ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၁၀/၈ စာ. ၂၂
  • ကျွန်ုပ်တို့၏စာရှုသူများထံမှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏စာရှုသူများထံမှ
  • နိုးလော့!—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • လေဖြတ်ခြင်း—အကြောင်းရင်း
    နိုးလော့!—၁၉၉၉
  • ယင်း၏ ထိခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်း
    နိုးလော့!—၁၉၉၉
  • လေဖြတ်ခြင်း!
    နိုးလော့!—၁၉၉၉
  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ
    နိုးလော့!—၁၉၉၈
နိုးလော့!—၁၉၉၉
န၉၉ ၁၀/၈ စာ. ၂၂

ကျွန်ုပ်တို့၏စာရှုသူများထံမှ

လေဖြတ်ခြင်း “လေဖြတ်ခြင်းကို ကိုင်တွယ်ဖြေရှင်းနည်း” (ဖေဖော်ဝါရီ ၈၊ ၁၉၉၉) ဆိုတဲ့အခန်းဆက်ဆောင်းပါးက ကျွန်မရဲ့ဆုတောင်းချက်ကို အဖြေပေးခဲ့တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ခရစ်ယာန်စည်းဝေးကြီးတစ်ခုကို ကျွန်မတို့ဇနီးမောင်နှံတက်ရောက်နေတုန်း ကျွန်မရဲ့ခင်ပွန်းလေဖြတ်သွားခဲ့တယ်။ ကျွန်မကိုစာတိုတစ်စောင်ရေးဖို့ သူကြိုးစားပေမဲ့ သူ့လက်ချော်သွားတယ်; ညာဘက်တစ်ခြမ်းလုံးလုံး လေဖြတ်သွားခဲ့တယ်။ ဆောင်းပါးဟာ မပြောပြနိုင်လောက်အောင် ကောင်းပါတယ်။ ကျွန်မတို့ကို ယေဟောဝါမေ့မထားဘူးဆိုတာသိရတာ ဝမ်းသာစရာပဲ။

အက်ဖ်. အက်စ်. အိပ်ချ်.၊ အမေရိကန်ပြည်ထောင်စု

ဒီမဂ္ဂဇင်းကိုမရခင် နာရီပိုင်းလောက်က ကျွန်တော်ဘယ်လိုခံစားနေရတယ်ဆိုတာ ဇနီးသည်ကိုရှင်းပြဖို့ကြိုးစားပေမဲ့ လေဖြတ်ထားတဲ့အတွက် ကျွန်တော်ပြောချင်သလိုမပြောနိုင်ခဲ့ဘူး။ ဒီမဂ္ဂဇင်းကို ကျွန်တော်သုံးခါဖတ်ပြီးပြီ။ ကျွန်တော်ဇနီးလည်း ဖတ်ပြီးနေပြီ။

အာရ်. ဇက်.၊ အီတလီ

နှစ်ပေါင်းများစွာ ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တစ်ယောက်ဖြစ်ခဲ့တဲ့ ကျွန်တော့်အဖေဟာ မနှစ်ကလေဖြတ်ပြီးသေဆုံးခဲ့တယ်။ ဆောင်းပါးက သူမသေခင်ပြခဲ့တဲ့အပြုအမူကို နားလည်ဖို့ထောက်ကူပေးခဲ့တယ်။ စိတ်လှုပ်ရှားမှုအပြောင်းအလဲတွေအပြင် လေဖြတ်ခံရသူတစ်ဦးဟာ စကားပြောဆက်သွယ်ဖို့ ဘာကြောင့်ခက်ရသလဲဆိုတဲ့ရှင်းပြချက်တွေက အဖေကြုံခဲ့ရတာတွေကို ပိုပြီးနားလည်အောင်ကူညီပေးခဲ့တယ်။

ဗီ. စီ.၊ အမေရိကန်ပြည်ထောင်စု

ပြီးခဲ့တဲ့တစ်နှစ်က ကျွန်မလေဖြတ်ခံခဲ့ရပြီး ကျွန်မဘယ်ဘက်ခြမ်းက အားနည်းနေတုန်းပဲ။ ဒီဆောင်းပါးတွေက လေဖြတ်ခြင်းနဲ့ပတ်သက်တဲ့ ဉာဏ်မမီနိုင်တဲ့အရာ၊ စိုးရိမ်ရတဲ့အရာတချို့ကို ဖယ်ရှားပေးပါလိမ့်မယ်။ သက်ကြီးရွယ်အိုတွေပဲ လေဖြတ်တယ်ဆိုတာ မမှန်ပါဘူး။ ကျွန်မလေဖြတ်တုန်းက ၄၇ နှစ်ပဲရှိပါသေးတယ်။

အေ. အေ.၊ အင်္ဂလန်

ဒီဆောင်းပါးက နှစ်လသမီးအရွယ်မှာ မတော်တဆကားတိုက်မှုကြောင့် ခေါင်းမှာဒဏ်ရာအကြီးအကျယ်ရခဲ့တဲ့ ကျွန်မရဲ့သမီးလူစီကိုနားလည်ဖို့ အများကြီးထောက်ကူပေးခဲ့တယ်။ သူ့ခံစားချက်ကို သူမပြောပြတတ်ဘူး။ ဒါပေမဲ့ ဆောင်းပါးက သူဘာကြောင့်မပြောပြတတ်သလဲဆိုတာကိုနားလည်ဖို့ ကျွန်မကိုကူညီပေးခဲ့တယ်။

အဲန်. ကေ.၊ စလိုဗားကီးယား

ကျွန်မဟာ မသန်မစွမ်းသူများကုသရေးဌာနမှာ လိုင်စင်ရသူနာပြုတစ်ယောက်ဖြစ်ပြီး လေဖြတ်တဲ့သူအတော်များများနဲ့ တွေ့ကြုံခဲ့တယ်။ ဒီဆောင်းပါးက ဝေဒနာရှင်ရဲ့မိသားစုတွေ ခံစားရတာတွေကို တကယ်ပဲကိုယ်ချင်းစာဖော်ပြပေးထားလို့ သိပ်တန်ဖိုးထားမိပါတယ်။

အယ်လ်. စီ.၊ အမေရိကန်ပြည်ထောင်စု

ကျွန်မအမေဟာ ခေတ္တသွေးရောက်နည်းတဲ့ဝေဒနာကိုခံစားခဲ့ရတယ်။ ရုပ်ပိုင်းအရကြည့်မယ်ဆိုရင် သူဟာ လုံးလုံးပြန်ကျန်းမာလာသလောက်ပါပဲ။ ဒါပေမဲ့ ပြင်းထန်တဲ့စိတ်ဒဏ်ရာကျန်ခဲ့တယ်။ ကျန်းမာသန်စွမ်းပြီး သူ့ကိုယ်သူယုံကြည်စိတ်ချမှုရှိခဲ့ပေမဲ့ အခုဆိုရင် ချူချာလိုက်တာ။ ဒီရောဂါက စိတ်ကိုဘယ်လိုထိခိုက်တယ်ဆိုတာဖော်ပြပေးလို့ ကျေးဇူးတင်ပါတယ်။

အာရ်. စီ.၊ အီတလီ

လွန်ခဲ့တဲ့နှစ်နှစ်က ကျွန်မအမေဟာ လေနှစ်ကြိမ်ဖြတ်ခဲ့တယ်။ ပထမတစ်ကြိမ်ဖြတ်တုန်းက သူ့မှတ်ဉာဏ်ပျောက်သွားပြီး ဒုတိယတစ်ကြိမ်မှာတော့ ညာဖက်တစ်ခြမ်းသေသွားခဲ့တယ်။ တစ်ခါတလေ ကျွန်မသူ့ကိုစိတ်မရှည်လို့ သူ့ကိုဝမ်းနည်းစေတဲ့အရာတွေ ကျွန်မပြောမိတယ်။ သင်တို့ရဲ့ဆောင်းပါးက ပိုပြီးနားလည်တတ်အောင် ကျွန်မကိုအားပေးခဲ့ပါတယ်။

အာရ်. တီ. အက်စ်.၊ ဘရာဇီး

ခရစ်ယာန်အသွင်မတူမှု “သမ္မာကျမ်းစာ၏ရှုထောင့်– ခရစ်ယာန်စည်းလုံးမှုသည် အသွင်မတူမှုကို ခွင့်ပြုသလော” (ဖေဖော်ဝါရီ ၈၊ ၁၉၉၉) ဆိုတဲ့ဆောင်းပါးအတွက် တကယ့်ကိုကျေးဇူးတင်ပါတယ်။ ယေဟောဝါကိုသိလာလေလေ ဥပဓိရုပ်မျိုးစုံတွေ့နိုင်တဲ့ ကိုယ်တော်ရဲ့အဖွဲ့အစည်းမှာ ကျွန်တော်ပါဝင်ရတဲ့အတွက် ပိုပျော်လေလေပါပဲ။

အိုင်. ပီ.၊ စလိုဗေးနီးယား

ကျွန်မအသက် ၁၅ နှစ်ရှိပြီး နိုးလော့! ကိုမှန်မှန်ဖတ်တယ်။ ဒီဆောင်းပါးကို ကျွန်မအထူးလေးမြတ်မိပါတယ်။ အပိုင်းတစ်ပိုင်းမှာ ပရဒိသုအကြောင်းနဲ့ ပရဒိသုမှာဘယ်လိုရှိမယ်ဆိုတဲ့အကြောင်း ပြောပြထားတယ်။ စုံလင်တဲ့လူသားတွေဟာ ဘယ်လိုမျိုးဖြစ်မလဲ၊ ကျွန်မတို့ရဲ့ရုပ်အသွင်အပြင်ကော အတွေးအခေါ်ပါ တူနေမလားဆိုတာ ကျွန်မသိချင်နေတာ။ လူသားတွေကော တိရစ္ဆာန်တွေမှာပါ အသွင်မတူတာတွေအများကြီးရှိမယ်ဆိုတာ ကျွန်မအခုနားလည်သွားပြီ။

ဂျေ. စီ.၊ အမေရိကန်ပြည်ထောင်စု

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ