ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၁၀/၈ စာ. ၂၃
  • သူ အရှုံး မပေးခဲ့ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူ အရှုံး မပေးခဲ့ပါ
  • နိုးလော့!—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရေးပေါ်ဆေးကုသမှုတစ်ခုကို ရင်ဆိုင်ခြင်း
    နိုးလော့!—၁၉၉၇
  • ဖျားနာမှုကို ဟာသဉာဏ်နှင့်ရင်ဆိုင်ခြင်း
    နိုးလော့!—၂၀၀၅
  • ယုံကြည်ခြင်းအတွက် စိန်ခေါ်ချက်ဖြစ်သောဆေးဘက်ဆိုင်ရာအခြေအနေကိုရင်ဆိုင်ရန် အသင့်ရှိပြီလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နိုးလော့!—၁၉၉၉
န၉၉ ၁၀/၈ စာ. ၂၃

သူ အရှုံး မပေးခဲ့ပါ

၁၉၉၅၊ အောက်တိုဘာ ၅ ရက်နေ့တွင် ၁၄ နှစ်အရွယ်မက်သ် တာပီအိုသည် ဦးနှောက်တိုင်အကျိတ်ကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့သည်။ အကျိတ်သည် ကင်ဆာဖြစ်လာကြောင်းထင်ရှားလာသည်။ ယင်းခွဲစိတ်မှုသည် နောက်နှစ်နှစ်ခွဲအတွင်း အကြိမ်ကြိမ်ခံယူရမည့်ခွဲစိတ်မှုများအနက် ပထမဆုံးခွဲစိတ်မှုဖြစ်သည်။ ဓာတုကုထုံးနှင့် ဖြာထွက်ရောင်ခြည်ကုထုံးများဖြင့်ဆက်ကုသခဲ့သည်။

မက်သ်သည် ယူ.အက်စ်.အေ. မစ်ရှီဂန်ပြည်နယ်၌ နေထိုင်သည်၊ ထိုတွင် အစိုးရကျောင်းနှင့် ခရစ်ယာန်အစည်းအဝေးများကို သူတက်ရောက်ခဲ့သည်။ သူသည် ဆရာ၊ ဆရာမများနှင့် အတန်းဖော်များကို သူ၏ယုံကြည်ချက်များအကြောင်းပြောပြရန်သာမက လူထုဓမ္မအမှု၌ သူတစ်ပါးကိုဟောပြောခြင်းတွင် ပါဝင်ရန်လည်း အခွင့်အရေးရှာယူခဲ့သည်။ သူဆေးရုံမကြာခဏတက်ရောက်ခဲ့စဉ်—သူ၏နောက်ဆုံးအသက်တာ နှစ်နှစ်ခွဲအနက် ၁၈ လဆေးရုံတက်ခဲ့သည်—အတွင်း ထိုတွင်သူတွေ့ဆုံသူတို့ကို ကျမ်းစာစာပေများရာချီ၍ဝေငှခဲ့သည်။

မက်သ်ဆက်အသက်ရှင်မည်မဟုတ်ဟု ကြိမ်ဖန်များစွာယူဆရသော်လည်း အကြိမ်တိုင်းနာလန်ပြန်ထူခဲ့သည်။ တစ်ကြိမ်က ဆေးရုံသို့အသွား ရုတ်တရက်ရောဂါထပြီး အသက်ရှူရပ်သွားခဲ့သည်။ နှလုံးနှင့်အဆုတ်ပြန်လည်လှုပ်ရှားစေနည်းကို စတင်အသုံးပြုလိုက်ရာ သူပြန်သတိလည်လာခဲ့သည်။ ပြန်သတိလည်လာသောအခါ အော်ဟစ်၍– “ငါဟာတိုက်ခိုက်သူဖြစ်တယ်! တိုက်ခိုက်သူဖြစ်တယ်! အလျှော့ပေးတဲ့သူမဟုတ်ဘူး!” ကျယ်လောင်စွာဆိုခဲ့သည်။ ဘုရားသခင်၌မက်သ်၏ယုံကြည်ခြင်းက သူ့ကိုဤမျှကြာကြာအသက်ရှင်စေခြင်းဖြစ်သည်ဟု လူတို့ကဆိုကြသည်။

၁၉၉၆၊ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ယေဟောဝါဘုရားသခင်ထံ သူ၏ဆက်ကပ်အပ်နှံခြင်းအထိမ်းအမှတ်အဖြစ် နှစ်ခြင်းခံယူခဲ့သည့်အခါ မက်သ်အလွန်လိုလားသည့်ဆန္ဒတစ်ခု ပြည့်မြောက်ခဲ့သည်။ ရောဂါကူးစက်မှုအန္တရာယ်ကြောင့် သီးသန့်ကန်ငယ်တစ်ခုတွင် နှစ်ခြင်းယူခဲ့ရသည်။ ရက်အနည်းငယ်ကြာပြီးသော် နောက်ထပ်ခွဲစိတ်မှုများခံယူရန် ဆေးရုံသို့သူပြန်ရောက်လေသည်။ ၁၉၉၇၊ ဩဂုတ်လတွင် မက်သ်သည် အပတ်နှင့်ချီ၍ဆက်အန်ခဲ့သော်လည်း နောက်ထပ်ခွဲစိတ်မှုခံယူပြီးနောက် ပြန်တည်ငြိမ်လာသည်။

ယင်းတို့ကိုခံရသည့်ကြားမှ မက်သ်သည် ဟာသဉာဉ်ရှိဆဲဖြစ်ပြီး ဆရာဝန်များနှင့် သူနာပြုများကို နောက်ပြောင်လျက်ရှိသည်။ သူအဘယ်ကြောင့် ဤမျှဟာသဉာဉ်ရှိရသည်ကို သူတို့နားမလည်နိုင်ကြချေ။ ဆရာဝန်တစ်ဦးက– “မက်သ်၊ ငါသာမင်းနေရာမှာဆိုရင် အမှောင်ချ၊ ခေါင်းမြီးခြုံပြီး အားလုံးကိုထွက်သွားခိုင်းမှာပဲ” ဟုသူ့ကိုပြောခဲ့သည်။

၁၉၉၈၊ ဖေဖော်ဝါရီလတွင် မက်သ်သည် ဆေးရုံမှအိမ်သို့ နောက်ဆုံးတစ်ခေါက်ပြန်ရသေးသည်။ အသက်ရှင်လျက် အိမ်သို့ရောက်နေရခြင်းကို သူအလွန်ဝမ်းသာသောကြောင့် အိမ်သို့ဝင်ဝင်ချင်း “ကျွန်တော်သိပ်ပျော်တာပဲ! ဆုတောင်းကြရအောင်” ဟုဆိုခဲ့သည်။ ထို့နောက် ယေဟောဝါထံဆုတောင်းရာတွင် သူ၏ပျော်ရွှင်မှုကိုဖော်ပြခဲ့သည်။ နှစ်လကြာပြီးနောက် ဧပြီ ၁၉ ရက်နေ့တွင် ကင်ဆာရောဂါကြောင့် နောက်ဆုံးသူသေဆုံးခဲ့သည်။

အစောပိုင်းက မက်သ်ကိုလူတွေ့မေးမြန်းအသံသွင်းထားရာကို ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမရှိ ယေဟောဝါသက်သေများ၏ အစည်းအဝေးတစ်ခုကျင်းပစဉ် ဖွင့်ပြခဲ့သည်။ သူ့ကိုဤသို့မေးခဲ့သည်– “ကျွန်တော်တို့ရဲ့ဓမ္မအမှုနဲ့ ခရစ်ယာန်အစည်းအဝေးတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးကောင်းကြတဲ့ ကျွန်တော်တို့ကို ဘာပြောချင်ပါသလဲ။”

မက်သ်ဤသို့ဖြေဆိုခဲ့သည်– “သင်လုပ်နိုင်တာကို အခုပဲလုပ်ပါ။ . . . ဘာဖြစ်လာမယ်ဆိုတာကို သင်ဘယ်လိုမှမသိနိုင်ဘူး။ . . . ဘာပဲဖြစ်ဖြစ် ယေဟောဝါအကြောင်းသက်သေခံခြင်းကို ဘယ်တော့မှမရပ်လိုက်ပါနဲ့။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ