ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၃/၈ စာ. ၂၁
  • ချီတက်နေသော တပ်တစ်တပ်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချီတက်နေသော တပ်တစ်တပ်!
  • နိုးလော့!—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • လမ်းပိတ်ဆို့မှု မဖြစ်အောင် ပုရွက်ဆိတ်တွေ သွားလာကြပုံ
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • အင်းဆက်ပိုးလောကမှ အမှိုက်ရှင်းကျွမ်းကျင်သူများ
    နိုးလော့!—၂၀၀၃
  • ‘ပုရွက်ဆိတ်ထံသို့သွားလော့’
    နိုးလော့!—၁၉၉၇
  • ဖန်ဆင်းရာတွေက ယေဟောဝါရဲ့ ဉာဏ်ပညာကို ပိုယုံကြည်ကိုးစားစေ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
နိုးလော့!—၂၀၀၄
န၀၄ ၃/၈ စာ. ၂၁

ချီတက်နေသော တပ်တစ်တပ်!

“ကျွန်တော်တို့နေထိုင်ရာ ဘလစ်ဇီးယန်းရွာဟာ သဘာဝပေါက်ပင်တွေနဲ့ ဝန်းရံနေပါတယ်။ တစ်နေ့ မနက်ကိုးနာရီလောက်မှာ ကျွန်တော်တို့အိမ်ကို တပ်တစ်တပ် ချင်းနင်းဝင်ရောက်လာတယ်။ သားကောင်ကိုရှာဖွေဖို့ ပုရွက်ဆိတ်တပ်မကြီးဟာ တံခါးမအောက်ကနေ အက်ကြောင်းအတိုင်း အလုံးလိုက်အခဲလိုက် ဝင်လာကြတယ်။ ပုရွက်ဆိတ်တွေ သိမ်းပိုက်ထားတဲ့ တစ်နာရီ၊ နှစ်နာရီလောက် အိမ်ကနေဖယ်ပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။ ကျွန်တော်တို့ပြန်ရောက်တဲ့အခါမှာတော့ တစ်အိမ်လုံးဟာ အင်းဆက်ပိုးမှန်သမျှ ကင်းရှင်းလို့နေတယ်။”

ယင်းသည် ဘလိဇ်နိုင်ငံကဲ့သို့သော အပူပိုင်းဒေသများ၌နေထိုင်ကြသည့် လူများစွာအတွက် သာမန်ဖြစ်ရပ်ဖြစ်ကာ လုံးလုံးမနှစ်မြို့ဖွယ်ရာ မဟုတ်ချေ။ ပိုးဟပ်နှင့် အခြားပိုးမွှားများကဲ့သို့သော အိမ်ကိုဒုက္ခပေးသည့်ပိုးမွှားများကို သုတ်သင်ရှင်းလင်းသောနည်းလမ်းဖြစ်သည်။ ထို့ပြင် သူတို့ကြောင့် ညစ်ပတ်ရှုပ်ပွကျန်ရစ်ခဲ့ခြင်းမျိုးလည်း မရှိချေ။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာဤတွင်ပြောနေသော ပုရွက်ဆိတ်များကို ပုရွက်ဆိတ်တပ်ဟုခေါ်သည်၊ အကြောင်းမှာ ၎င်းတို့၏ စစ်တပ်ပုံစံမျိုး နေထိုင်ပြုမူကြခြင်းကြောင့်ဖြစ်သည်။a အတည်တကျမနေသည့် သိန်းသောင်းချီရှိသော ဤပုရွက်ဆိတ်တပ်များသည် အသိုက်အအုံဖွဲ့၍နေမည့်အစား ယာယီနေစရာများပြုလုပ်၍နေကြသည်၊ ပုရွက်ဆိတ်အုပ်သည် ဘုရင်မနှင့် သူ၏သားငယ်များပတ်လည်တွင် သက်ရှိကန့်လန့်ကာပုံဖြစ်ရန် ၎င်းတို့၏ခြေများကို ချိတ်ထားကြသည်။ ပုရွက်ဆိတ်တပ်ဖွဲ့များသည် အစာဖြစ်သော အင်းဆက်ပိုးများနှင့် အိမ်မြှောင်ကဲ့သို့သော သတ္တဝါငယ်များကိုရှာရန် ယာယီစခန်းမှ ရှည်လျားစွာတန်းစီ၍ထွက်ကြသည်။ ပုရွက်ဆိတ်တပ်၏ခေါင်းဆောင်များသည် သားကောင်ကို ချောင်ပိတ်မိအောင် ဘေးနံမှပန်းတက်သည့်ပုံစံမျိုး ဖြစ်ပေါ်လာအောင်လည်း လုပ်ဆောင်ကြသည်။ ခြေရာခံလိုက်ရန် အနံ့မရသည့်အခါမျိုးတွင် ရှေ့ဆောင် လုပ်သားပုရွက်ဆိတ်တို့သည် ဆုတ်ဆိုင်းဆိုင်းလုပ်ကာ ချီတက်မှုအား ရပ်တန့်လိုက်လေ့ရှိသည်ကို ထူးဆန်းစွာ တွေ့ရှိရသည်။ နောက်တန်းတွင်ရှိသော ပုရွက်ဆိတ်များက မလွဲသာမရှောင်သာ ရှေ့သို့ ဆက်၍ချီတက်သောအခါ ရှေ့တန်းအခြားဘက်များတွင် ပြန့်ကားသွားပြီး ဘေးနံမှပန်းတက်သည့်ပုံ ဖြစ်သွားလေသည်။

ပုရွက်ဆိတ်တပ်များသည် ၁၆ ရက်ခန့် ချီတက်သွားလာ၍ ရက် ၂၀ ခန့် စခန်းချနေထိုင်ကြခြင်းဖြင့် ၃၆ ရက်သံသရာလည်နေသည်၊ စခန်းချချိန်အတွင်း ဘုရင်မသည် ဥများကိုဥသည်။ ၎င်းနောက် ဆာမွတ်မှုကြောင့် ပုရွက်ဆိတ်အုပ်သည် တစ်ဖန်ချီတက်ကြပြန်သည်။ ပေ ၃၀ ခန့်ကျယ်သည့် ၎င်းတို့ချီတက်နေသောစစ်ကြောင်းများ၏ အပြင်စပ်တွင် ပင့်ကူများ၊ ကင်းမြီးကောက်များ၊ ပိုးတောင်မာများ၊ ဖားများနှင့် အိမ်မြှောင်များ ပြေးရှောင်နေကြရာ ငှက်ရဲများသည် ပုရွက်ဆိတ်အုပ်ကိုမဟုတ်ဘဲ ထွက်ပြေးကြသော အကောင်များနောက် ပျံဝဲ၍လိုက်ကြသည်။

နယပုံပြင် ၃၀:၂၄၊ ၂၅ ၌ ‘ပင်ကိုအသိပညာရှိ’ သည်ဟုဖော်ပြထားသော ပုရွက်ဆိတ်များသည် ဖန်ဆင်းခြင်း၏ အံ့ဖွယ်ရာတစ်ခုဖြစ်သည်။

[အောက်ခြေမှတ်ချက်]

a ဤဆောင်းပါးသည် ဗဟိုအမေရိကနှင့် တောင်အမေရိက၏ Eciton မျိုးစိတ်နှင့်သက်ဆိုင်သည်။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

တပ်သား ပုရွက်ဆိတ်

[Credit Line]

© Frederick D. Atwood

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ပေါင်းကူးတံတားသဖွယ် ခြေများကို ချိတ်ထားကြ

[Credit Line]

© Tim Brown/www.infiniteworld.org

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ