ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၂ ၉/၈ စာ. ၂၁
  • ဗီယက်နမ်နိုင်ငံ၏ လူသူမသိသော တိရစ္ဆာန်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗီယက်နမ်နိုင်ငံ၏ လူသူမသိသော တိရစ္ဆာန်များ
  • နိုးလော့!—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကင်ညာနိုင်ငံမှ မိဘမဲ့ကြံ့ပေါက်ကလေးများ
    နိုးလော့!—၁၉၉၉
  • တိရစ္ဆာန်များ
    နိုးလော့!—၂၀၁၅
  • တိရစ္ဆာန်များကို ရက်စက်ခြင်း—မှားသလော
    နိုးလော့!—၂၀၀၁
  • တိရစ္ဆာန်တွေ ကောင်းကင် တက်မလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၂
န၀၂ ၉/၈ စာ. ၂၁

ဗီယက်နမ်နိုင်ငံ၏ လူသူမသိသော တိရစ္ဆာန်များ

“ရာစုနှစ်၏စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး တိရစ္ဆာန်ရှာဖွေလေ့လာရေးကာလ” ဟုလန်ဒန်တိရစ္ဆာန်ဥယျာဉ်မှ နို့တိုက်သတ္တဝါများကို ကြည့်ရှုအုပ်ထိန်းသူ ဒေါက်ကလပ်စ် ရစ်ချာ့ဒ်ဆင်က အားတက်သရောပြောပြသည်။ သူသည် လွန်ခဲ့သောဆယ်နှစ်တာကာလအတွင်း ဗီယက်နမ်နိုင်ငံရှိ ဝေးလံသီခေါင်သည့် တောနက်ထဲမှ ဧရာမတိရစ္ဆာန်တချို့နှင့်ပတ်သက်သော ရှာဖွေလေ့လာမှုကို ရည်ညွှန်းနေခြင်းဖြစ်သည်။

ဆယ်စုနှစ်ချီ၍ အပြင်းအထန်စစ်မက်ဖြစ်ပွားခဲ့မှုကြောင့် ဤတောနက်များထဲသို့ သိပ္ပံပညာရှင်များ ဝင်ရောက်ခွင့်မရခဲ့ချေ။ သို့ရာတွင် ယခုအခါ တိရစ္ဆာန်သုသေတီများသည် အော်တိုမက်တစ်ကင်မရာများကို အသုံးပြု၍ တိရစ္ဆာန်များကို ဓာတ်ပုံရိုက်လေ့လာနေကြသည်။ ယင်းတို့အနက် ဂျာဗန်းကြံ့မျိုးစိတ်ဖြစ်သည့် ဗီယက်နမ်ကြံ့မျိုးပါဝင်ပြီး မျိုးသုဉ်းမည့်အန္တရာယ်အရှိဆုံး ကမ္ဘာ့မျိုးစိတ်များအနက်မှ တစ်ခုဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၏ လူသူမသိသောတိရစ္ဆာန်များဟု ခေါ်ဆိုနိုင်သည့် နောက်တစ်မျိုးမှာ ဗူး ဂေါင် (Vu Quang) နွားဟုလည်းခေါ်သည့် အင်တီလုတ်ဆိတ်နွားမျိုးဝင် (antelope) နှင့်ဆင်တူသော နွားဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် ဗူးဂေါင်ဘေးမဲ့တော၌ ရှာဖွေတွေ့ ရှိခဲ့သည့် ဤသတ္တဝါသည် အလေးချိန် ၂၂၅ ပေါင်ရှိပြီး မတ်တတ်ရပ်အမြင့်မှာ ပခုံးအထိ ၃ ပေရှိ၏။ ယင်းကို နွားမျိုး၊ အင်တီလုတ်ဆိတ်နွားမျိုးဝင် သို့မဟုတ် ဆိတ်မျိုးဟုခေါ်နိုင်ပါသည်။ ထိုသစ်တောတွင် သမင်သုံးမျိုးကိုလည်း ရှာဖွေတွေ့ ရှိခဲ့ကြသည်—၁၉၉၃ ခုနှစ်၌ ချေကြီးမျိုး၊ ၁၉၉၇ ခုနှစ်၌ ထရောင်း ဆန် ချေမျိုး (Truong Son muntjac)၊ ၁၉၉၈ ခုနှစ်၌ လိဖ်ချေမျိုး (leaf muntjac) တို့ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ တိန်းဂေါင်တောင်တန်းဒေသတွင် သိပ္ပံပညာရှင်များသည် ညအချိန်တွင်ကျက်စားသည့် အသားစားသတ္တဝါငယ် တိန်းဂေါင်ကြောင်ကတိုးကို ရှာဖွေတွေ့ ရှိခဲ့ကြသည်။ ယင်း၏အလေးချိန်သည် ၆.၆ ပေါင်မှ ၁၆.၅ ပေါင်အထိရှိပြီး စိုထိုင်းသည့် အပူပိုင်းသစ်တောတွင် နေထိုင်ကြသည်။

တိရစ္ဆာန်ငယ်များကို အမြဲတမ်းလိုလို ရှာဖွေတွေ့ ရှိနေရသည်—တစ်နှစ်အတွင်း ဖားမျိုး ၂၀ မျှအထိ—တွေ့ ရှိရကြောင်း ရစ်ချာ့ဒ် ဆန်ကရှင်းပြသည်၊ သို့သော် ပို၍ကြီးမားသော ဤတိရစ္ဆာန်များ၏တည်ရှိမှုသည် မမျှော်လင့်ကြောင်း သည်အင်ဒီပဲန်ဒင့်သတင်းစာက ဖော်ပြသည်။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံများ]

တိန်းဂေါင် ကြောင်ကတိုး

ဗူးဂေါင် နွား

ထရောင်းဆန် ချေ

ဗီယက်နမ် ကြံ့

[Credit Lines]

Forest: © Wildside Photography

Vietnamese rhino: AP Photo/World Wildlife Fund, Mike Baltzer; other three animals: Courtesy EC-SFNC/Acknowledging the European Commission’s support of the photo-trapping program

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ