ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၆/၈ စာ. ၃
  • သိပ္ပံပညာနှင့် ဘာသာတရားတိုက်ပွဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သိပ္ပံပညာနှင့် ဘာသာတရားတိုက်ပွဲ
  • နိုးလော့!—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂယ်လီလီယို
    နိုးလော့!—၂၀၁၅
  • သိပ္ပံနှင့် ဘာသာတရားတို့ကို ရင်ကြားစေ့ပေးခြင်း
    နိုးလော့!—၂၀၀၃
  • တလွဲဖော်ပြခံရသည့် စာအုပ်
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • စကြဝဠာနှင့် သက်ရှိတို့အစ ဘယ်ဆီက
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၃
န၀၃ ၆/၈ စာ. ၃

သိပ္ပံပညာနှင့် ဘာသာတရားတိုက်ပွဲ

“ဘာသာတရားကို ကူးစက်တတ်သော စိတ်ရောဂါတစ်ရပ် ဟု ယူမှတ်ခြင်းသည် အကောင်းဆုံးဖြစ်မည်လော။”—ဇီဝဗေဒပညာရှင် ရစ်ချတ် ဒေါကင်စ်။

ဘာသာတရားနှင့် သိပ္ပံပညာကို တကယ့်ရန်သူများဟု ရံဖန်ရံခါယူဆထားကြ၏။ အချို့သူတို့အမြင်တွင် တစ်ဖက်နှင့်တစ်ဖက် ဘတစ်ပြန်ကျားတစ်ပြန် အနိုင်လုနေသည့် ထိုအရေးပါသောတိုက်ပွဲသည် တစ်ဦးသေမှ ကျန်တစ်ဦးက အနိုင်ရမည့်ပုံဖြစ်နေသည်။

တစ်ဖက်အုပ်စုတွင် ဓာတုဗေဒပညာရှင် ပီတာ အက်ကင်စ်ကဲ့သို့သော သိပ္ပံပညာရှင်အချို့ပါဝင်ပြီး ဘာသာတရားနှင့် သိပ္ပံပညာကို ရင်ကြားစေ့ဖို့ဆိုသည်မှာ “မဖြစ်နိုင်” ဟုခံယူထားသူများဖြစ်သည်။ အက်ကင်စ်က “(အရာရာတိုင်းကို မဆိုထားဘိ၊ တစ်စုံတစ်ခုသည်ပင်) ဘုရားသခင်ကြောင့်ဖြစ်သည်ဟု အကြောင်းပြခြင်းကို ယုံခြင်းသည် ဉာဏ်တိမ်ရာကျ၏” ဟု ယူမှတ်ရကြောင်း ပြောလေသည်။

ကျန်အုပ်စုမှာ သိပ္ပံပညာသည် ယုံကြည်ခြင်းကို ဖျက်ဆီးပစ်သည့်အရာအဖြစ် စွပ်စွဲအပြစ်တင်သော ဘာသာရေးသမားများဖြစ်သည်။ ထိုအုပ်စုပါသူတို့က ယနေ့ ကျင့်သုံးသည့်သိပ္ပံပညာသည် လှည့်စားမှုသာဖြစ်သည်ဟူသည့်အယူအဆကို စွဲကိုင်ထားကြသည်; ယင်း၏အချက်အလက်တို့မှာ မှန်ကောင်းမှန်နိုင်သည်၊ သို့သော် ထိုအချက်အလက်တို့ကို တလွဲအနက်ဖွင့်ခြင်းက ဘာသာတရားကိုင်းရှိုင်းသူတို့၏ယုံကြည်ခြင်းကို အခြေမှလှိုက်စားပစ်၏။ ဥပမာ၊ ဇီဝဗေဒပညာရှင် ဝီလျံပရိုဗင်က ဒါဝင်ဝါဒဟူသည် “ကိုယ်ကျင့်တရားများအတွက် အခြေခံအုတ်မြစ်မရှိ; အသက်အတွက် အခြေခံအဓိပ္ပာယ်မရှိ” သည့်သဘောဖြစ်သည်ဟုဆို၏။

သို့သော် အချေအတင်ပဋိပက္ခအချို့မှာ နှစ်ဖက်စလုံးမှလာသော မှားယွင်းသည့် သို့မဟုတ် သက်သေမထူနိုင်သည့်အဆိုပြုချက်များကြောင့် ပေါ်လာခြင်းဖြစ်၏။ ဘာသာရေးခေါင်းဆောင်တို့က ခေတ်သစ်သိပ္ပံပညာ၏တွေ့ရှိချက်များနှင့်မညီ၊ မှုတ်သွင်းခံသမ္မာကျမ်းစောင်တွင် အခြေမခံသောဒဏ္ဍာရီ–ယုံတမ်းစကားများ၊ အခြေခံအယူဝါဒမှားများကို ရာစုနှစ်ချီ၍ သွန်သင်လာခဲ့ကြသည်။ နမူနာအနေဖြင့် နေကို ကမ္ဘာက ပတ်နေသည်ဟူ၍ မှန်ကန်စွာ ကောက်ချက်ချခဲ့သောကြောင့် . . . ချာ့ချ်သည် ဂယ်လီလီယိုကို အပြစ်ပေးခဲ့သည်။ ဂယ်လီလီယို၏ရှုမြင်ပုံမှာ သမ္မာကျမ်းစာနှင့် ဆန့်ကျင်မနေပါ၊ သို့သော် ထိုအချိန်က ချာ့ချ်မှသွန်သင်ချက်နှင့်မူ တခြားစီဖြစ်နေခဲ့သည်။ အခြားတစ်ဖက်တွင်မူ သိပ္ပံပညာရှင်တို့က အသက်ဟူသည် ဘုရားသခင်မပါဘဲ သက်မဲ့အရာမှ ဆင့်ကဲဖြစ်လာသည်ဟု သက်သေမထူနိုင်သောသီအိုရီကို အမှန်တရားအဖြစ် သင်ကြားပေးသောအခါ အပြစ်တင်ထိုက်သွားပြန်သည်။ သူတို့က ဘာသာရေးယုံကြည်ချက်သည် သိပ္ပံပညာနှင့်မကိုက်ဟု သရော်လှောင်ပြောင်ကြ၏။

ထိုသို့ဆိုလျှင် သိပ္ပံပညာနှင့် ဘာသာတရားတို့ကို ရင်ကြားစေ့ပေးနိုင်မည်လော။ ပေးနိုင်ပါသည်။ အမှန်မှာ၊ သက်သေထူနိုင်သောသိပ္ပံပညာနှင့် စစ်မှန်သောဘာသာတရားတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်မည့်အစား ဖြည့်ဖက်များဖြစ်ကြသည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ဂယ်လီလီယိုသည် သိပ္ပံပညာဆိုင်ရာအမှန်တရားကို သွန်သင်ပေးခဲ့ သောကြောင့် ချာ့ချ်၏ အပြစ် ပေးခြင်းခံခဲ့ရသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ