ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၀၉ စာ. ၁၆-၁၇
  • ကျွန်ုပ်တို့အားလုံး မိသားစုတစ်စု ဖြစ်ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့အားလုံး မိသားစုတစ်စု ဖြစ်ကြ
  • နိုးလော့!—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိပ္ပံပညာ ဘာပြောသနည်း
  • သမ္မာကျမ်းစာ ရှုထောင့်
  • လူမျိုးရေးခွဲခြားမှု
    နိုးလော့!—၂၀၁၄
  • လူမျိုးရေး ခွဲခြားမှုအကြောင်း သားသမီးတွေကို ပြောပြခြင်း
    မိသားစုအတွက် အကူအညီ
  • လူမျိုးရေး တန်းတူညီမျှမှု ရဖို့ဆိုတာ အိပ်မက်လောက်ပဲလား​—⁠ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • လူမျိုးတစ်မျိုးက တခြားလူမျိုးထက် ပိုမြင့်မြတ်တယ်လို့ ဘုရားသခင် ရှုမြင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၉
န ၁၁/၀၉ စာ. ၁၆-၁၇

ကျွန်ုပ်တို့အားလုံး မိသားစုတစ်စု ဖြစ်ကြ

သင့်အသားအရောင်နှင့် မတူသော သို့မဟုတ် လူမျိုးစုဝင် မဟုတ်သောလူတို့နှင့်ပတ်သက်၍ သင် မည်သို့ ခံစားရသနည်း။ သူတို့ကို သင်နှင့် တန်းတူဖြစ်သည်ဟု ရှုမြင်သလော။ အချို့သောလူမျိုးကို နိမ့်ကျသူများအဖြစ် လူအများ ရှုမြင်ကြသည်မှာ ဝမ်းနည်းစရာပင်။ စာအုပ်တစ်အုပ်၏ အဆိုအရ “လူမျိုးသည် လူ့စရိုက်လက္ခဏာများနှင့် လုပ်နိုင်စွမ်းများကို အဓိကသတ်မှတ်ပေးသည့်အရာဖြစ်ပြီး လူမျိုးရေးကွဲပြားမှုများကြောင့် လူမျိုးစုတစ်စုကို တစ်စုထက် သာလွန်မြင့်မြတ်သည်ဟု ယုံကြည်ခြင်းသည် လူမျိုးရေးခွဲခြားမှု” ဖြစ်သည်။

ယင်းယုံကြည်ချက်သည် ဆိုးကျိုးများစွာ ဖြစ်စေခဲ့သည်။ သာ၍ကြီးမြတ်သောလူမျိုး ဟူသည့်ခံစားချက်များက “ကိုလိုနီဆက်ဆံခြင်းနှင့် အခြားလူမျိုးအုပ်စုများကို ကျွန်ဖြစ်စေခြင်းအတွက် အကြောင်းပြချက် ဖြစ်စေသည်” ဟုပါမောက္ခ ဝဲန်ရှင်းတိန်းက သူ၏စာအုပ်တစ်အုပ် (Handbook of Cultural Psychiatry) တွင်ရေးခဲ့သည်။ သူ ဤသို့ဆက်ပြော၏– “လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး မညီမျှမှုများကို အကြောင်းပြရန်” လူမျိုးရေးကို အသုံးပြုကြသည်။ ယနေ့အချိန်တွင်ပင် လူမျိုးရေးခွဲခြားမှုသည် ကမ္ဘာ့နေရာဒေသများစွာတွင် ရှိနေသည်။ သို့သော် ယင်းနာကြည်းမှုဖြစ်စေသည့် ယုံကြည်ချက်သည် အမှန်တရားပေါ် အခြေခံသလော။ သိပ္ပံပညာနှင့် သမ္မာကျမ်းစာ ဘာပြောသနည်း။

သိပ္ပံပညာ ဘာပြောသနည်း

မျိုးရိုးဗီဇများဆိုင်ရာ ရှာဖွေလေ့လာမှုများက လူမျိုးခွဲခြားဆက်ဆံမှု အယူအဆသည် မှားကြောင်း အတည်ပြုခဲ့သည်။ ကမ္ဘာ့ဘယ်နေရာမဆိုမှ အလျဉ်းသင့်သလို ရွေးချယ်လိုက်သည့် လူနှစ်ဦး၏ ဒီအင်အေတွင် ၀.၅ ရာခိုင်နှုန်းခန့်သာ ကွဲပြားမှုများရှိကြောင်း ကမ္ဘာ့တိုက်ကြီးအသီးသီးရှိ လူတို့ကို လေ့လာသော သုတေသီများ တွေ့ရှိကြသည်။a ယင်း ၀.၅ ရာခိုင်နှုန်း ကွဲပြားမှုများ၏ ၈၆ မှ ၉၀ ရာခိုင်နှုန်းသည် တူညီသောလူမျိုးအုပ်စုတစ်စုအတွင်းတွင် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ၀.၅ ရာခိုင်နှုန်းကွဲပြားမှု၏ ၁၄ ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်နည်းသော ကွဲပြားမှုသည် ခြားနားသောလူမျိုးအုပ်စုများစပ်ကြားတွင် ဖြစ်ပေါ်ခဲ့သည်။

“လူတို့သည် မျိုးရိုးဗီဇ တစ်ထပ်တည်းကျ” သောကြောင့် “မျိုးရိုးဗီဇသည် လူမျိုးရေးနှင့်ပတ်သက်ပြီး ပိုမိုနားလည်ရန်နှင့် ခွဲခြားဆက်ဆံမှုလျော့နည်းစေရန် ကူညီပေးရာ၌ အရေးပါသောကိရိယာ ဖြစ်နိုင်သလို ဖြစ်လည်းဖြစ်သင့်” ကြောင်း ဂျာနယ်တစ်စောင် (Nature) ကဖော်ပြသည်။

“လူတို့သည် မျိုးရိုးဗီဇ တစ်ထပ်တည်းကျ” သို့မဟုတ် အခြေခံအားဖြင့် အတူတူပင်ဖြစ်ကြ

ထိုအယူအဆသည် အသစ်အဆန်း မဟုတ်ပါ။ ၁၉၅၀ ပြည့်နှစ်အစပိုင်းတွင် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံဆိုင်ရာနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းသည် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ရန် ရည်ရွယ်ချက်ဖြင့် ကြေညာချက်များစွာကို ထုတ်ပြန်ခဲ့သည်။ ကြေညာချက်များကို ရေးသားခဲ့သူတို့မှာ မနုဿဗေဒပညာရှင်များ၊ မျိုးရိုးဗီဇပညာရှင်များနှင့် လူမှုရေးပညာရှင်များ ဖြစ်ကြသည်။ သို့တိုင် လူမျိုးရေးခွဲခြားမှုများ ဆက်ရှိနေဆဲပင်။ အချက်အလက်များ သိရှိထားရုံဖြင့် မလုံလောက်ကြောင်း ထင်ရှားသည်။ ယင်းအချက်အလက်များသည် လူတစ်ဦး၏ စိတ်နှလုံးထဲအထိလည်း ရောက်ရှိရမည်။ ‘မကောင်းသောကြံစည်ခြင်းသည် စိတ်နှလုံးထဲက ထွက်လာ၏’ ဟု ယေရှုခရစ် ပြောခဲ့သည်။—မဿဲ ၁၅:၁၉၊ ၂၀။

သမ္မာကျမ်းစာ ရှုထောင့်

သမ္မာကျမ်းစာသည် စိတ်နှလုံးကို ထိမိရန် ရေးသားထားသည်။ ဥပမာ၊ သမ္မာကျမ်းစာတွင် “[ဘုရားသခင်သည်] လူတစ်ဦးတည်းမှ လူအမျိုးမျိုးကို ဖန်ဆင်းတော်မူ၍ မြေတစ်ပြင်လုံးတွင် နေထိုင်စေတော်မူ၏” ဟူ၍ သိပ္ပံဆိုင်ရာအမှန်တရားကို ဖော်ပြသည့်အပြင် ‘ဘုရားသခင်သည် မျက်နှာလိုက်တော်မမူကြောင်း၊ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏’ ဟုလည်း ဖော်ပြထားသေးသည်။ (တမန်တော် ၁၀:၃၄၊ ၃၅။ ၁၇:၂၆) ထိုသို့သော ဘုရားသခင်သည် သင့်စိတ်နှလုံးကို နွေးထွေးစေသည် မဟုတ်လော။—တရားဟောရာ ၃၂:၄။

ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်နှင့်တူလာအောင် ကြိုးစားခြင်းဖြင့် ကိုယ်တော့်ကိုချစ်ကြောင်း တင်ပြရန် ကိုယ်တော် လိုလားသည်။ ‘ချစ်မြတ်နိုးခံရသော သားသမီးများဖြစ်ကြသည်နှင့်အညီ ဘုရားသခင်ကို တုပကြလော့၊ ချစ်ခြင်းမေတ္တာ၌ လျှောက်လှမ်းနေကြလော့’ ဟု ဧဖက် ၅:၁၊ ၂ တွင် ဖော်ပြထားသည်။ “ချစ်ခြင်းမေတ္တာ၌ လျှောက်လှမ်း” ခြင်းတွင် လူတို့သည် မည်သည့် အသားအရောင် သို့မဟုတ် လူမျိုးပင်ဖြစ်ပါစေ ဘုရားသခင် ချစ်သကဲ့သို့ သူတို့ကို ချစ်ခြင်းပါဝင်သည်။—မာကု ၁၂:၃၁။

ဘုရားသခင်သည် မုန်းတီးမှုနှင့် လူမျိုးရေး စိတ်စွန်းကွက်မှုများ အပါအဝင် စိတ်နှလုံးထဲတွင် မကောင်းမှုများဖြင့် ပြည့်နေသူတို့ကို မိမိကျေးကျွန်များအဖြစ် လက်ခံမည်မဟုတ်ပါ။ (၁ ယောဟန် ၃:၁၅) အမှန်တွင် ကမ္ဘာမြေမှ ဆိုးသွမ်းသူအားလုံးကို ဘုရားသခင် ဖယ်ရှားမည့်အချိန်သည် အလျင်အမြန် ချဉ်းကပ်လျက်ရှိသည်။ ကိုယ်တော့်အရည်အသွေးများကို တုပသူများသာ အသက်ရှင်ကျန်ရစ်မည် ဖြစ်သည်။ ထိုအခါ လူသားမျိုးနွယ်သည် ကာယပိုင်းနှင့် ဝတ်ပြုရေးတွင် အမှန်ပင် မိသားစုတစ်စုသာ ဖြစ်ပါတော့မည်။—ဆာလံ ၃၇:၂၉၊ ၃၄၊ ၃၈။

a လူတို့စပ်ကြား မျိုးရိုးဗီဇအနည်းငယ်သာ ကွဲပြားငြား ဆေးပညာအရ အလွန်အရေးပါနိုင်သည်၊ အကြောင်းမှာ အချို့ရောဂါများသည် မျိုးရိုးဗီဇဆိုင်ရာနှင့် ဆက်နွှယ်နေပုံရသောကြောင့် ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ