ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၁၀/၈ စာ. ၉-၁၀
  • ကောင်းကင်တမန်များနှင့် ပတ်သက်သော အမှန်တရား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်တမန်များနှင့် ပတ်သက်သော အမှန်တရား
  • နိုးလော့!—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်အား ကောင်းကင်တမန်များ မည်သို့ကူညီနိုင်ပုံ
  • ကောင်းကင်တမန်များ သင့်အားမည်သို့ကူညီနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဘုရားသခင့် ကောင်းကင်တမန်တွေဆီက အကူအညီ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၁
န၀၁ ၁၀/၈ စာ. ၉-၁၀

ကောင်းကင်တမန်များနှင့် ပတ်သက်သော အမှန်တရား

ကျွန်ုပ်တို့ သိခဲ့ကြသည့်အတိုင်း ကောင်းကင်တမန်များနှင့်ပတ်သက်၍ ရေပန်းစားသောအယူအဆများနှင့် ဇာတ်လမ်းများသည် သမ္မာကျမ်းစာသွန်သင်ချက်များနှင့် အမြဲကိုက်ညီမှုမရှိချေ။ သဘောကွဲလွဲမှုရှိခြင်းမှာ အရေးပါသလော။ ကောင်းကင်တမန်များနှင့်ပတ်သက်၍ လူကြိုက်များသောယုံကြည်ချက်များကို လက်ခံခြင်းက အန္တရာယ်တစ်စုံတစ်ခုဖြစ်စေသလော။ အလွန်သေချာပါသည်။

ဥပမာ၊ “ဝိညာဉ်ရေးရာအသစ်” က အားပေးထားသည့်သဘောထားများကို သုံးသပ်ကြည့်ပါ။ မျက်မှောက်ခေတ် ကောင်းကင်တမန်စာအုပ်များက စဉ်းစားတွေးခေါ်နိုင်စွမ်းကိုမသုံးဘဲ ကလေးငယ်ကဲ့သို့ပြုမူရန် အားပေးသည်။ ဖတ်ရှုသူတို့အား မိမိတို့၏အခက်အခဲများကို ဖြေရှင်းရန် သို့မဟုတ် သမ္မာကျမ်းစာနှင့် ဘုရားသခင်၏အသိပညာကို နားလည်ရန်ရှာဖွေဖို့ တိုက်တွန်းအားပေးခဲသည်။ ကောင်းကင်တမန်စာအုပ်များက ကျွန်ုပ်တို့ဘေးတွင်ရှိသည့် သနားကြင်နာတတ်၍ မေတ္တာရှိသောကောင်းကင်တမန်တစ်ပါးနှင့်အတူ ဘဝတစ်လျှောက်လုံး လျှောက်လှမ်းကြကြောင်း၊ အထိတ်တလန့်ဖြစ်စရာအကြောင်းမရှိကြောင်း အာမခံထားသည်၊ ထို့ကြောင့် ဖြစ်သင့်သည့်အတိုင်း အရာရာဖြစ်ပျက်နေသော ပျော်ရွှင်စရာလောကတစ်ခုတွင် ကျွန်ုပ်တို့ နေထိုင်နေကြရသည်။ ပြဿနာတစ်ရပ် ပေါ်ပေါက်လာသောအခါ ကောင်းကင်တမန်၏ ကြားဝင်ကူညီပေးခြင်းကို ကျွန်ုပ်တို့စောင့်နေရုံသာရှိသည်။ သို့သော် ထိုသို့ဖြစ်လျှင် သမ္မာကျမ်းစာက “ယုံကြည်ခြင်းတရားဘက်မှာ သင်တို့သည် ကြိုးစား၍တိုက်လှန်” ကြဖို့ ကျွန်ုပ်တို့အား အဘယ်ကြောင့် ပြောထားသနည်း။—ယုဒ ၃။

ကောင်းကင်တမန်စာအုပ်များစွာက လူတို့၏မာနကြီးခြင်းနှင့် ဘဝင်မြင့်ခြင်းကို ဖြည့်ဆည်းပေးသည်။ ၎င်းတို့၏အာရုံစိုက်မှုမှာ ကိုယ်ကျိုးဖြစ်၏။ ထိုသို့သောအကြောင်းအရာများအရ ကျွန်ုပ်တို့မည်မျှလှပပြီး ဉာဏ်ကွန့်မြူးကြောင်း မျက်မှောက်ခေတ်ကောင်းကင်တမန်များက ကျွန်ုပ်တို့အား သိစေလိုသည်။ ကျွန်ုပ်တို့ကိုယ်ကို အပြုသဘောရှုမြင်ခြင်းမှာ ကောင်းသော်လည်း “ဝိညာဉ်ရေးရာအသစ်” ၏အဓိကခေါင်းစဉ်မှာ မိမိတို့ကိုယ်ကို ခြွင်းချက်မရှိချစ်မြတ်နိုးဖို့တည်း။ စာရေးဆရာတစ်ဦးက ပထမဆုံးနှင့် အကြီးမြတ်ဆုံးသောပညတ်မှာ “သင့်ကိုယ်ကိုအရှင်သခင်ကဲ့သို့ချစ်ပါ” ဟူ၍ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းသည် ယေရှု၏စကားများနှင့် မည်မျှကွာခြားလိုက်လေခြင်း! ကိုယ်တော်က ဤသို့မိန့်တော်မူခဲ့သည်– “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့ဟူသောပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သောပညတ်လည်းဖြစ်၏။” (မဿဲ ၂၂:၃၆-၃၉) ကျွန်ုပ်တို့ကိုယ်ကျိုးထက် ဘုရားသခင့်အကျိုးစီးပွားကို ရှာဖွေကြမည်ဆိုလျှင် ဘဝတွင် ကျွန်ုပ်တို့သည် အပျော်ရွှင်ဆုံးဖြစ်ကြပေလိမ့်မည်။

ကောင်းကင်တမန်များကို အဓိကအာရုံစိုက်ခြင်းသည် စစ်မှန်သောခရစ်ယာန်ဘာသာတရားနှင့် ဆန့်ကျင်၏။ ကောင်းကင်တမန်များအား ဝတ်ပြုကိုးကွယ်ခြင်းကို တမန်တော်ပေါလုက ပြစ်တင်ရှုတ်ချထားသည်။ (ကောလောသဲ ၂:၁၈) ဝတ်ပြုကိုးကွယ်ခြင်းဟူသည် “ဘုရားသခင်အဖြစ် သို့မဟုတ် သဘာဝလွန်ဖြစ်သောတန်ခိုးတော်အဖြစ် ဂုဏ်တင်ခြင်း သို့မဟုတ် ကြည်ညိုလေးမြတ်ခြင်း” ကိုဆိုလိုသည်။ သို့တိုင် ကောင်းကင်တမန်များကို ဂုဏ်တင်ခြင်း၊ ကြည်ညိုလေးစားခြင်းပြုရန် ရေပန်းစားနေသော ကောင်းကင်တမန်စာအုပ်များစွာက စာဖတ်သူတို့ကို အမှန်ပင်တွန်းအားပေးလေသည်။ သို့သော် ဝတ်ပြုမှုပုံစံတစ်ရပ်ကို ယေရှုအား စာတန်ကမ်းလှမ်းသောအခါ အဘယ်အရာဖြစ်ခဲ့သည်ကို သတိရပါ။ ယေရှု ဤသို့ပြန်ဖြေခဲ့သည်– “သင်၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်။” (လုကာ ၄:၈) နောက်ပိုင်းတွင် ကောင်းကင်တမန်တစ်ပါးရှေ့ တမန်တော်ယောဟန် ပျပ်ဝပ်သောအခါ ကောင်းကင်တမန်က သူ့ကို ဤသို့ပြောခဲ့သည်– “မပြုပါနှင့်၊ ငါကား သင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ ယေရှု၏သက်သေခံတော်မူချက်ကိုဆောင်သော သင်၏ညီအစ်ကိုတို့၏ လုပ်ဖော်ဆောင်ဖက်လည်းဖြစ်၏။ ဘုရားသခင်ကိုကိုးကွယ်လော့။”—ဗျာဒိတ် ၁၉:၁၀။

သင့်အား ကောင်းကင်တမန်များ မည်သို့ကူညီနိုင်ပုံ

ကာကွယ်မှုနှင့် အကူအညီအတွက် ချဉ်းကပ်ရမည့်ပုဂ္ဂိုလ်မှာ ကောင်းကင်တမန်များမဟုတ်၊ ဘုရားသခင်ပေတည်း။ ကိုယ်တော်သည် မိမိ၏ဖြောင့်မတ်သောတောင်းဆိုချက်များနှင့် လျော်ညီသူအားလုံးအပေါ် မေတ္တာသွန်းလောင်းပေးရန် တလိုတလားရှိ၍ ပျော်ရွှင်တော်မူ၏။ တမန်တော်ယောဟန်က ခရစ်ယာန်ချင်းတို့ထံ ဤသို့ရေးသားခဲ့သည်– “ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။ ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သည်သိလျှင်၊ အထံတော်၌တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏။”—၁ ယောဟန် ၅:၁၄၊ ၁၅။

ဘုရားသခင်၏တည်ကြည်သောကောင်းကင်တမန်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မသိသည့်အရာများစွာရှိ၏။ သို့သော် သူတို့သည် ဘုရားသခင့်အမှုတော်၌ ပါဝင်နေကြပြီး ကိုယ်တော်၏ရည်ရွယ်တော်မူချက်၊ ညွှန်ကြားချက်တို့နှင့်အညီ လုပ်ဆောင်နေကြောင်းကိုမူ ကျွန်ုပ်တို့သိကြသည်။ ဘုရားသခင်နှင့်ပတ်သက်သည့် အမှန်တရားကို တိုးမြှင့်ရန် သူတို့စိတ်အားထက်သန်ကြသည်။ (ဗျာဒိတ် ၁၄:၆၊ ၇) ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုကို သူတို့မလိုလားကြချေ။ သူတို့ကို ကျွန်ုပ်တို့မမြင်နိုင်သောကြောင့် ဘုရားသခင်သည် မိမိလူတို့၏နေ့စဉ်အရေးကိစ္စများတွင် မည်သည့်အတိုင်းအတာအထိ သူတို့အား ကိုယ်တော်အသုံးပြုနေကြောင်း ကျွန်ုပ်တို့မသိကြပါ။ သို့သော် ယေဟောဝါသည် မိမိ၏လူတို့ကို အုပ်စုတစ်စုအနေအဖြစ် ကာကွယ်ညွှန်ကြားပေးနေကြောင်း ကျွန်ုပ်တို့သိကြ၏။

ကျွန်ုပ်တို့အတွက် တည်ကြည်သောကောင်းကင်တမန်များ ချမှတ်သည့် ပုံသက်သေကောင်းတစ်ရပ်ပါတကား! သူတို့သည် ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းကြသည်။ (ဆာလံ ၁၄၈:၂) ကြီးမြတ်သောဉာဏ်စွမ်းနှင့် ဝိညာဉ်ရေးဆိုင်ရာတန်ခိုးကို သူတို့ပိုင်ဆိုင်ထားကြသော်လည်း ယေဟောဝါ၏အုပ်စိုးမှုကို အလွန်ရိုသေလေးမြတ်ကြ၏။ (ယုဒ ၉) သူတို့သည် ဘုရားသခင့်ရည်ရွယ်တော်မူချက်များ ပြီးမြောက်အောင်မြင်ရေး၌ လွန်စွာစိတ်ဝင်စားကြသည်။ (၁ ပေတရု ၁:၁၁၊ ၁၂) ဤအရာများကို ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာမှ သိရှိကြခြင်းဖြစ်သည်။ မှန်ပါသည်၊ သမ္မာကျမ်းစာသည် ကောင်းကင်တမန်များနှင့်ပတ်သက်၍ အမှန်တရားကို ကျွန်ုပ်တို့အား ဖော်ပြပေးသောစာအုပ်ဖြစ်ပေသည်။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

ကောင်းကင်တမန်တစ်ပါးအား တမန်တော်ယောဟန်က ပျပ်ဝပ်ကိုးကွယ်မည် ပြုသောအခါ သူက ဤသို့ပြောခဲ့သည်– “မပြုပါနှင့်”

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကောင်းကင်တမန်များသည် ဘုရားသခင်နှင့် ပတ်သက်သော အမှန်တရားကို တိုးမြှင့်ရန် စိတ်အားထက်သန်ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ