ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၁ အမှတ် ၃ စာ. ၄-၅
  • စကြဝဠာကနေ ဘာသိရသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စကြဝဠာကနေ ဘာသိရသလဲ
  • နိုးလော့!—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏စကြဝဠာ မည်သို့ဖြစ်ပေါ်လာသနည်း—အငြင်းပွားမှု
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • အံ့ဖွယ်ရာများနှင့်ပြည့်နေသော စကြဝဠာ
    နိုးလော့!—၂၀၀၉
  • လှပသာယာသောမြေကမ္ဘာဝယ် ပျော်မွေ့ကြစို့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • တုနှိုင်းမရသော နေအဖွဲ့အစည်းဖြစ်ပေါ်လာပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၁
န၂၁ အမှတ် ၃ စာ. ၄-၅
တောင်ပေါ် ရောက်နေတဲ့ ခြေလျင်တောင်တက်သမားတွေ ဂြိုဟ်တွေ၊ ကြယ်တွေ အတိပြီးတဲ့ ညကောင်းကင်ယံကို ကြည့်နေကြစဉ်။ တစ်ယောက်က အဝေးကြည့် မှန်ပြောင်းနဲ့ ကြည့်နေစဉ်။

စကြဝဠာကနေ ဘာသိရသလဲ

စကြဝဠာဟာ နက္ခတ်တာရာ ပညာရှင်တွေအတွက် အံ့ဩစရာ ဖြစ်နေဆဲပဲ။ အရင်ကထက် ခေတ်မီတဲ့ ကိရိယာတွေနဲ့ စူးစမ်းရှာဖွေတဲ့အခါ ဘာကို တွေ့ရှိခဲ့ကြသလဲ။

စကြဝဠာဟာ စနစ်တကျ ဖွဲ့စည်းတည်ရှိနေတယ်။ “ဂလက်ဆီတွေဟာ လဟာပြင်မှာ ပရမ်းပတာ ပြန့်ကြဲမနေဘဲ စနစ်ကျတဲ့ ကွန်ရက်တစ်ခုလို ဖြန့်ကျက်တည်ရှိနေတယ်” လို့ မဂ္ဂဇင်းတစ်စောင် (Astronomy) မှာ ဖော်ပြထားတယ်။ အဲဒါ ဘယ်လို ဖြစ်နိုင်သလဲ။ အနက်ရောင်ဒြပ်ထု ရှိတယ်လို့ ပညာရှင်တွေ ယုံကြည်ကြတယ်။ အဲဒီအရာက မမြင်ရတဲ့ ငြမ်းပေါ်မှာ ဂလက်ဆီတွေ၊ ဂလက်ဆီ အစုအဝေးတွေ၊ ဂလက်ဆီ အစုအဝေးကြီးတွေ နေရာတကျ တည်ရှိနေဖို့ ချိန်ညှိပံ့ပိုးပေးတဲ့အရာ ဖြစ်တယ်လို့ ဆိုကြတယ်။

စကြဝဠာဟာ ဘာကြောင့် ဒီလောက် စည်းစနစ်တကျ ဖွဲ့စည်းတည်ရှိနေသလဲ။ ဒီလို စည်းစနစ်ကျနမှုက အလိုလို ဖြစ်လာနိုင်ပါ့မလား။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ “၂၀ ရာစုမှာ နာမည်ကြီး နက္ခတ်တာရာ ပညာရှင်တစ်ဦးအဖြစ်” လေးစားခံရသူ၊ ဘုရားသခင်ကို ယုံကြည်သူ အယ်လန် ဆန်ဒေချ် ပြောတာကို သတိပြုပါ။

“ဒီလို စည်းစနစ်ကျနမှုဟာ ပရမ်းပတာ ပေါ်ထွက်လာတာ လုံးဝ မဖြစ်နိုင်ဘူး။ တစ်ခုခုရဲ့ လုပ်ဆောင်မှုကြောင့် ဖွဲ့စည်းတည်ရှိနေတာ ဖြစ်ရမယ်” လို့ သူ ပြောတယ်။

သက်ရှိတွေ ရှင်သန်ဖို့ စကြဝဠာကို အသေအချာ ချိန်ညှိထားတယ်။ အပျော့စားအားလို့ သိပ္ပံပညာရှင်တွေ ခေါ်တာကို စဉ်းစားကြည့်ပါ။ အဲဒီအားက နေကို ပုံမှန် လောင်ကျွမ်းစေတယ်။ အားက ရှိသင့်တာထက် ပျော့ရင် နေဆိုတာ ရှိမှာ မဟုတ်ဘူး။ အားက ရှိသင့်တာထက် ပိုပြင်းရင် နေက လောင်ကျွမ်းပြီး ပျောက်ကွယ်သွားမယ်။

အပျော့စားအားဟာ အသေအချာ ချိန်ညှိထားတဲ့ နိယာမတရားတွေထဲက တစ်ခုသာ ဖြစ်တယ်။ သိပ္ပံ စာရေးဆရာ အနီးလ် အနန်းသာဆွာမိ ဒီလိုဆိုတယ်– “နိယာမတရားတစ်ခုကသာ နည်းနည်းလေး လွဲချော်သွားရင် ကြယ်တွေ၊ ဂြိုဟ်တွေ၊ ဂလက်ဆီတွေ ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ သက်ရှိ ဖြစ်ပေါ်လာဖို့ဆိုတာ ဝေလာဝေးပဲ။”

စကြဝဠာထဲမှာ လူတွေ ရှင်သန်နေထိုင်ဖို့ အသင့်တော်ဆုံး စံအိမ် ရှိတယ်။ ကမ္ဘာမြေမှာ အသင့်တော်ဆုံး ရေထု၊ လေထု ပမာဏ ရှိတယ်။ ကမ္ဘာမြေရဲ့ အနေအထား တစ်သမတ်တည်း ဖြစ်နေဖို့ လဟာ သင့်တော်တဲ့ အရွယ်အစားမှာ ရှိတယ်။ “ဆန်းကြယ်နက်နဲတဲ့ ဘူမိ၊ ဂေဟ၊ ဇီဝစနစ်တွေကြောင့် ကမ္ဘာဂြိုဟ်တစ်ခုတည်းကပဲ လူသားတွေ ရှင်သန်နေထိုင်ဖို့ အသင့်တော်ဆုံး ဖြစ်တယ်”a လို့ (National Geographic) စာစောင်တစ်ခုက ဆိုတယ်။

စာရေးဆရာတစ်ယောက်ရဲ့ အဆိုအရ နေအဖွဲ့အစည်းဟာ နဂါးငွေ့တန်း ဂလက်ဆီထဲက ကြယ်တွေနဲ့ “ခပ်ဝေးဝေးမှာ” တည်ရှိတယ်။ အဲဒီလို သီးခြား ဖြစ်နေလို့ ကမ္ဘာမြေပေါ်မှာ သက်ရှိတွေ ရှင်သန်နိုင်တာ။ တခြားကြယ်တွေနဲ့သာ နီးနီးကပ်ကပ် ရှိနေမယ်၊ နဂါးငွေ့တန်း ဂလက်ဆီရဲ့ အလယ်မှာ ဒါမှမဟုတ် အစွန်မှာသာ တည်ရှိနေမယ်ဆိုရင် ရောင်ခြည်တွေကြောင့် သက်ရှိတွေ ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် ကမ္ဘာဂြိုဟ်ဟာ သက်ရှိတွေ ရှင်သန်ဖို့ “နဂါးငွေ့တန်း ဂလက်ဆီအတွင်း သင့်တော်တဲ့ နေရာမှာ” တည်ရှိတယ်။

စကြဝဠာနဲ့ နိယာမတရားတွေအကြောင်း မိမိ သိရှိခဲ့တဲ့ အချက်အရ ရူပဗေဒ ပညာရှင် ပေါလ် ဒေးဗစ် ဒီလိုဆိုတယ်– “စကြဝဠာမှာ လူဖြစ်လာရတာဟာ တိုက်ဆိုင်မှုကြောင့်၊ မတော်တဆမှုကြောင့် မဟုတ်ဘူးလို့ ကျွန်တော် ယုံတယ်။ . . . ရည်ရွယ်ချက်တစ်ခု ရှိလို့ ဖြစ်ပေါ်တည်ရှိနေတာ။” စကြဝဠာနဲ့ လူကို ဘုရားသခင် ဖန်ဆင်းတယ်လို့ ဒေးဗစ် မပြောပေမဲ့ သင် ဘယ်လို ထင်သလဲ။ စကြဝဠာနဲ့ ကမ္ဘာဂြိုဟ်ဟာ သက်ရှိတွေ ရှင်သန်နေထိုင်ဖို့ ဒီဇိုင်းဆွဲထားပုံရတယ်။ အဲဒီလိုဆိုရင် ဒီဇိုင်းဆွဲထားတာကြောင့် မဖြစ်နိုင်ဘူးလား။

a အဲဒီစာစောင်ရဲ့ ဆောင်းပါးက ကမ္ဘာမြေကြီးနဲ့ လူသားတွေကို ဘုရားသခင် ဖန်ဆင်းတယ်လို့ ထောက်ခံပြောဆိုနေတာ မဟုတ်ပါဘူး။ ကမ္ဘာမြေကြီးက လူတွေ နေဖို့ အသင့်တော်ဆုံးပဲ ဆိုတာကို ဖော်ပြတာ ဖြစ်တယ်။

ဒီအချက်ကို စဉ်းစားကြည့်ပါ–

သတင်းစာနဲ့ မိုးလေဝသ ဌာနတွေဟာ နက္ခတ်တာရာ နိယာမတရားတွေကို အခြေခံပြီး နေနဲ့ လ ထွက်ချိန်၊ ဝင်ချိန်ကို အတိအကျ ခန့်မှန်းနိုင်တယ်။ ဒါဆိုရင် အဲဒီ နက္ခတ်တာရာ နိယာမတရားတွေကို ဘယ်သူ ဖန်ဆင်းသလဲ။

အမျိုးသားတစ်ယောက်က နေဝင်မယ့် အချိန်ကို ဖုန်းထဲကနေ ကြည့်နေစဉ်။
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ