းနေခဲ့သူ စာပေပို့ချသူလည်းဖြစ်၊ ဆရာဝန်တစ်ဦးလည်းဖြစ်သူ အယ်လ်ဗင် ပူစန်သည် လိင်နှင့်အကြမ်းဖက်မှုပါဝင်သော ရုပ်ရှင်များကြည့်ခြင်းသည် ထိုကဲ့သို့သောအပြုအမူများကို သာမန်အဖြစ်သဘောထားရန် လူငယ်များအားသင်ပေးသည်ဟု လက်ခံယုံကြည်ထားသည်။ သူသည် အခြားအန္တရာယ်ကိုလည်း တင်ပြခဲ့သည်– “အဲ့ဒီလိုရုပ်ရှင်တွေကြည့်ပြီး အိမ်ပြန်လာတဲ့နောက် ကလေးတွေဟာ ကြောက်တတ်လာတာ၊ အရမ်းခက်ထန်လာတာကို ကျွန်တော်တွေ့ ခဲ့ရတယ်။ တချို့ကတော့ တွယ်ကပ်နေချင်တဲ့အကျင့် ဒါမှမဟုတ် လက်မ,စုပ်တဲ့အကျင့် ဒါမှမဟုတ် အိပ်ရာထဲမှာသေးပါတဲ့အကျင့်တွေ ပြန်ဖြစ်လာတာကိုတွေ့ ခဲ့ရတယ်။” ထိုဆရာဝန်၏အဆိုအရ ပညာရှင်များသည် ထိုကဲ့သို့သောအမူအကျင့်များဖြစ်လာစေနိုင်သည့် အခြားအဖြစ်အပျက်များကို တင်ပြခဲ့သည်၊ အနည်းငယ်ဖော်ပြရမည်ဆိုလျှင်—ကာယ သို့မဟုတ် လိင်ဆိုင်ရာမတရားပြုကျင့်ခံရခြင်း သို့မဟုတ် စစ်ဖြစ်နေသောဒေသတွင်နေထိုင်ရခြင်းတို့ဖြစ်သည်။ သူဤသို့ ရှင်းပြခဲ့သည်– “ဒီလိုမျိုးအခြေအနေမှာ ကလေးတွေကိုထားဖို့ ဘယ်သူမှလိုလားကြမှာမဟုတ်ဘူး၊ ဒါပေမဲ့ တကယ့်တကယ်ကျတော့ ကျွန်တော်တို့ပေးမကြည့်စေချင်တဲ့အရာတွေကို သူတို့ကြည့်နေတာကိုတော့ ကျွန်တော်တို့မတားခဲ့ကြဘူး။”

ခရစ်ယာန်များတွင် အပန်းဖြေခြင်းနှင့်ပတ်သက်၍ စိစစ်ရွေးချယ်ရန်နှင့် မိမိတို့ရွေးချယ်လိုက်သည့်အပန်းဖြေမှုသည် ကျမ်းစာမူများကိုမချိုးဖောက်စေဖို့ သေချာစေရန် ခိုင်လုံသောအကြောင်းရှိသည်။ ဥပမာ၊ ဆာလံ ၁၁:၅ တွင်ဤသို့တင်ပြထားသည်– “ထာဝရဘုရားသည် ဖြောင့်မတ်သောသူကိုစုံစမ်းတော်မူ၏။ မတရားသောသူနှင့် လုယူဖျက်ဆီးလိုသောသူကို ဝိညာဉ်တော်သည်မုန်းတော်မူ၏။” ထို့ပြင် ခရစ်ယာန်တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ထိုကြောင့် မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ . . . လောဘလွန်ကျူးခြင်းတည်းဟူသော၊ မြေကြီးပေါ်မှာရှိသော သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့။ . . . ထိုမှုအလုံးစုံတို့ကိုလည်းကောင်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း၊ ညစ်ညူးသောစကားကိုသုံးခြင်းတို့ကိုလည်းကောင်း သင်တို့နှုတ်မှပယ်ရှင်းကြလော့။”—ကောလောသဲ ၃:၅၊ ၈။

ထို့ကြောင့် ခရစ်ယာန်မိဘများသည် အပန်းဖြေခြင်းကို သူတို့၏ကလေးများ—နှင့် မိမိတို့ကိုယ်တိုင်အတွက်—ရွေးချယ်ရာတွင် “ဇာတိပကတိအကျင့်” သို့တွန်းအားပေးရာမကျမိစေရန် သတိပြုသင့်သည်။ (ဂလာတိ ၅:၁၉-၂၁) သူတို့သည် အပန်းဖြေမှု၏အရည်အသွေးနှင့် အရေအတွက်ကိုပါ စဉ်းစားဆင်ခြင်၍ စိစစ်ရွေးချယ်သင့်သည်။—ဧဖက် ၅:၁၅-၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ