ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၂/၀၉ စာ. ၃
  • သဘာဝလောကကြောင့် အံ့သြမိန်းမောရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သဘာဝလောကကြောင့် အံ့သြမိန်းမောရ
  • နိုးလော့!—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရည်ရွယ်ချက်ရှိရှိ ပုံစံပြုထားခြင်းလော၊ အကြောင်းမဲ့ဖြစ်ပျက်ခြင်းလော
    နိုးလော့!—၂၀၀၉
  • စကြဝဠာကနေ ဘာသိရသလဲ
    နိုးလော့!—၂၀၂၁
  • ကျွန်ုပ်တို့၏စကြဝဠာ မည်သို့ဖြစ်ပေါ်လာသနည်း—အငြင်းပွားမှု
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • ဖန်ဆင်းရှင်သည်သင့်ဘဝကို ပို၍အဓိပ္ပာယ်ရှိစေနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၉
န ၁၂/၀၉ စာ. ၃

သဘာဝလောကကြောင့် အံ့သြမိန်းမောရ

သိပ္ပံဆိုင်ရာရှာဖွေလေ့လာမှုကြောင့် စကြဝဠာ၏လုပ်ဆောင်ပုံများကို များစွာသိရှိနားလည်လာခဲ့သည်။ လူတို့သည် အသေးငယ်ဆုံးဒြပ်ဝတ္ထုမှ ကျယ်ပြောလှသောအာကာသဟင်းလင်းပြင်အထိ စကြဝဠာအကြောင်းကို ယခု ပို၍နားလည်လာခဲ့ကြသည်။ သို့ဖြစ်သည့်တိုင် အလွန်အံ့သြမိန်းမောဖွယ်ရာများကို သင်ယူလေ့လာရန် ကျန်ရှိနေပါသေးသည်။

ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာမြေသည် ကြီးမားကျယ်ပြောသောစကြဝဠာ၏ မပြောပလောက်သောအစိတ်အပိုင်းတစ်ခုသာဖြစ်၏။ သို့တိုင် ကျွန်ုပ်တို့၏နေအိမ်ဖြစ်သော ဤကမ္ဘာမြေတွင် လှပသောပန်းကလေး၊ ရင်သပ်ရှုမောဖွယ်မြင်ကွင်းကျယ်၊ ငှက်တစ်ကောင်၏အံ့မခန်းဖွယ်အမွေးအတောင်၊ လိပ်ပြာတစ်ကောင်၏အတောင်ပံများ၊ ရဲရဲတောက်နေဝင်ဆည်းဆာ သို့မဟုတ် ချစ်မြတ်နိုးရသူ၏အပြုံးစသော သဘာဝလောက၏ခက်ခဲနက်နဲပြီး လှပမှုများကြောင့် ကျွန်ုပ်တို့ အံ့သြမိန်းမောကြရသည်။

ပထမအကြောင်းတရားဖြစ်သော ဉာဏ်ကြီးရှင်တစ်ပါးရှိသည်ကိုယုံကြည်ရန် ရူပစကြဝဠာကြီးတွင် လုံလောက်သောအထောက်အထားကို လူများစွာတွေ့ရှိခဲ့ကြသည်။ အသက်ကိုထောက်ပံ့ရန် ရူပနိယာမတရားများကို အနုစိတ်ညှိထားပုံရသည်ဟု ဆိုကြသည်။ စကြဝဠာကို အနည်းငယ်မျှကွဲပြားခြားနားစွာဖွဲ့စည်းစီစဉ်လိုက်ပါက အသက်ရှင်ဖို့မဖြစ်နိုင်တော့ပါ။ သို့တိုင် ကျွန်ုပ်တို့ပတ်လည်တွင် မျိုးကွဲသက်ရှိပေါင်းများစွာရှိနေ၏။

နက္ခတ္တဗေဒပညာရှင် ပေါလ် ဒေးဗီးစ် ဤသို့ရေးသည်– “စကြဝဠာရွေ့လျားပြောင်းလဲနေသောကြောင့် ယင်းကို အသေအချာ အစီအစဉ်တကျဖွဲ့စည်းထားပုံရသည်။ . . . သဘာဝလောကသည် မတော်တဆဖြစ်ရပ်များကြောင့်မဟုတ်ဘဲ အထူးဖန်တီး၍ အချိတ်အဆက်မိသည့် သင်္ချာဆိုင်ရာနိယာမများ၏ သရုပ်သကန်ဖြစ်သည်။” သိပ္ပံပညာရှင်အချို့သည် ဒေးဗီးစ်နှင့် သဘောတူကြသည်။ အခြားသူတို့မူ သဘောမတူကြပါ။

ဥပမာ၊ နိုဘယ်လ်ဆုရှင် ရူပဗေဒပညာရှင် စတီဗင် ဝဲန်းဘာ့ဂ်က ဤသို့ရေးသားခဲ့သည်– “စကြဝဠာအကြောင်း ပို၍သဘောပေါက်လာသည်ဟု ထင်ရလေလေ၊ အဓိပ္ပာယ်မရှိဟု ပို၍ထင်ရလေလေဖြစ်၏။” ထူးဆန်းသည်မှာ ဝဲန်းဘာ့ဂ်ဤသို့လည်းဖော်ပြခဲ့သည်– “တစ်ခါတစ်ရံ သဘာဝလောကသည် လိုအပ်ရာများထက် ပို၍လှပနေပုံရသည်။ . . . ယင်းအလှအပအားလုံးသည် ကျွန်ုပ်တို့အကျိုးအတွက် တစ်နည်းနည်းဖြင့် ပြုလုပ်ထားသည်ဟူသည့်အချက်ကို ငြင်းရက်စရာမရှိနိုင်လောက်အောင်ပါပဲ။”

အနုစိတ်ညှိခြင်းရှိသည်ဆိုပါက ယင်းကို ရည်ရွယ်ချက်ဖြင့်ချိန်ညှိခဲ့သော ပုံစံပြုသူတစ်ဦး၊ ဖန်ဆင်းရှင်တစ်ပါးလည်း ရှိရမည်မဟုတ်ပေလော။ ကျွန်ုပ်တို့၏အသက်နှင့် စကြဝဠာတွင် ရည်ရွယ်ချက်တစ်စုံတစ်ရာရှိသလော။ သို့မဟုတ် လမ်းညွှန်မှုမဲ့ပြီး ဦးတည်ရာမဲ့သော သဘာဝဖြစ်စဉ်၏အကျိုးဆက်ကြောင့်သာ ကျွန်ုပ်တို့ ဤနေရာတွင်ရောက်ရှိနေသလော။ အဘယ်အရာနည်း။ ယင်းမေးခွန်းများကို နောက်ဆောင်းပါးများတွင် ဆွေးနွေးထားသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ