ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၀၇ စာ. ၂-၃
  • ချမ်းသာကြွယ်ဝမှု မည်သူ့အတွက်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချမ်းသာကြွယ်ဝမှု မည်သူ့အတွက်နည်း
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၁၃
  • ချမ်းသာကြွယ်ဝသောကမ္ဘာတွင် အဘယ်ကြောင့် ဤမျှဆင်းရဲနွမ်းပါးရ
    နိုးလော့!—၂၀၀၇
  • လူပေါင်းသန်းတစ်ထောင်ကို ကျွေးမွေးရန် ကြိုးစားခြင်း
    နိုးလော့!—၂၀၀၅
  • နွမ်းပါးသည်ထက်နွမ်းပါးလာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၅/၀၇ စာ. ၂-၃

ချမ်းသာကြွယ်ဝမှု မည်သူ့အတွက်နည်း

ချမ်းသာကြွယ်ဝသောကမ္ဘာတွင် ကျွန်ုပ်တို့နေထိုင်ကြသည်။ မယုံနိုင်စရာပင်မဟုတ်ပေလော။ အမှန်တကယ်ပင် အချို့သောနိုင်ငံများသည် သုံးမကုန်ဖြုန်းမကုန်နိုင်လောက်အောင် ချမ်းသာကြွယ်ဝကြ၏။ ၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့ထုတ်ကုန်နှင့် ဝန်ဆောင်မှုတန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၆၀ ထရီလီယံကျော်ခဲ့ကြောင်း ခန့်မှန်းရသည်။ ထိုမျှများပြားလှသည့် ငွေပမာဏကို ကမ္ဘာသူကမ္ဘာသားတို့အား ဝေပေးမည်ဆိုပါက လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၉,၀၀၀ ခန့်ရရှိမည်ဖြစ်သည်။ အဆိုပါကိန်းဂဏန်းမှာ တိုးများနေ၏။

သို့သော် ကမ္ဘာချီချမ်းသာကြွယ်ဝမှုသည် အထင်နှင့်အမြင် တခြားစီဖြစ်၏။ မကြာသေးမီက ယူအဲန်မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခုအရ ကမ္ဘာ့အချမ်းသာဆုံးလူသုံးဦး၏ ချမ်းသာကြွယ်ဝမှုသည် အဆင်းရဲဆုံးနိုင်ငံ ၄၈ နိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုးထက် ပိုများနေသည်။ ထို့ပြင် လူပေါင်း ၂.၅ ဘီလီယံသည် နေ့စဉ် ငွေမဖြစ်စလောက်လေးနှင့် ကြိုးစား၍အသက်ဆက်နေရသည်ဟု ယူအဲန်ဖွံ့ဖြိုးမှုအစီအစဉ်က ဖော်ပြ၏။ သန်းပေါင်းများစွာမှာ အာဟာရချို့တဲ့နေပြီး သောက်ရေသန့် မရရှိကြချေ။

အမေရိကန်နိုင်ငံမှ လူမှုဗေဒပညာရှင်များသည် “မွဲလုနီးနီး” ဖြစ်နေသောအုပ်စုတစ်စုကို အသေအချာ လေ့လာဆန်းစစ်နေကြသည်။ ထိုသို့သောသူတို့သည် ဆင်းရဲမွဲတေဖို့အကြောင်း ပိုများ၏။ အလွန်ချမ်းသာကြွယ်ဝသည့်နိုင်ငံဖြစ်လင့်ကစား လူသန်းပေါင်း ၅၀ ကျော်မှာ ဆင်းရဲမွဲတေနေသည်။

ကမ္ဘာတစ်ဝန်းတွင် အလွန်များပြားလှသော ငွေကြေးပမာဏသည် ဘဏ္ဍာတိုက်များ၊ ဘဏ်စာရင်းများထဲသို့ တဖွဲဖွဲဝင်ရောက်နေသော်လည်း သန်းပေါင်းများစွာသော ဆင်းရဲနွမ်းပါးသူတို့သည် အကြီးအကျယ် စိတ်ဆင်းရဲနေရသည်မှာ အဘယ်ကြောင့်နည်း။ ကမ္ဘာကြီးသည် တိုး၍ချမ်းသာကြွယ်ဝလာနေသော်လည်း လူများစွာတို့သည် အဘယ်ကြောင့် ယင်းမှ အကျိုးခံစားခွင့် မရရှိကြသနည်း။

[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]

ကမ္ဘာ့အချမ်းသာဆုံးလူသုံးဦးသည် အဆင်းရဲဆုံး နိုင်ငံ ၄၈ နိုင်ငံ စုပေါင်းလိုက်သည်ထက် ပို၍ချမ်းသာ

[စာမျက်နှာ ၂၊ ၃ ပါ ရုပ်ပုံ]

ဤအုတ်ဖုတ်စက်ရုံမှ ကလေးအလုပ်သမားများသည် တစ်နေ့လျှင် ဆင့် ၅၀ ခန့်သာရရှိကြ

[Credit Line]

© Fernando Moleres/​Panos Pictures

[Picture Credit Line on page 3]

© Giacomo Pirozzi/​Panos Pictures

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ