ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၁၂/၈ စာ. ၁၄
  • မျိုးသုဉ်းမည့်အန္တရာယ်ကြုံနေသည့် မျိုးစိတ်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မျိုးသုဉ်းမည့်အန္တရာယ်ကြုံနေသည့် မျိုးစိတ်များ
  • နိုးလော့!—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာ့မျိုးစိတ်များကို ကယ်တင်နိုင်မည်လော
    နိုးလော့!—၂၀၀၂
  • နယူးဇီလန်တွင် လင်းပိုင်များကို ရှာပုံတော်ဖွင့်ခြင်း
    နိုးလော့!—၂၀၀၃
  • ကွယ်ပျောက်နေသော ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များ
    နိုးလော့!—၁၉၉၈
  • ကျွန်ုပ်တို့နှင့်မလှမ်းမကမ်းတွင်ရှိ လင်းပိုင်
    နိုးလော့!—၁၉၉၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၁၂/၈ စာ. ၁၄

မျိုးသုဉ်းမည့်အန္တရာယ်ကြုံနေသည့် မျိုးစိတ်များ

အီတလီမှ နိုးလော့! စာရေးသူ ပေးပို့သည်

ဆွစ်ဇာလန်နိုင်ငံ၊ ဂလဲန်တ်မြို့ရှိ ကမ္ဘာ့ထိန်းသိမ်းစောင့်ရှောက်ရေးသမဂ္ဂ (အိုင်ယူစီအဲန်) သည် ယင်း၏ ၂၀၀၄ ခုနှစ် အန္တရာယ်ကြုံနေသောမျိုးစိတ်စာရင်းကို ထုတ်ပြန်ခဲ့သည်။ ဤစာရင်းသည် ကမ္ဘာပေါ်ရှိအပင်များနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးအခြေအနေကို ညွှန်ပြသည်။ အန္တရာယ်စာရင်းတွင် မျိုးစိတ်ပေါင်း ၁၅,၅၀၀ ကျော်ပါဝင်သည်။

မျိုးစိတ်များကို ဘေးအန္တရာယ်ရှိစေသည့် အဓိကခြိမ်းခြောက်မှုတစ်ခုမှာ လူသားများ၏လုပ်ဆောင်မှု ဖြစ်သည်။ လူသားများသည် မိမိတို့ အသက်ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်သော အတိမ်းအစောင်းမခံသည့် သဘာဝဝန်းကျင်မျှတမှုကို ထိန်းသိမ်းမည့်အစား အခြားမျိုးစိတ်များကို လွန်စွာအန္တရာယ်ဖြစ်စေသည့် လုပ်ဆောင်မှုများကို လုပ်နေကြခြင်းဖြင့် ဆက်၍ဖျက်ဆီးနေကြသည်။ ဝမ်းနည်းစရာမှာ၊ ထိုသို့ပြုလုပ်ခြင်းကြောင့် မျိုးစိတ်အများအပြားနှင့်အတူ အလွန်အဖိုးတန်သော သယံဇာတများ ပျက်စီးဆုံးရှုံးခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်၏ အန္တရာယ်စာရင်းတွင် ဖော်ပြထားသော တိရစ္ဆာန်များထဲမှတစ်မျိုးမှာ ဤတွင်ဖော်ပြထားသော နှုတ်သီးတို လင်းပိုင်ဖြစ်သည်။ မြေထဲပင်လယ်ရှိ ၎င်းတို့၏အရေအတွက်သည် လွန်ခဲ့သောနှစ် ၃၀ မှ ၄၅ နှစ်အတွင်း ၅၀ ရာခိုင်နှုန်းကျော် လျော့ကျသွားခဲ့ရာ ယခုအခါ မျိုးသုဉ်းမည့်အန္တရာယ်ကြုံနေကြရသည်ဟု ယူဆကြသည်။ အိုင်ယူစီအဲန်၏အဆိုအရ “နေရင်းဒေသယိုယွင်းပျက်စီးမှု၊ ငါးအလွန်အကျွံဖမ်းဆီးမှုနှင့်သဘာဝဝန်းကျင် ပြောင်းလဲမှုတို့ စုပေါင်းဖြစ်ပေါ်မှုသည် မြေထဲပင်လယ်ရှိလင်းပိုင်များ အရေအတွက်လျော့နည်းသွားခြင်း” ၏အကြောင်းရင်းများ ဖြစ်သည်။ လူသားများပြုလုပ်သော အဆိပ်ဖြစ်စေသည့် ဓာတုပစ္စည်းများ အလွန်များပြားလာခြင်းက မြေထဲပင်လယ်ရှိ လင်းပိုင်များကို “ကိုယ်ခံအားနည်းစေပြီး မျိုးပွားနိုင်စွမ်းကိုပျက်စီးစေ” ကြောင်းတွေ့ရသည်။

အဆင်အခြင်မဲ့စွာ၊ တစ်ကိုယ်ကောင်းဆန်စွာ ဖျက်ဆီးနေသူတို့ကို ဖန်ဆင်းရှင်သည် အကန့်အသတ်မဲ့ သည်းခံတော်မူလိမ့်မည်မဟုတ်ချေ။ ယင်းအစား ကိုယ်တော်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” မည့် “အချိန်” နီးကပ်လာနေကြောင်း ကျမ်းစာပရောဖက်ပြုချက်များက ညွှန်ပြသည်။ လူသားများသည် “အသက်ရှင်၍မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်း” နှင့် ‘မြေတစ်ပြင်လုံးတွင် အပင်အမျိုးမျိုး’ တို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိသောအခြေအနေကို ယေဟောဝါပြန်လည်တည်ထောင်တော်မူလိမ့်မည်။—ဗျာ. ၁၁:၁၈; ကမ္ဘာဦး ၁:၂၈-၃၀၊ သမ။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

နှုတ်သီးတို လင်းပိုင်များ

[Credit Line]

© Goran Ehlme/SeaPics.com

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

မျက်ခုံးမည်း ပင်လယ်စင်ရော်ငှက်ကြီးများလည်း မျိုးသုဉ်းမည့် အန္တရာယ်ကြုံနေသည့် စာရင်းတွင် ပါဝင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ