ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၂ ၁/၈ စာ. ၁၅
  • ဟင်းသီးဟင်းရွက် စားပေးပါ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟင်းသီးဟင်းရွက် စားပေးပါ!
  • နိုးလော့!—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာဟာရဖြစ်စေသောအစားအစာက သင့်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်ပုံ
    နိုးလော့!—၁၉၉၇
  • ဟင်းသီးဟင်းရွက်ခြံတစ်ခြံ စိုက်ပျိုးပါလေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • သော့ချက် ၁—ချင့်ချင့်ချိန်ချိန် စားပါ
    နိုးလော့!—၂၀၁၁
  • ဘေးကင်းပြီး ကျန်းမာရေးနဲ့ ညီတဲ့ အစားအစာဖြစ်ဖို့ လုပ်ဆောင်ရမယ့် အချက် ခုနစ်ချက်
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၂
န၀၂ ၁/၈ စာ. ၁၅

ဟင်းသီးဟင်းရွက် စားပေးပါ!

ဘရာဇီးမှ နိုးလော့! စာရေးသူပေးပို့သည်

“တော်တော်ခါးတဲ့ဟာတွေပဲ။” “အရသာ တော်တော်ဆိုးတယ်။” “ဒါမျိုး ဘယ်တော့မှမစားဘူး။”

ယင်းတို့သည် ဟင်းသီးဟင်းရွက်စားသုံးရန် များစွာတို့ ငြင်းဆန်ကြရသည့် အကြောင်းများမှအချို့ဖြစ်၏။ သင်ကောအသို့နည်း။ ဟင်းသီးဟင်းရွက်ကို သင်နေ့စဉ် စားသုံးပါသလော။ နိုးလော့!က အချို့သူတို့သည် ဟင်းသီးဟင်းရွက်များကို အဘယ်ကြောင့်ကြိုက်နှစ်သက်၍ အခြားသူတို့မှာမူ အဘယ်ကြောင့်မကြိုက်ရကြောင်း သိရှိရန်အတွက် လူတွေ့မေးမြန်းခန်းများပြုခဲ့သည်။

ဟင်းသီးဟင်းရွက်များကို စားသုံးသူတို့က မိဘများသည် သူတို့အား ဟင်းသီးဟင်းရွက်များ၊ ပဲများနှင့် အသီးအနှံများစားသောက်ရခြင်း၏အရေးပါပုံကို သွန်သင်ပေးခဲ့ကြောင်းပြောပြသည်။ ယင်းနှင့်ခြားနားလျက် ဟင်းသီးဟင်းရွက်မကြိုက်သူတို့မှာ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက စားလေ့စားထမရှိခဲ့ချေ။ ယင်းအစား သူတို့သည် အစာဖျင်းများကိုနှစ်သက်ကြ၏။ သို့ရာတွင် ဤကဲ့သို့သောသူများပင် ဟင်းသီးဟင်းရွက်များသည် ကျန်းမာရေးကောင်းကိုဆက်ထိန်းရာ၌ အရေးပါကြောင်း သဘောတူကြသည်။

မိဘများ၊ သင်တို့၏သားသမီးများကို ဟင်းသီးဟင်းရွက်စားတတ်ရန် သင်ပေးပါ! မည်သို့နည်း။ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှ ထုတ်ဝေထားသည့် ဘဝအတွက်ဖြစ်ရပ်မှန်များစာအုပ်က တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် မိခင်နို့တိုက်ကျွေး သို့မဟုတ် နို့ဘူးတိုက်ပြီးနောက် ခြောက်လသားအရွယ်ကလေးငယ်ကို ပြုတ်ထား၍ အခွံနွှာထားပြီး ချေထားသောဟင်းသီးဟင်းရွက်များကို ကျွေးသင့်ကြောင်း အကြံပြုထားသည်။ အစာအမျိုးမျိုးကို များများကျွေးခြင်းက ကလေးများအတွက် ပိုကောင်း၏။ ဘရာဇီးလူမျိုးကလေးအထူးကုဖြစ်သော ဒေါက်တာ ဗင်ကာ လက်ပ်အေ့တ်က ပထမနှစ်နှစ်အရွယ်အထိ နို့သည် အဓိကအစာဖြစ်သော်လည်း အခြားအစာများကိုကျွေးမွေးခြင်းက “ကလေးငယ်ကို အရသာအသစ်အဆန်းခံစားတတ်စေရန် အားပေးသည်” ဟုဆို၏။

မက်ဒီစီနာ—မိုင်တိုစ်ရ် ဗာဒဒီစ် (ဆေးဝါး—ယုံတမ်းစကားများနှင့် အမှန်တရားများ) စာအုပ်တွင် ကာလ် လီအိုနေလ်က လိမ္မော်ရည်အနည်းငယ်၊ (ငှက်ပျောသီး၊ ပန်းသီးနှင့် သင်္ဘောသီးကဲ့သို့သော) သစ်သီးများ၏ပျော့ဖတ်ရည်၊ ကောက်နှံနှင့် ဟင်းသီးဟင်းရွက်ဟင်းချိုတို့ကို အထက်တွင်ဖော်ပြထားသည့်အရွယ် မတိုင်မီပင် ကလေး၏အစာတွင် ထည့်ကျွေးနိုင်ကြောင်း အကြံပြုထားသည်။ ယင်းနှင့်ပတ်သက်၍ ကွဲလွဲသော ယူဆချက်များရှိသောကြောင့် ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်ခြင်းသည် ပညာရှိရာကျပေလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ