ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၁၀ စာ. ၈
  • အလိုအလျောက် လမ်းကြောင်းပြခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလိုအလျောက် လမ်းကြောင်းပြခြင်း
  • နိုးလော့!—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • သဘာဝ လက်ဦးမှုရထား
    နိုးလော့!—၂၀၁၀
  • သမ္မာကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ
    လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • သိပ္ပံပညာက သင့်ဘဝကို အကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အင်တာနက် မရှိတဲ့ ဒေသတွေအတွက် JW ဂြိုဟ်တုလိုင်း
    အလှူငွေတွေကို အသုံးပြုပုံ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၀
န ၃/၁၀ စာ. ၈

အလိုအလျောက် လမ်းကြောင်းပြခြင်း

ရင်းနှီးကျွမ်းဝင်ခြင်းမရှိသည့် မြို့တစ်မြို့ကိုဖြတ်သွားရာတွင် သွားရမည့်လမ်းကြောင်းကိုရှာတွေ့နိုင်ရန် အလွန်ခက်သည်ကို သင်သိပေမည်။ သို့ဆိုလျှင် လမ်းကြောင်းပြသူတစ်ဦးသည် လမ်းညွှန်အမှတ်အသားများမရှိသည့် သမုဒ္ဒရာကြီးများကိုဖြတ်သန်းရာတွင် သူသွားရမည့်လမ်းကြောင်းကို မည်သို့ရှာတွေ့နိုင်သနည်း။ လမ်းကြောင်းပြသူသည် သူသွားလိုသည့်နေရာ၏ မည်သည့်နေရာတွင်သူရောက်ရှိနေသည်ကိုမသိပါက သံလိုက်အိမ်မြှောင်တစ်ခုကလည်း ဘာမျှအကူအညီဖြစ်စေမည်မဟုတ်ပါ။ ထောင့်ကိုတိုင်းတာသည့်ကိရိယာ (sextant) နှင့် ပင်လယ်ရေကြောင်းသုံးနာရီ (marine chronometer) ပေါ်လာသည့် ၁၇၃၀ ပြည့်လွန်နှစ်များမတိုင်မီအထိ လမ်းကြောင်းပြသူများသည် သူတို့၏တိကျသည့်တည်နေရာကို သတ်မှတ်ခြင်းနှင့် သူတို့၏လမ်းကြောင်းဆွဲခြင်းတို့ကို မြေပုံပေါ်တွင်ရေးမှတ်ခဲ့ကြသည်၊ သို့သော် တည်နေရာကိုတွက်ချက်တိုင်း အချိန်များစွာယူခဲ့ရသည်။

ယနေ့ နိုင်ငံများစွာမှ မော်တော်ကားမောင်းနှင်သူများသည် ဈေးသိပ်မကြီးသောကိရိယာများကို ကမ္ဘာ့တည်နေရာပြစနစ် (GPS) နှင့်ချိတ်ဆက်အသုံးပြုကြသည်။ သင်သွားလိုသည့်လိပ်စာကို ရိုက်သွင်းလိုက်ရုံသာဖြစ်သည်။ ယင်းကိရိယာသည် ဖန်သားပြင်ပေါ်တွင် သင်ရှိနေသည့်နေရာကို အတိအကျဖော်ပြနိုင်သည်။ ယင်းနောက် သင်သွားလိုသည့်နေရာကို ယင်းကိရိယာက လမ်းညွှန်ပေးသည်။ ထိုကိရိယာ မည်သို့လုပ်ဆောင်သနည်း။

ဂြိုဟ်တုဖြင့်လမ်းကြောင်းပြသည့်ကိရိယာများသည် ဂြိုဟ်တုအလုံး ၃၀ ခန့်အပေါ်တွင်မူတည်သည်၊ တစ်လုံးစီသည် ဂြိုဟ်တု၏တည်နေရာနှင့် တစ်စက္ကန့်၏ ဘီလီယံအနည်းငယ်ပုံတစ်ပုံအထိ တိကျသည့်အချိန်ကိုဖော်ပြသည့် အချက်ပြလှိုင်းများကိုထုတ်လွှတ်သည်။ သင့်ကိရိယာသည် အနည်းဆုံးဂြိုဟ်တုသုံးခုထံမှ အချက်ပြလှိုင်းများလက်ခံရရှိသည်နှင့်တစ်ပြိုင်နက် အချက်ပြလှိုင်းသည် ဂြိုဟ်တုမှ သင့်ဖမ်းစက်ဆီသို့ရောက်ရန် အချိန်မည်မျှကြာကြောင်း ယင်းကိရိယာက တိကျစွာတွက်ချက်သည်။ ထိုအချက်အလက်ဖြင့် သင့်တည်နေရာကို ယင်းကိရိယာက ဆုံးဖြတ်နိုင်သည်။ သင်္ချာပညာရပ်၏ခက်ခဲရှုပ်ထွေးမှုကို သင်စဉ်းစားကြည့်နိုင်ပါသည်။ မိုင်ပေါင်းထောင်နှင့်ချီ၍ကွာဝေးပြီး တစ်စက္ကန့်လျှင် မိုင်ပေါင်းများစွာနှုန်းဖြင့် ဦးတည်ချက်ကိုယ်စီသွားနေကြသော ဂြိုဟ်တုသုံးခုနှင့် ကိရိယာ၏အကွာအဝေးကို ယင်းကိရိယာက စက္ကန့်အနည်းငယ်အတွင်းတွက်ချက်သည်။

ပရော်ဖက်ဆာ ဘရက်ဖို့ဒ် ပါကင်ဆင်နှင့် အိုင်ဗင် ဂတ်တင်းတို့သည် ၁၉၆၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ဂျီပီအက်စ် (GPS) ကိုတီထွင်ခဲ့သည်။ စစ်ဘက်ဆိုင်ရာတွင်အသုံးပြုဖို့ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်သူလူထုပါ အသုံးပြုလာနိုင်ခဲ့သည်၊ ၁၉၉၆ ခုနှစ်တွင် အပြည့်အ၀သုံးစွဲနိုင်လာသည်။ ဂျီပီအက်စ် ဖမ်းစက်သည် ကွန်ပျူတာနည်းပညာ၏ အံ့သြဖွယ်ရာတစ်ခုဖြစ်သည်၊ သို့သော် ယင်းသည် ဦးဆုံး အလိုအလျောက်တည်နေရာပြသည့် ကိရိယာတစ်ခုလော။

[Picture Credit Line on page 8]

Globe: Based on NASA photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ