ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၀၇ စာ. ၄
  • ပြိုင်ဘက်ကင်းသော စာအုပ်တစ်အုပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြိုင်ဘက်ကင်းသော စာအုပ်တစ်အုပ်
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာ့အဖြန့်ဝေရဆုံး စာအုပ်
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • ဂူတင်ဘာ့ဂ်—လောကကို အလှဆင်ခဲ့ပုံ!
    နိုးလော့!—၂၀၀၁
  • သိနားလည်သင့်တဲ့ စာအုပ်တစ်အုပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယနေ့ထက်တိုင် ဆက်တည်ရှိနေတဲ့ ထူးခြားတဲ့စာအုပ်တစ်အုပ်
    နိုးလော့!—၂၀၁၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၁၁/၀၇ စာ. ၄

ပြိုင်ဘက်ကင်းသော စာအုပ်တစ်အုပ်

“သမ္မာကျမ်းစာသည် သမိုင်းတွင် အဖြန့်ဝေရဆုံးစာအုပ် ဖြစ်၏။”—ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း။

လွန်ခဲ့သောနှစ်ပေါင်း ၅၅၀ ကျော်က ဂျာမန်လူမျိုး တီထွင်သူ ယိုဟန်နတ်စ် ဂူတင်ဘာ့ဂ်သည် ခဲစာလုံးအရှင်ဖြင့် ပုံနှိပ်ခြင်းကို အစပြုခဲ့သည်။ ၎င်း၏ပုံနှိပ်စက်မှထွက်ပေါ်လာသော ပထမဆုံး အထင်ကရစာအုပ်မှာ သမ္မာကျမ်းစာပင်ဖြစ်သည်။a ထိုအချိန်မှစ၍ အကြောင်းအရာမျိုးစုံဖြင့် စာအုပ်ဘီလီယံပေါင်းများစွာ ပုံနှိပ်ထုတ်ဝေခဲ့ကြသည်။ သို့သော် ရှိရှိသမျှသောစာအုပ်များတွင် သမ္မာကျမ်းစာသည် အသာလွန်ဆုံးဖြစ်၏။

  • သမ္မာကျမ်းစာကို (တစ်အုပ်လုံးဖြစ်စေ၊ အစိတ်အပိုင်းလိုက်ဖြစ်စေ) အုပ်ရေ ၄.၇ ဘီလီယံကျော် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်ဟု ခန့်မှန်းရ၏။ ယင်းသည် ဒုတိယအဖြန့်ဝေရဆုံးစာအုပ် (Quotations From Chairman Mao) ၏အရေအတွက်ထက် ငါးဆကျော်ပိုများသည်။

  • မကြာသေးမီက တစ်နှစ်အတွင်း၌ပင် သမ္မာကျမ်းစာကို တစ်အုပ်လုံးဖြစ်စေ၊ အစိတ်အပိုင်းလိုက်ဖြစ်စေ အုပ်ရေ သန်း ၅၀ ကျော် ဖြန့်ဝေခဲ့၏။ “သမ္မာကျမ်းစာသည် ယင်းနှစ်တွင်သာမက နှစ်စဉ်ပင် အရောင်းရဆုံးစာအုပ်ဖြစ်၏” ဟု The New Yorker မဂ္ဂဇင်းပါ သတင်းတစ်ပုဒ်ကဆိုသည်။

  • သမ္မာကျမ်းစာကို တစ်အုပ်လုံးဖြစ်စေ၊ အစိတ်အပိုင်းလိုက်ဖြစ်စေ ဘာသာစကားပေါင်း ၂,၄၀၀ ကျော်ဖြင့် ဘာသာပြန်ဆိုခဲ့ပြီ။ မည်သို့ပင်ဖြစ်စေ သမ္မာကျမ်းစာအစိတ်အပိုင်းတချို့ကို လူ့မိသားစု ၉၀ ရာခိုင်နှုန်းကျော် ပြောဆိုကြသည့် ဘာသာစကားဖြင့် ရရှိနိုင်ပါသည်။

  • သမ္မာကျမ်းစာကိုရေးသားသူ ထက်ဝက်ခန့်သည် ၎င်းတို့၏ ကျမ်းစောင်များကို ထင်ပေါ်ကျော်ကြားသော တရုတ်ပညာရှိ ကွန်ဖြူးရှပ်နှင့် ဗုဒ္ဓဘာသာကိုတည်ထောင်ခဲ့သူ သိဒ္ဓတ္ထဂေါတမတို့ မမွေးမီကတည်းက ရေးသားပြီးစီးခဲ့သည်။

  • သမ္မာကျမ်းစာသည် ကမ္ဘာ့အပြောင်မြောက်ဆုံးသော ပန်းချီကားများ၊ တေးဂီတနှင့် စာပေများအပါအဝင် အနုသုခုမပညာအပေါ် အလွန်သြဇာညောင်းခဲ့ပြီ။

  • သမ္မာကျမ်းစာသည် အာဏာပိုင်များ၏ တားမြစ်ပိတ်ပင်မှုများ၊ ဘာသာရေးဆန့်ကျင်သူများ၏ မီးရှို့ဖျက်ဆီးမှုများနှင့် ဝေဖန်ရေးသမားများ၏ တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံခဲ့ပြီ။ သမိုင်းတွင် အခြားမည်သည့်စာအုပ်မျှ ဤမျှကြီးမားသောဆန့်ကျင်မှုနှင့် မကြုံခဲ့ရသကဲ့သို့ ဤမျှတည်တံ့နိုင်စွမ်းလည်း မရှိခဲ့ကြပေ။

အထက်ဖော်ပြပါအချက်အလက်များမှာ အလွန်ထူးခြားသည်မဟုတ်ပေလော။ သမ္မာကျမ်းစာသည် ယုံကြည်စိတ်ချထိုက်ကြောင်း မှတ်သားလောက်သော အသေးစိတ်အချက်အလက်များနှင့် ကိန်းဂဏန်းများကသာ သက်သေထူသည်မဟုတ်ပါ။ နောက်ဆောင်းပါးတွင် သမ္မာကျမ်းစာသည် ယုံကြည်စိတ်ချထိုက်ကြောင်း သန်းပေါင်းများစွာသောသူတို့ လက်ခံရသည့် အကြောင်းရင်းငါးရပ် ကို သုံးသပ်ပါမည်။

a ဂူတင်ဘာ့ဂ်ပုံနှိပ်ခဲ့သည့်သမ္မာကျမ်းစာသည် လက်တင်ဘာသာဖြင့်ဖြစ်ပြီး ၁၄၅၅ ခုနှစ်ခန့်တွင် ပြီးစီးခဲ့၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ