ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၇/၈ စာ. ၃
  • အေးတိအေးစက်နိုင်လှသော လောကထဲသို့!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အေးတိအေးစက်နိုင်လှသော လောကထဲသို့!
  • နိုးလော့!—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သားသမီးရခြင်း—တာဝန်လည်းဖြစ် ဆုလည်းဖြစ်
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ရင်သွေးလေးရလာတဲ့အခါ အိမ်ထောင်မှာ အပြောင်းအလဲရှိလာ
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • ရင်သွေးငယ်များ လိုအပ်ရာနှင့် လိုချင်ရာ
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၄
န၀၄ ၇/၈ စာ. ၃

အေးတိအေးစက်နိုင်လှသော လောကထဲသို့!

ကလေးငယ်တစ်ဦးသည် ကြမ်းတမ်းခက်ထန်၊ အေးတိအေးစက်နိုင်လှပြီး ဖိစီးမှုမြားမြောင်လှသော လောကထဲသို့ မွေးဖွားလာ၏။ သူ၏ခံစားချက်များကို မပြောပြနိုင်သော်လည်း မမွေးဖွားမီကပင် ဖြစ်ပျက်နေသမျှကို သိရှိသည်ဟု သိပ္ပံပညာရှင်အချို့က ယူဆကြ၏။

သန္ဓေသား၏လျှို့ဝှက်အသက်တာ စာအုပ်က ဤသို့ဆိုသည်– “သန္ဓေသား ခြောက်လအရွယ်မှစ၍ (ထို့ထက်စော၍ပင်) စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှု သိသိသာသာရှိနေပြီဟု ကျွန်ုပ်တို့နားလည်ရသည်။” ကလေးငယ်သည် ခက်ခက်ခဲခဲမွေးဖွားလာရသည့်ဖြစ်စဉ်ကို မှတ်မိချင်မှမှတ်မိမည်ဖြစ်သော်လည်း ၎င်းသည် သူ၏နောက်ပိုင်းအသက်တာအပေါ် သက်ရောက်မှုရှိကောင်းရှိမည်လောဟု သိပ္ပံပညာရှင်အချို့ စဉ်းစားလာကြသည်။

မွေးဖွားပြီးနောက်၌လည်း ဖိစီးမှုများဆက်ရှိနေသေးသည်။ မိခင်သားအိမ်ပြင်ပသို့ ရောက်ရှိလာသော ကလေးငယ်သည် အလိုအလျောက် အစာမစားရတော့ပေ။ အောက်ဆီဂျင်နှင့် အာဟာရဓာတ်တို့ကို သယ်ဆောင်ပေးသော ချက်ကြိုး မရှိတော့ချေ။ အသက်ဆက်ရှင်ရန် သူကိုယ်တိုင် အသက်စရှူရပြီး အာဟာရဓာတ်ကို မှီဝဲရတော့သည်။ သူ့ကို အစာကျွေး၍ သူ၏တခြားကာယရေးလိုအပ်ရာများကို ပြုစုပေးမည့်သူ လိုအပ်လာ၏။

မွေးကင်းစကလေးငယ်သည် စိတ္တရေး၊ စိတ်လှုပ်ရှားမှုနှင့် ဝိညာဉ်ရေးပိုင်း ကြီးထွားဖွံ့ဖြိုးဖို့လည်း လိုအပ်လာ၏။ ထို့ကြောင့် တစ်ဦးတစ်ယောက်က ကလေးငယ်ကို ပြုစုပျိုးထောင်ပေးရမည်။ ထိုသို့ပြုစုပေးနိုင်မည့် အကောင်းဆုံးသူမှာ မည်သူဖြစ်သနည်း။ ကလေးငယ်သည် သူ၏မိဘများထံမှ အဘယ်အရာလိုအပ်သနည်း။ အဆိုပါလိုအပ်ရာများကို အကောင်းဆုံးနည်းဖြင့် မည်သို့ဖြည့်ဆည်းပေးနိုင်သနည်း။ နောက်ဆောင်းပါးက ဤမေးခွန်းများကို ဖြေဆိုပေးပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ