ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့သတင်း
ငတ်မွတ်ခေါင်းပါးမှုကို အမြစ်ပြတ်တိုက်ထုတ်ဖို့ဆိုတာ အစားအစာထုတ်လုပ်မှုမှာပဲ မမူတည်ဘူး။ လယ်သမားတွေ လက်ရှိထုတ်လုပ်နေတဲ့နှုန်းဟာ လူဦးရေ ၁၂ ဘီလီယံအတွက်ဖူလုံတယ်လို့ ခန့်မှန်းရတယ်။ အဲဒီအရေအတွက်က ကမ္ဘာပေါ်မှာရှိတဲ့လူဦးရေထက် ၅ ဘီလီယံ ပိုများတယ်။ အဓိကပြဿနာတွေက စီးပွားရေး၊ ဖြန့်ဝေရေးနဲ့ အလေအလွင့်ဖြစ်မှုတွေနဲ့ သက်ဆိုင်နေတယ်။
ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စု
ငွေကိုင်ရတဲ့အလုပ် လုပ်နေသူတွေထဲက လေးပုံတစ်ပုံလောက် (၂၄ ရာခိုင်နှုန်း) ဟာ “အောင်မြင်မှုရဖို့အတွက် ကျင့်ဝတ်၊ ဥပဒေနဲ့မညီတဲ့ အပြုအမူတွေကိုလုပ်ဖို့ လိုအပ်နိုင်တယ်” လို့ ယူမှတ်ထားကြတယ်။ ဆယ့်ခြောက်ရာခိုင်နှုန်းက “ပြစ်ဒဏ်သာမခံရဘူးဆိုရင်” ပြစ်မှုကျူးလွန်မှာပဲလို့ ဝန်ခံကြတယ်။
အာဂျင်တီးနား
အာဂျင်တီးနားမှာ ဆရာ/ဆရာမ ၅ ယောက်မှာ ၃ ယောက်က အလုပ်မှာကြုံရတဲ့ ဖိစီးမှုနဲ့ အကြမ်းဖက်မှုကြောင့် ခွင့်ယူလေ့ရှိတယ်။
တောင်ကိုရီးယား
မကြာခင် တောင်ကိုရီးယားမှာ တစ်ယောက်တည်းသီးသန့်နေတဲ့သူတွေ များလာလိမ့်မယ်။
တရုတ်
၂၀၁၆ ခုနှစ်မှာ စတင်အကျိုးသက်ရောက်မယ့် အစိုးရရဲ့လေထုစံနှုန်းသတ်မှတ်ချက်အသစ်ကို တရုတ်ပြည်မှာရှိတဲ့ မြို့သုံးပုံနှစ်ပုံဟာ ပြည့်မီနိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် သောက်သုံးရေအတွက်အသုံးပြုတဲ့ မြေအောက်ရေအများစုက “မကောင်း ဒါမှမဟုတ် အလွန်မကောင်း” ဆိုပြီး သတ်မှတ်ခံရတယ်။